< ဆာလံ 145 >

1 ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ကာ​လ​အစဉ် အ​ဆက် ချီး​မွမ်း​ပါ​မည်။
I will extol thee, my God, O King, and I will bless thy name forever and ever.
2 နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​မည်။ ကာ​လ​အ​စဉ်​အ​ဆက်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
Every day I will bless thee, and I will praise thy name forever and ever.
3 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ထော​မ​နာ​ပြု​ခြင်း​ကို​အ​လွန်​ခံ​ထိုက်​တော်​မူ​၏။ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဆင်​ခြင်​တိုင်း​ထွာ​၍ မ​ရ​နိုင်။
Great is Jehovah, and greatly to be praised, and his greatness is unsearchable.
4 ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​ကို လူ​တို့​သည်​သား​စဉ်​မြေး​ဆက်​ထော​မ​နာ​ပြု ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ထုတ်​ဖော်​ကြေ​ညာ ကြ​ပါ​လိမ့်​မည်။
One generation shall laud thy works to another, and shall declare thy mighty acts.
5 သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့် အာ​နု​ဘော်​တော်​ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​တို့​ကို​စဉ်း​စား​ဆင်​ခြင် ပါ​မည်။
I will meditate on the glorious majesty of thine honor, and of thy wondrous works.
6 လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ကြား​ပြော​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​လည်း​ကိုယ်​တော်​ရှင်​၏ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေညာ​ပါ​မည်။
And men shall speak of the might of thy fearful acts, and I will declare thy greatness.
7 သူ​တို့​သည်​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို မြွက်​ဆို​၍​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။
They shall utter the memory of thy great goodness, and shall sing of thy righteousness.
8 ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​တော်​မူ​၍ ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ကြွယ်​ဝ​တော် မူ​၏။
Jehovah is gracious, and merciful, slow to anger, and of great loving kindness.
9 ကိုယ်​တော်​သည်​လူ​တိုင်း​ကို​ကျေး​ဇူး​ပြု​တော် မူ​၍ မိ​မိ​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​သတ္တ​ဝါ​တို့ အား က​ရု​ဏာ​ထား​တော်​မူ​၏။
Jehovah is good to all, and his tender mercies are over all his works.
10 ၁၀ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော သတ္တ​ဝါ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။
All thy works shall give thanks to thee, O Jehovah, and thy sanctified shall bless thee.
11 ၁၁ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့် အာ​နု​ဘော်​တော်​အကြောင်း​ကို​ပြော​ကြား ပါ​လိမ့်​မည်။
They shall speak of the glory of thy kingdom, and talk of thy power,
12 ၁၂ ဤ​နည်း​အား​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​၏ မ​ဟာ​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ နိုင်​ငံ​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​လည်း ကောင်း သိ​ရှိ​ကြ​ပါ​လိမ့်​မည်။
to make known to the sons of men his mighty acts, and the glory of the majesty of his kingdom.
13 ၁၃ ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​နိစ္စ​ထာ​ဝ​ရ တည်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရင် ဖြစ်​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​က​တိ​တော်​တို့​ကို တည်​စေ​တော်​မူ​၍ ပြု​တော်​မူ​သ​မျှ​သော​အ​မှု​တို့​တွင်​မေတ္တာ​တော်​ကို ဖော်​ပြ​တော်​မူ​၏။
Thy kingdom is an everlasting kingdom, and thy dominion is throughout all generations.
14 ၁၄ ကိုယ်​တော်​သည်​ဒုက္ခ​ရောက်​သူ​အ​ပေါင်း​ကို ကူ​မ​တော်​မူ​၏။ လဲ​ကျ​နေ​သူ​အ​ပေါင်း​ကို​ကူ​မ​တော်​မူ​၏။
Jehovah upholds all who fall, and raises up all those who are bowed down.
15 ၁၅ သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ချိန်​တန်​လျှင် ကျွေး​မွေး​တော်​မူ​၏။
The eyes of all wait for thee, and thou give them their food in due season.
16 ၁၆ ကိုယ်​တော်​သည်​သူ​တို့​၏​လို​အင်​များ​ကို လုံ​လောက်​စွာ ဖြည့်​တင်း​ပေး​ကာ​သူ​တို့​ကို​ရောင့်​ရဲ​စေ​တော်​မူ​၏။
Thou open thy hand, and satisfy the desire of every living thing.
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​ဖြောင့်​မတ်​ခြင်း​နှင့်​က​ရု​ဏာ တော်​ကို ဖော်ပြ​တော်​မူ​၏။
Jehovah is righteous in all his ways, and gracious in all his works.
18 ၁၈ ကိုယ်​တော်​သည်​မိ​မိ​အား​စိတ်​ရော​ကိုယ်​ပါ ပတ္ထ​နာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​၏​အ​နီး​တွင် ရှိ​တော်​မူ​၏။
Jehovah is near to all those who call upon him, to all who call upon him in truth.
19 ၁၉ ကိုယ်​တော်​သည်​မိ​မိ​အား ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​၏​လို​အင် များ​ကို ဖြည့်​တင်း​ပေး​တော်​မူ​၏။ သူ​တို့​၏​ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၍ သူ​တို့​အား​ကယ်​တော်​မူ​၏။
He will fulfill the desire of those who fear him. He also will hear their cry and will save them.
20 ၂၀ ကိုယ်​တော်​သည်​မိ​မိ​အား​ချစ်​သော​သူ​အ​ပေါင်း တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သူ​ယုတ်​မာ​အ​ပေါင်း​တို့​ကို​မူ​ကား သုတ်​သင်​တော်​မူ​လိမ့်​မည်။
Jehovah preserves all those who love him, but he will destroy all the wicked.
21 ၂၁ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​မည်။ သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​နာ​မ​တော်​အား ကာ​လ အ​စဉ်​အ​ဆက်​ထော​မ​နာ​ပြု​ကြ​ပါ​စေ။
My mouth shall speak the praise of Jehovah. And let all flesh bless his holy name forever and ever.

< ဆာလံ 145 >