< ဆာလံ 141 >
1 ၁ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်ပါ၏။ ယခုပင်ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ နားထောင်တော်မူပါ။
Jehová, a ti he llamado, apresúrate a mí: escucha mi voz, cuando te llamare.
2 ၂ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုမီးရှို့ ပူဇော်ရာ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ ကျွန်တော်မျိုးလက်အုပ်ချီခြင်းကိုညဥ့်ဦး ပူဇော်ရာ ယဇ်ကဲ့သို့လည်းကောင်းလက်ခံတော်မူပါ။
Sea enderezada mi oración delante de ti como un perfume: el don de mis manos como un presente de la tarde.
3 ၃ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ခံတွင်းအတွက် အစောင့်အကြပ်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏နှုတ်ဝတွင်ကင်းစောင့် ကိုလည်းကောင်းထားရှိတော်မူပါ။
Pon, o! Jehová, guarda a mi boca: guarda la puerta de mis labios.
4 ၄ မကောင်းမှုကိုသော်လည်းကောင်း၊ ဆိုးညစ်သူတို့နှင့်အတူ ယုတ်မာမှုများကိုသော်လည်းကောင်း ပြုကျင့်လိုသောစိတ်ဆန္ဒနှင့်ကျွန်တော်မျိုးအား ကင်းဝေးစေတော်မူပါ။ ကျွန်တော်မျိုးသည်ထိုသူတို့၏စားသောက်ပွဲ များကို အစဉ်အမြဲရှောင်ရှားနိုင်ပါစေသော။
No inclines mi corazón a cosa mala: a hacer obras con impiedad con los varones que obran iniquidad; y no coma yo de sus delicias.
5 ၅ သူတော်ကောင်းသည်ကျွန်တော်မျိုးအား သနားကြင်နာစွာဒဏ်ပေးခြင်းပြောဆို ဆုံးမခြင်းကိုပြုပေလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့၏ချီးမြှင့်ဂုဏ်ပြု ခြင်းကို ခံယူလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့အပြစ် ဒုစရိုက်နှင့်ပတ်သက်၍ ကျွန်တော်မျိုးအစဉ်ပတ္ထနာပြုလျက်နေသော ကြောင့် ဖြစ်ပါ၏။
Hiérame el justo con misericordia, y repréndame; y aceite de cabeza no unte mi cabeza: porque aun también mi oración será contra sus males.
6 ၆ သူတို့ကိုအစိုးရသောမင်းတို့သည် ချောက်ကမ်းပါးပေါ်မှပစ်ချခြင်းကို ခံရကြသောအခါ လူတို့သည်ကျွန်တော်မျိုး၏စကားများ မှန်ကန်ကြောင်းကိုဝန်ခံကြပါလိမ့်မည်။
Sean derribados en lugares peñascosos sus jueces; y oigan mis palabras que son suaves.
7 ၇ ထိုမင်းတို့၏အရိုးများသည်အစိတ်စိတ် အမြွှာမြွှာ ခွဲစိတ်ဖြတ်တောက်ခြင်းခံရသောထင်းကဲ့သို့ သင်္ချိုင်းတွင်းဝ၌ပြန့်ကြဲ၍နေလိမ့်မည်။ (Sheol )
Como quien parte e hiende leños en tierra, son esparcidos nuestros huesos a la boca de la sepultura: (Sheol )
8 ၈ သို့ရာတွင် အို ဘုရားရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားမြဲကိုးစားပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံပါ၏။ ကျွန်တော်မျိုး၏အသက်ကိုကွယ်ကာတော်မူပါ။
Por tanto a ti, o! Jehová, Señor, miran mis ojos, en ti he confiado: no tengas en poco a mi alma.
9 ၉ ကျွန်တော်မျိုးအတွက်ထိုသူတို့ထောင်ထားသော ထောင်ချောက်မှလည်းကောင်း၊ မကောင်းမှုပြုသူတို့၏ကျော့ကွင်းမှလည်းကောင်း ကွယ်ကာတော်မူပါ။
Guárdame de las manos del lazo que me han tendido; y de los lazos de los que obran iniquidad.
10 ၁၀ ကျွန်တော်မျိုးသည်ဘေးမဲ့လုံခြုံစွာထောင်ချောက်ကို ကျော်သွားနိုင်ပါစေသော။ သူယုတ်မာတို့မူကားမိမိတို့ထောင်ထားသော ထောင်ချောက်ထဲသို့ကျကြပါစေသော။
Caigan los impíos a una en sus redes, mientras yo pasaré para siempre.