< ဆာလံ 142 >
1 ၁ ကူမတော်မူရန်ငါသည်ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကိုယ်တော်၏ထံတော်တွင်အသနားခံပါ၏။
συνέσεως τῷ Δαυιδ ἐν τῷ εἶναι αὐτὸν ἐν τῷ σπηλαίῳ προσευχή φωνῇ μου πρὸς κύριον ἐκέκραξα φωνῇ μου πρὸς κύριον ἐδεήθην
2 ၂ ငါသည်မိမိအခက်အခဲရှိသမျှကို ကိုယ်တော်အားဖော်ပြပါ၏။ ဒုက္ခရှိသမျှကိုကိုယ်တော်အားလျှောက်ထား ပါ၏။
ἐκχεῶ ἐναντίον αὐτοῦ τὴν δέησίν μου τὴν θλῖψίν μου ἐνώπιον αὐτοῦ ἀπαγγελῶ
3 ၃ ငါသည်လက်လျှော့စိတ်ပျက်သောအခါ၌ ငါသွားရာလမ်းကိုကိုယ်တော်သိတော်မူပါ၏။ ငါလျှောက်ရာလမ်းတွင်ရန်သူတို့သည်ငါ၏ အတွက် ထောင်ချောက်ကိုထောင်ထားကြ၏။
ἐν τῷ ἐκλείπειν ἐξ ἐμοῦ τὸ πνεῦμά μου καὶ σὺ ἔγνως τὰς τρίβους μου ἐν ὁδῷ ταύτῃ ᾗ ἐπορευόμην ἔκρυψαν παγίδα μοι
4 ၄ ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
κατενόουν εἰς τὰ δεξιὰ καὶ ἐπέβλεπον ὅτι οὐκ ἦν ὁ ἐπιγινώσκων με ἀπώλετο φυγὴ ἀπ’ ἐμοῦ καὶ οὐκ ἔστιν ὁ ἐκζητῶν τὴν ψυχήν μου
5 ၅ အို ထာဝရဘုရား၊ ကူမတော်မူရန်ကျွန်တော်မျိုးသည် အထံတော်သို့ဟစ်အော်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ ဤဘဝတွင်ကိုယ်တော်ရှင်တစ်ပါးတည်းသာ လျှင် ကျွန်တော်မျိုးတောင့်တပါ၏။
ἐκέκραξα πρὸς σέ κύριε εἶπα σὺ εἶ ἡ ἐλπίς μου μερίς μου ἐν γῇ ζώντων
6 ၆ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးသည်အလွန်စိတ်ပျက် အားလျော့လျက်ရှိပါ၏။ ကျွန်တော်မျိုးထက်များစွာခွန်အားကြီးမား သော ရန်သူများ၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။
πρόσχες πρὸς τὴν δέησίν μου ὅτι ἐταπεινώθην σφόδρα ῥῦσαί με ἐκ τῶν καταδιωκόντων με ὅτι ἐκραταιώθησαν ὑπὲρ ἐμέ
7 ၇ ကျွန်တော်မျိုးအားဆင်းရဲဒုက္ခထဲမှလွတ်မြောက် စေတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ယင်းသို့ကျေးဇူးပြုတော်မူသောကြောင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်အလယ်တွင် ကိုယ်တော်ရှင်အားထောမနာပြုပါမည်။
ἐξάγαγε ἐκ φυλακῆς τὴν ψυχήν μου τοῦ ἐξομολογήσασθαι τῷ ὀνόματί σου κύριε ἐμὲ ὑπομενοῦσιν δίκαιοι ἕως οὗ ἀνταποδῷς μοι