< ဆာလံ 141 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​ပါ​၏။ ယ​ခု​ပင်​ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ နား​ထောင်​တော်​မူ​ပါ။
A Psalme of David. O Lord, I call vpon thee: haste thee vnto me: heare my voyce, when I cry vnto thee.
2 ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​မီး​ရှို့ ပူ​ဇော်​ရာ နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​လက်​အုပ်​ချီ​ခြင်း​ကို​ညဥ့်​ဦး ပူ​ဇော်​ရာ ယဇ်​ကဲ့​သို့​လည်း​ကောင်း​လက်​ခံ​တော်​မူ​ပါ။
Let my prayer be directed in thy sight as incense, and the lifting vp of mine hands as an euening sacrifice.
3 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ခံ​တွင်း​အ​တွက် အ​စောင့်​အ​ကြပ်​ကို​လည်းကောင်း၊ ကျွန်​တော်​မျိုး​၏​နှုတ်​ဝ​တွင်​ကင်း​စောင့် ကို​လည်း​ကောင်း​ထား​ရှိ​တော်​မူ​ပါ။
Set a watch, O Lord, before my mouth, and keepe the doore of my lips.
4 မ​ကောင်း​မှု​ကို​သော်​လည်း​ကောင်း၊ ဆိုး​ညစ်​သူ​တို့​နှင့်​အ​တူ ယုတ်​မာ​မှု​များ​ကို​သော်​လည်း​ကောင်း ပြု​ကျင့်​လို​သော​စိတ်​ဆန္ဒ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​ဝေး​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ထို​သူ​တို့​၏​စား​သောက်​ပွဲ များ​ကို အ​စဉ်​အ​မြဲ​ရှောင်​ရှား​နိုင်​ပါ​စေ​သော။
Incline not mine heart to euill, that I should commit wicked workes with men that worke iniquitie: and let me not eate of their delicates.
5 သူ​တော်​ကောင်း​သည်​ကျွန်​တော်​မျိုး​အား သ​နား​ကြင်​နာ​စွာ​ဒဏ်​ပေး​ခြင်း​ပြော​ဆို ဆုံး​မ​ခြင်း​ကို​ပြု​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​ချီး​မြှင့်​ဂုဏ်​ပြု ခြင်း​ကို ခံ​ယူ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​အ​ပြစ် ဒု​စ​ရိုက်​နှင့်​ပတ်​သက်​၍ ကျွန်​တော်​မျိုး​အ​စဉ်​ပတ္ထနာ​ပြု​လျက်​နေ​သော ကြောင့် ဖြစ်​ပါ​၏။
Let the righteous smite me: for that is a benefite: and let him reprooue me, and it shalbe a precious oyle, that shall not breake mine head: for within a while I shall euen pray in their miseries.
6 သူ​တို့​ကို​အ​စိုး​ရ​သော​မင်း​တို့​သည် ချောက်​ကမ်း​ပါး​ပေါ်​မှ​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​သော​အ​ခါ လူ​တို့​သည်​ကျွန်​တော်​မျိုး​၏​စ​ကား​များ မှန်​ကန်​ကြောင်း​ကို​ဝန်​ခံ​ကြ​ပါ​လိမ့်​မည်။
When their iudges shall be cast downe in stonie places, they shall heare my wordes, for they are sweete.
7 ထို​မင်း​တို့​၏​အ​ရိုး​များ​သည်​အ​စိတ်​စိတ် အ​မြွှာ​မြွှာ ခွဲ​စိတ်​ဖြတ်​တောက်​ခြင်း​ခံ​ရ​သော​ထင်း​ကဲ့​သို့ သင်္ချိုင်း​တွင်း​ဝ​၌​ပြန့်​ကြဲ​၍​နေ​လိမ့်​မည်။ (Sheol h7585)
Our bones lye scattered at the graues mouth, as he that heweth wood or diggeth in the earth. (Sheol h7585)
8 သို့​ရာ​တွင် အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​မြဲ​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကွယ်​ကာ​တော်​မူ​ပါ။
But mine eyes looke vnto thee, O Lord God: in thee is my trust: leaue not my soule destitute.
9 ကျွန်​တော်​မျိုး​အ​တွက်​ထို​သူ​တို့​ထောင်​ထား​သော ထောင်​ချောက်​မှ​လည်းကောင်း၊ မ​ကောင်း​မှု​ပြု​သူ​တို့​၏​ကျော့​ကွင်း​မှ​လည်း​ကောင်း ကွယ်​ကာ​တော်​မူ​ပါ။
Keepe me from the snare, which they haue layde for me, and from the grennes of the workers of iniquitie.
10 ၁၀ ကျွန်​တော်​မျိုး​သည်​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထောင်​ချောက်​ကို ကျော်​သွား​နိုင်​ပါ​စေ​သော။ သူ​ယုတ်​မာ​တို့​မူ​ကား​မိ​မိ​တို့​ထောင်​ထား​သော ထောင်​ချောက်​ထဲ​သို့​ကျ​ကြ​ပါ​စေ​သော။
Let the wicked fall into his nettes together, whiles I escape.

< ဆာလံ 141 >