< ဆာလံ 14 >
1 ၁ လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုများကို ပြုကျင့်ကြလေပြီ။ အကျင့်ကောင်းကိုပြုသူတစ်ဦးတစ်ယောက်မျှ မရှိ။
Načelniku godbe; Davidova. Nespametni govori v srci svojem: Ni ga Boga: pohujšujejo, ostudna dela doprinašajo, ni ga, da bi delal dobro.
2 ၂ ထာဝရဘုရားသည်အသိပညာရှိသူများ၊ မိမိအားကိုးကွယ်ဝတ်ပြုသူများရှိမရှိကို သိမြင်ရန် ကောင်းကင်ဘုံမှငုံ့၍လူသားတို့အား ကြည့်တော်မူ၏။
Gospod gleda z nebes na sinove človeške, da bi videl, je li kateri, ki bi bil razumen, ki bi iskal Boga.
3 ၃ သို့ရာတွင်လူအပေါင်းတို့သည်လမ်းလွဲ ကြကုန်လေပြီ။ သူတို့အားလုံးပင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ သူတို့တွင်အကျင့်ကောင်းကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။
Vsak je odstopil, izpridili so se vsi vkup; ni ga, da bi delal dobro, enega samega ne.
4 ၄ ထာဝရဘုရားက ``ထိုသူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။
Ali si niso v svesti vsi, kateri delajo krivico, ker žró ljudstvo moje kruh jedóč, ne kličejo Gospoda?
5 ၅ သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။
Tu se preplašijo od groze, ker Bog je na strani pravičnemu rodu.
6 ၆ သူယုတ်မာတို့သည်နှိမ့်ချသူ၏အကြံ အစည်ကို ပျက်စေတတ်ကြသော်လည်း ထာဝရဘုရားသည်သူ၏အကွယ်အကာ ဖြစ်တော်မူ၏။
Naklep siromaka ubozega bodete osramotili, seveda! ker Gospod je zavetje njegovo.
7 ၇ ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည် ဇိအုန်တောင်တော်မှထွက်ပေါ်လာပါစေသော။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား တစ်ဖန်ပြန်၍ကောင်းစားလာစေတော်မူသော အခါ၊ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
Kdo naj dá rešenje sè Sijona Izraelu? Ko bode nazaj peljal iz sužnjosti ljudstva svojega krdelo, radoval se bode Jakob, veselil se Izrael.