< ဆာလံ 144 >

1 ငါ့​ကျောက်​တောင်​ဖြစ်​တော်​မူ​သော​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​ကို​တိုက်​ပွဲ​ဝင်​ရန်​အ​တွက် လေ့​ကျင့်​ပေး​တော်​မူ​၏။ စစ်​ဆင်​မှု​ကို​သွန်​သင်​ပေး​တော်​မူ​၏။
(다윗의 시) 나의 반석 여호와를 찬송하리로다 저가 내 손을 가르쳐 싸우게 하시며 손가락을 가르쳐 치게 하시도다
2 ကိုယ်​တော်​သည်​ငါ့​ကို​ကွယ်​ကာ​ရာ​ငါ့​ခံ​တပ်၊ ငါ့​ရဲ​တိုက်၊ငါ​၏​ကယ်​တင်​ရှင်၊ငါ​ကိုး​စား​ရာ ဒိုင်း​လွှား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏ လက်​အောက်​သို့​ရောက်​စေ​တော်​မူ​၏။
여호와는 나의 인자시요, 나의 요새시요, 나의 산성이시요, 나를 건지는 자시요, 나의 방패시요, 나의 피난처시요, 내 백성을 내게 복종케 하시는 자시로다
3 အို ထာ​ဝ​ရ​ဘု​ရား၊ လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​ကို​ပ​မာ​ဏ ပြု​တော်​မူ​ရ​ပါ​သ​နည်း။ သာ​မန်​လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​ကို​ဂ​ရု​ပြု​တော်​မူ ရ​ပါ​သ​နည်း။
여호와여, 사람이 무엇이관대 주께서 저를 알아주시며 인생이 무엇이관대 주께서 저를 생각하시나이까
4 လူ​သည်​ထွက်​သက်​ဝင်​သက်​လေ​နှင့်​တူ​ပါ​၏။ သူ​၏​အ​သက်​တာ​သည်​လွန်​သွား​တတ်​သော အ​ရိပ်​နှင့်​တူ​ပါ​၏။
사람은 헛것 같고 그의 날은 지나가는 그림자 같으니이다
5 အို ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​ကို​ကွေး​ညွှတ်​စေ​၍​ဆင်း​သက် ကြွ​လာ​တော်​မူ​ပါ။ တောင်​ရိုး​များ​ကို​တို့​ထိ​တော်​မူ​ပါ။ ယင်း​တို့​မှ​မီး​ခိုး​ထွက်​ပါ​လိမ့်​မည်။
여호와여, 주의 하늘을 드리우고 강림하시며 산들에 접촉하사 연기가 발하게 하소서
6 လျှပ်​စစ်​ပြက်​တော်​မူ​၍​ကိုယ်​တော်​၏​ရန်​သူ တို့​ကို က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လေး​တော်​တို့​ကို​ပစ်​တော်​မူ​၍ သူ​တို့​အား​ထွက်​ပြေး​စေ​တော်​မူ​ပါ။
번개를 번득이사 대적을 흩으시며 주의 살을 발하사 저희를 파하소서
7 အ​ထက်​ဘုံ​မှ​လက်​တော်​ကို​ဆန့်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​ရေ​နက်​ရာ​မှ​ဆွဲ​တင် ကယ်​ဆယ်​တော်​မူ​ပါ။ တိုင်း​တစ်​ပါး​သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ။
위에서부터 주의 손을 펴사 나를 큰 물과 이방인의 손에서 구하여 건지소서
8 ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စကား​ကို မ​ပြော​တတ်​ကြ​ပါ။ ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။
저희 입은 궤사를 말하며 그 오른손은 거짓의 오른손이니이다
9 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​သီ​ချင်း​သစ်​ကို​ဆို​၍ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။ စောင်း​ကို​တီး​၍​သီ​ချင်း​ဆို​ကာ​ဂုဏ်​တော်​ကို ချီး​မွမ်း​ပါ​မည်။
하나님이여, 내가 주께 새 노래로 노래하며 열줄 비파로 주를 찬양하리이다
10 ၁၀ ကိုယ်​တော်​ရှင်​သည်​ဘု​ရင်​တို့​အား​စစ်​ပွဲ​အောင်​ခွင့်​ကို ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ကယ်​ဆယ်​တော်​မူ​ပါ​၏။
주는 왕들에게 구원을 베푸시는 자시요 종 다윗을 그 해하는 칼에서 구하시는 자시니이다
11 ၁၁ ရက်​စက်​ကြမ်း​ကြုတ်​သော​ရန်​သူ​များ​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ တိုင်း​တစ်​ပါး​သား​တို့​၏​လက်​မှ​ကယ်​ဆယ်​တော် မူ​ပါ။ ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စ​ကား​ကို​မ​ပြော​တတ်​ကြ​ပါ။ ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။
이방인의 손에서 나를 구하여 건지소서 저희 입은 궤사를 말하며 그 오른손은 거짓의 오른손이니이다
12 ၁၂ ကျွန်​တော်​မျိုး​တို့​၏​သား​များ​သည်​အ​သက် ပျို​ရွယ်​ချိန်​၌​သန်​မာ​ကြီး​ထွား​လာ​သော အ​ပင်​ငယ်​များ​ကဲ့​သို့​ဖြစ်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​သ​မီး​များ​သည်​နန်း​တော် ထောင့်​များ​တွင်​အ​လှ​စိုက်​ထူ​ထား​သော ခန့်​ညား​သည့်​ကျောက်​တိုင်​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။
우리 아들들은 어리다가 장성한 나무 같으며 우리 딸들은 궁전의 식양대로 아름답게 다듬은 모퉁이 돌과 같으며
13 ၁၃ ကျွန်​တော်​မျိုး​တို့​၏​ကျီ​များ​သည်​အ​သီး​အ​နှံ အ​မျိုး​မျိုး​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​စေ​သော။ ကွင်း​ပြင်​များ​ရှိ​သိုး​များ​သည်​ထောင်​ပေါင်း များ​စွာ​သော​သိုး​ငယ်​တို့​ကို​မွေး​ဖွား​ကြ ပါ​စေ​သော။
우리의 곳간에는 백곡이 가득하며 우리의 양은 들에서 천천과 만만으로 번성하며
14 ၁၄ ကျွန်​တော်​မျိုး​တို့​၏​နွား​များ​သည်​လည်း​ဇီး​မ​လျှော၊ မ​သေ​မ​ပျောက်​ဘဲ​များ​စွာ​တိုး​ပွား​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​လမ်း​များ​သည် ဒုက္ခ​ရောက်​သူ​တို့​၏​အော်​ဟစ်​ညည်း​တွား​သံ​များ​နှင့် ကင်း​ဝေး​ပါ​စေ​သော။
우리 수소는 무겁게 실었으며 또 우리를 침로하는 일이나 우리가 나아가 막는 일이 없으며 우리 거리에는 슬피 부르짖음이 없을진대
15 ၁၅ ဤ​သို့​သော​အ​ခြေ​အ​နေ​၌​ရှိ​သည့်​နိုင်​ငံ​သည် မင်္ဂလာ​ရှိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ဘု​ရား​အ​ဖြစ်​ကိုး​ကွယ်​သော လူ​မျိုး​သည်​မင်္ဂလာ​ရှိ​ပါ​၏။
이러한 백성은 복이 있나니 여호와를 자기 하나님으로 삼는 백성은 복이 있도다

< ဆာလံ 144 >