< ဆာလံ 14 >
1 ၁ လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုများကို ပြုကျင့်ကြလေပြီ။ အကျင့်ကောင်းကိုပြုသူတစ်ဦးတစ်ယောက်မျှ မရှိ။
Mpumbavu husema moyoni mwake, “Hakuna Mungu.” Wamepotoka nakufanya uovu haramu; hakuna hata mmoja atendaye dhambi.
2 ၂ ထာဝရဘုရားသည်အသိပညာရှိသူများ၊ မိမိအားကိုးကွယ်ဝတ်ပြုသူများရှိမရှိကို သိမြင်ရန် ကောင်းကင်ဘုံမှငုံ့၍လူသားတို့အား ကြည့်တော်မူ၏။
Yahwe anatazama chini kwa wanadamu kutoka mbinguni aone kama kuna yeyote anayeelewa, amtafutaye Mungu.
3 ၃ သို့ရာတွင်လူအပေါင်းတို့သည်လမ်းလွဲ ကြကုန်လေပြီ။ သူတို့အားလုံးပင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ သူတို့တွင်အကျင့်ကောင်းကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။
Wote wamegeukia njia nyingine. Kwa pamoja wamepotoka. Hakuna yeyote atendaye mema, hakuna, hata mmoja.
4 ၄ ထာဝရဘုရားက ``ထိုသူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။
Je, hawajui lolote, wale wafanyao uovu, wale wanao kula watu wangu kama vile wanakula mkate, lakini hao hawamuiti Yahwe?
5 ၅ သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။
Wao wana tetemeka kwa hofu. Kwa kuwa Mungu yuko pamoja na kusanyiko la wenye haki!
6 ၆ သူယုတ်မာတို့သည်နှိမ့်ချသူ၏အကြံ အစည်ကို ပျက်စေတတ်ကြသော်လည်း ထာဝရဘုရားသည်သူ၏အကွယ်အကာ ဖြစ်တော်မူ၏။
Ninyi mnataka kumfedhehesha mtu maskini japo kuwa Yahwe ni kimbilio lake.
7 ၇ ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည် ဇိအုန်တောင်တော်မှထွက်ပေါ်လာပါစေသော။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား တစ်ဖန်ပြန်၍ကောင်းစားလာစေတော်မူသော အခါ၊ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
Oh, kwamba wokovu wa Israeli ungetokea Sayuni! Wakati Yahwe akiwarudisha watu wake kutoka utumwani, ndipo Yakobo atashangilia na Israeli itakuwa na furaha!