< ဆာလံ 145 >
1 ၁ ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
laudatio David exaltabo te Deus meus rex et benedicam nomini tuo in saeculum et in saeculum saeculi
2 ၂ နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ ကာလအစဉ်အဆက်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
per singulos dies benedicam tibi et laudabo nomen tuum in saeculum et in saeculum saeculi
3 ၃ ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ထောမနာပြုခြင်းကိုအလွန်ခံထိုက်တော်မူ၏။ ကြီးမြတ်တော်မူပုံကိုဆင်ခြင်တိုင်းထွာ၍ မရနိုင်။
magnus Dominus et laudabilis nimis et magnitudinis eius non est finis
4 ၄ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကို လူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
generatio et generatio laudabit opera tua et potentiam tuam pronuntiabunt
5 ၅ သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်ကိုပြောကြားကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော အံ့သြဖွယ်အမှုတော်တို့ကိုစဉ်းစားဆင်ခြင် ပါမည်။
magnificentiam gloriae sanctitatis tuae loquentur et mirabilia tua narrabunt
6 ၆ လူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုကြားပြောကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်လည်းကိုယ်တော်ရှင်၏ ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။
et virtutem terribilium tuorum dicent et magnitudinem tuam narrabunt
7 ၇ သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကို မြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။
memoriam abundantiae suavitatis tuae eructabunt et iustitia tua exultabunt
8 ၈ ထာဝရဘုရားသည်ချစ်တတ်သောသဘော၊ သည်းခံတတ်သောသဘောရှိတော်မူ၍ ခိုင်မြဲသောမေတ္တာတော်နှင့်ကြွယ်ဝတော် မူ၏။
miserator et misericors Dominus patiens et multum misericors
9 ၉ ကိုယ်တော်သည်လူတိုင်းကိုကျေးဇူးပြုတော် မူ၍ မိမိဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့ အား ကရုဏာထားတော်မူ၏။
suavis Dominus universis et miserationes eius super omnia opera eius
10 ၁၀ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသမျှသော သတ္တဝါတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏လူစုတော်သည်ကျေးဇူး တော်ကို ချီးမွမ်းကြပါလိမ့်မည်။
confiteantur tibi Domine omnia opera tua et sancti tui confiteantur tibi
11 ၁၁ သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်အကြောင်းကိုပြောကြား ပါလိမ့်မည်။
gloriam regni tui dicent et potentiam tuam loquentur
12 ၁၂ ဤနည်းအားဖြင့်လူအပေါင်းတို့သည်ကိုယ်တော် ရှင်၏ မဟာအမှုတော်တို့ကိုလည်းကောင်း၊ နိုင်ငံတော်၏ဘုန်းအသရေတော်ကိုလည်း ကောင်း သိရှိကြပါလိမ့်မည်။
ut notam faciant filiis hominum potentiam tuam et gloriam magnificentiae regni tui
13 ၁၃ ကိုယ်တော်ရှင်၏နိုင်ငံတော်သည်နိစ္စထာဝရ တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်လည်းထာဝရဘုရင် ဖြစ်တော်မူပါ၏။ ထာဝရဘုရားသည်မိမိ၏ကတိတော်တို့ကို တည်စေတော်မူ၍ ပြုတော်မူသမျှသောအမှုတို့တွင်မေတ္တာတော်ကို ဖော်ပြတော်မူ၏။
regnum tuum regnum omnium saeculorum et dominatio tua in omni generatione et progenie fidelis Dominus in omnibus verbis suis et sanctus in omnibus operibus suis
14 ၁၄ ကိုယ်တော်သည်ဒုက္ခရောက်သူအပေါင်းကို ကူမတော်မူ၏။ လဲကျနေသူအပေါင်းကိုကူမတော်မူ၏။
adlevat Dominus omnes qui corruunt et erigit omnes elisos
15 ၁၅ သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။
oculi omnium in te sperant et tu das escam illorum in tempore oportuno
16 ၁၆ ကိုယ်တော်သည်သူတို့၏လိုအင်များကို လုံလောက်စွာ ဖြည့်တင်းပေးကာသူတို့ကိုရောင့်ရဲစေတော်မူ၏။
aperis tu manum tuam et imples omne animal benedictione
17 ၁၇ ထာဝရဘုရားသည်ပြုလေသမျှသော အမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။
iustus Dominus in omnibus viis suis et sanctus in omnibus operibus suis
18 ၁၈ ကိုယ်တော်သည်မိမိအားစိတ်ရောကိုယ်ပါ ပတ္ထနာပြုကြသူအပေါင်းတို့၏အနီးတွင် ရှိတော်မူ၏။
prope est Dominus omnibus invocantibus eum omnibus invocantibus eum in veritate
19 ၁၉ ကိုယ်တော်သည်မိမိအား ကြောက်ရွံ့ရိုသေသူအပေါင်းတို့၏လိုအင် များကို ဖြည့်တင်းပေးတော်မူ၏။ သူတို့၏ဟစ်အော်သံကိုကြားတော်မူ၍ သူတို့အားကယ်တော်မူ၏။
voluntatem timentium se faciet et deprecationem eorum exaudiet et salvos faciet eos
20 ၂၀ ကိုယ်တော်သည်မိမိအားချစ်သောသူအပေါင်း တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ သူယုတ်မာအပေါင်းတို့ကိုမူကား သုတ်သင်တော်မူလိမ့်မည်။
custodit Dominus omnes diligentes se et omnes peccatores disperdet
21 ၂၁ ငါသည်ထာဝရဘုရားအားအစဉ်အမြဲ ထောမနာပြုမည်။ သတ္တဝါအပေါင်းတို့သည်ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သည့်နာမတော်အား ကာလ အစဉ်အဆက်ထောမနာပြုကြပါစေ။
laudationem Domini loquetur os meum et benedicat omnis caro nomini sancto eius in saeculum et in saeculum saeculi