< ဆာလံ 143 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူပါ။ ဖြောင့်မတ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး အသနားခံသည်ကိုနားထောင်တော်မူပါ။ သစ္စာစောင့်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုး၏ပန်ကြားလျှောက်ထားသည်ကို နားညောင်းတော်မူပါ။
Ko e Saame ʻa Tevita. ʻE Sihova, fanongo ki heʻeku lotu, fakafanongo ki heʻeku ngaahi lotu tāumaʻu: pea ʻi hoʻo moʻoni mo hoʻo māʻoniʻoni, ke ke talia au.
2 ၂ ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးနှင့် တရားဆိုင်တော်မမူပါနှင့်။ ရှေ့တော်တွင်အပြစ်ကင်းသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
Pea ʻoua naʻa ke fakamaauʻi hoʻo tamaioʻeiki: koeʻuhi ʻe ʻikai tonuhia ʻi ho ʻao ha tangata moʻui ʻe tokotaha.
3 ၃ ရန်သူသည်ကျွန်တော်မျိုးအားလိုက်လံ၍မီပါပြီ။ ကျွန်တော်မျိုးအားလုံးဝအရေးရှုံးနိမ့်စေပါပြီ။ သူသည်ကျွန်တော်မျိုးကိုမှောင်သောအရပ်တွင် ချုပ်နှောင်ထားပြီဖြစ်၍ ကျွန်တော်မျိုးသည်ရှေးလွန်လေပြီးသော အခါက သေလွန်ခဲ့သူကဲ့သို့ဖြစ်ပါ၏။
He kuo fakatanga hoku laumālie ʻe he fili; kuo ne taaʻi hifo ʻeku moʻui ki he kelekele; kuo ne pule ke u nofo ʻi he poʻuli, ʻo hangē ko kinautolu kuo fuoloa ʻenau mate.
4 ၄ သို့ဖြစ်၍ကျွန်တော်မျိုးသည်လက်လျှော့၍ အရှုံးပေးရန်အသင့်ရှိပါပြီ။ အလွန်စိတ်ပျက်အားလျော့လျက်နေပါ၏။
Ko ia kuo taʻomia ai ʻa hoku laumālie; kuo lala hoku loto ʻiate au.
5 ၅ ကျွန်တော်မျိုးသည်ကုန်လွန်ခဲ့သည့်နေ့ရက်တို့ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်ရှင်ပြုတော်မူခဲ့သောအမှုအရာ ရှိသမျှတို့ကိုဆင်ခြင်ပါ၏။ ကိုယ်တော်ရှင်၏လက်ရာတော်တို့ကိုစဉ်းစားပါ၏။
ʻOku ou manatu ki he ngaahi ʻaho ʻi muʻa; ʻoku ou fakalaulauloto ki hoʻo ngāue kotoa pē; ʻoku ou fifili ki he ngāue ʻa ho nima.
6 ၆ ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။
ʻOku ou mafao atu hoku nima kiate koe: ʻoku holi ʻa hoku laumālie kiate koe, ʻo hangē ko e fonua fieinua. (Sila)
7 ၇ အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
ʻE Sihova, ʻafio vave kiate au: kuo vaivai ʻa hoku laumālie: ʻoua naʻa fufū ho fofonga ʻiate au, telia naʻaku tatau mo kinautolu ʻoku nau ʻalu hifo ki he luo.
8 ၈ နံနက်ချိန်တိုင်း၌ကျွန်တော်မျိုးအား ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို သတိရစေတော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ ကျွန်တော်မျိုးလျှောက်သင့်သည့်လမ်းကို ပြညွှန်တော်မူပါ။
Ke ke fakatokangaʻi au ke u fanongo ki hoʻo ʻaloʻofa ʻi he pongipongi; he ʻoku ou falala kiate koe: fakaʻilo mai kiate au ʻae hala ʻaia ʻoku totonu ke u ʻalu ai; he ʻoku ou hiki hake hoku laumālie kiate koe.
9 ၉ အို ထာဝရဘုရား၊ ကိုယ်တော်ကိုခိုလှုံရန်ကျွန်တော်မျိုးသည် အထံတော်သို့ချဉ်းကပ်ပါ၏။ ကျွန်တော်မျိုးအားရန်သူများ၏လက်မှ ကယ်တော်မူပါ။
Fakamoʻui au, ʻE Sihova, mei hoku ngaahi fili: ʻoku ou hola kiate koe ke fakafufū au,
10 ၁၀ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အလိုတော်အတိုင်းဆောင်ရွက်ရန် ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးအားကျေးဇူးပြုတော်မူ၍ ဘေးမဲ့လုံခြုံရာလမ်းကိုညွှန်ပြတော်မူပါ။
Akonakiʻi au ke u fai ki ho finangalo; he ko koe ko hoku ʻOtua; tuku ke tataki au ʻe ho Laumālie lelei, ki he fonua ʻoe angatonu.
11 ၁၁ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။ ကောင်းမြတ်တော်မူသည်နှင့်အညီကျွန်တော် မျိုးအား ဆင်းရဲဒုက္ခများမှကယ်တော်မူပါ။
ʻE Sihova, fakamoʻui au koeʻuhi ko ho huafa: koeʻuhi ko hoʻo māʻoniʻoni ke ke ʻomi hoku laumālie mei he mamahi.
12 ၁၂ ကျွန်တော်မျိုးအပေါ်၌ထားရှိသောမေတ္တာ တော်ကို ထောက်၍ရန်သူများအားကွပ်မျက်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်သဖြင့် ကျွန်တော်မျိုးကိုဖိနှိပ်ညှဉ်းဆဲသူအပေါင်း တို့ကို သုတ်သင်တော်မူပါ။
Pea ʻi hoʻo ʻaloʻofa ke ke motuhi hoku ngaahi fili, mo fakaʻauha ʻakinautolu ʻoku nau fakamamahi ki hoku laumālie: he ko hoʻo tamaioʻeiki au.