< ဆာလံ 140 >
1 ၁ အို ထာဝရဘုရား၊ ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။
“To the chief musician, a psalm of David.” Deliver me, O Lord, from an evil man; from a man of violence do thou keep me;
2 ၂ သူတို့သည်အစဉ်ပင်မကောင်းမှုပြုရန် ကြံစည်လျက်အစဉ်ပင်ခိုက်ရန်ဖြစ်ပွား စေရန် လှုံ့ဆော်ပေးကြပါ၏။
Who think over evil [resolves] in their heart, [who] every day are gathered together for war.
3 ၃ သူတို့၏လျှာသည်အဆိပ်ပြင်းသောမြွေနှင့်တူ၍ သူတို့၏စကားသည်မြွေဟောက်၏ အဆိပ်နှင့်တူပါ၏။
They have sharpened their tongues like a serpent: the poison of the adder is under their lips. (Selah)
4 ၄ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသူယုတ်မာတို့၏ဘေးမှ ကွယ်ကာစောင့်ထိန်းတော်မူပါ။ ကျွန်တော်မျိုးပြိုလဲပျက်စီးစေရန်ကြံစည်သူ အကြမ်းဖက်သမားတို့၏ဘေးမှလုံခြုံစွာ ထားတော်မူပါ။
Preserve me, O Lord, from the hands of the wicked, from the man of violence do thou keep me, who think of overthrowing my steps.
5 ၅ မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
The proud have hidden a snare for me, and cords; they have spread a net by the side of [my] track; traps have they set for me. (Selah)
6 ၆ ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၏'' ဟုထာဝရဘုရားအား လျှောက်ထား၏။ အို ထာဝရဘုရား ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ၏။
I have said unto the Lord, Thou art my God: give ear, O Lord, to the voice of my supplications.
7 ၇ အို ဘုရားရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး၏စွမ်းအားကြီးသောကယ်တင်ရှင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲတွင် ကွယ်ကာစောင့်ထိန်းတော်မူပါပြီ။
O thou Eternal Lord, the strength of my salvation, thou hast covered my head on the day of battle.
8 ၈ အို ထာဝရဘုရား၊ သူယုတ်မာ၏အလိုဆန္ဒကို ပြည့်စုံစေတော်မမူပါနှင့်။ သူတို့၏ဆိုးယုတ်သောအကြံအစည်များကို အောင်မြင်ခွင့်ပေးတော်မမူပါနှင့်။
Grant not, O Lord, the longings of the wicked; suffer not his wicked device to succeed: lest they exalt themselves. (Selah)
9 ၉ ကျွန်တော်မျိုး၏ရန်သူများအားအောင်ပွဲခံခွင့် ပေးတော်မမူပါနှင့်။ ကျွန်တော်မျိုးအားခြိမ်းခြောက်ပြောဆိုသမျှ တို့ကို သူတို့ခံကြရပါစေသော။
[As for] the heads of those that encompass me about, let the mischief of their own lips cover them.
10 ၁၀ မီးကျီးခဲများသည်သူတို့၏ဦးခေါင်းပေါ်သို့ ကျကြပါစေသော။ သူတို့သည်တွင်းထဲသို့ကျပြီးလျှင် အဘယ်အခါ၌မျှပြန်၍မတက်နိုင်ပါစေနှင့်။
Let burning coals be cast upon them: let them be thrown into the fire; into deep pits, that they rise not up again.
11 ၁၁ သူတစ်ပါးတို့အားလိမ်လည်စွပ်စွဲကြ သူတို့သည် မအောင်မြင်ပါစေနှင့်။ မကောင်းမှုသည်အကြမ်းဖက်သမားတို့အား အမီလိုက်၍သုတ်သင်ဖျက်ဆီးပါစေသော။
Let not the man of an [evil] tongue be established on the earth: may evil hunt down the violent man to his downfall.
12 ၁၂ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့် ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
I know that the Lord will procure right for the afflicted, [and] justice for the needy.
13 ၁၃ သူတော်ကောင်းတို့သည်ကိုယ်တော်ရှင်အား အမှန်ပင် ထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏ရှေ့တော်မှောက်တွင် နေရကြပါလိမ့်မည်။
Surely the righteous shall give thanks unto thy name: the upright shall dwell before thy presence.