< ဆာလံ 139 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စစ်​ဆေး​ကြည့်​ရှု​တော်​မူ​ပြီး​ဖြစ်​၍​ကျွန်​တော် မျိုး​၏ အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။
伶長にうたはしめたるダビデの歌 ヱホバよなんぢは我をさぐり我をしりたまへり
2 ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။
なんぢはわが坐るをも立をもしり 又とほくよりわが念をわきまへたまふ
3 ကျွန်​တော်​မျိုး​သည်​အ​လုပ်​လုပ်​လျက်​နေ​သည် ဖြစ်​စေ၊ နား​လျက်​နေ​သည်​ဖြစ်​စေ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။
なんぢはわが歩むをもわが臥をもさぐりいだし わがもろもろの途をことごとく知たまへり
4 ကျွန်​တော်​မျိုး​နှုတ်​ကို​မ​ဖွင့်​မီ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြော​ဆို​မည့် စ​ကား​တို့​ကို​သိ​ရှိ​ပြီး​ဖြစ်​ပါ​၏။
そはわが舌に一言ありとも観よヱホバよなんぢことごとく知たまふ
5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​နောက်​တွင် စောင့်​ကြပ်​လျက်​နေ​တော်​မူ​ပါ​၏။ တန်​ခိုး​တော်​ဖြင့်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​ပါ​၏။
なんぢは前より後よりわれをかこみ わが上にその手をおき給へり
6 ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပုံ​မှာ​အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​သို့​သော​အ​သိ​ဉာဏ်​သည်​ကျွန်​တော်​မျိုး နား​မ​လည်​နိုင်​အောင်​နက်​နဲ​လှ​ပါ​၏။
かかる知識はいとくすしくして我にすぐ また高くして及ぶことあたはず
7 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​နှင့်​ကင်း​ဝေး​စေ​ရန် အ​ဘယ်​အ​ရပ်​သို့​သွား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​တော်​မှ​ကင်း​လွတ် စေ​ရန် အ​ဘယ်​အ​ရပ်​သို့​ထွက်​ခွာ​နိုင်​ပါ​မည်​နည်း။
我いづこにゆきてなんぢの聖霊をはなれんや われいづこに往てなんぢの前をのがれんや
8 အ​ကယ်​၍​ကျွန်​တော်​မျိုး​သည် ကောင်း​ကင်​သို့​တက်​လျှင်​ထို​အ​ရပ်​တွင် ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မ​ရ​ဏာ နိုင်​ငံ​တွင် လဲ​လျောင်း​လျှင် ထို​အ​ရပ်​တွင်​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ (Sheol h7585)
われ天にのぼるとも汝かしこにいまし われわが榻を陰府にまうくるとも 観よなんぢ彼處にいます (Sheol h7585)
9 အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​နေ​ထွက်​ရာ အ​ရပ်​သို့ ပျံ​သွား​လျှင်​လည်း​ကောင်း၊ နေ​ဝင်​ရာ​အ​ရပ်​တွင်​နေ​ထိုင်​လျှင်​လည်း​ကောင်း
我あけぼのの翼をかりて海のはてにすむとも
10 ၁၀ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ရှေ့​ဆောင် လမ်း​ပြ​တော်​မူ​ရန်​ထို​အ​ရပ်​တွင်​ရှိ​နေ​တော် မူ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော် မူ​ရန် ထို​အ​ရပ်​တွင်​ရှိ​နေ​တော်​မူ​မည်။
かしこにて尚なんぢの手われをみちびき汝のみぎの手われをたもちたまはん
11 ၁၁ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​အား ဖုံး​လွှမ်း​ရန် မှောင်​မိုက်​ကို​လည်း​ကောင်း၊ မိ​မိ​၏​ပတ်​လည်​ရှိ​အ​လင်း​ကို​ညဥ့်​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​ရန်​လည်း​ကောင်း​စေ​ခိုင်း​လျှင်
暗はかならす我をおほひ 我をかこめる光は夜とならんと我いふとも
12 ၁၂ ကိုယ်​တော်​၏​အ​တွက်​မှောင်​မိုက်​သည်​ပင်​လျှင် အ​မှောင်​မ​ဟုတ်​ပါ။ ညဥ့်​သည်​လည်း​နေ့​ကဲ့​သို့​ထွန်း​လင်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ဖို့​မှာ​မှောင်​မိုက်​နှင့်​အ​လင်း​သည် အ​တူ​တူ​ပင်​ဖြစ်​ပါ​၏။
汝のみまへには暗ものをかくすことなく 夜もひるのごとくに輝けり なんぢにはくらきも光もことなることなし
13 ၁၃ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်​ယင်း​တို့​ကို​ကျွန်​တော်​မျိုး မိ​ခင်​၏​ဝမ်း​တွင်း​၌​ဆက်​စပ်​စေ​တော်​မူ​၏။
汝はわがはらわたをつくり 又わがははの胎にわれを組成たまひたり
14 ၁၄ ကိုယ်​တော်​သည်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု အ​ရာ​တို့​သည် ထူး​ဆန်း​အံ့​သြ​ဖွယ်​ကောင်း​ကြောင်း​ကျွန်​တော်​မျိုး အ​သေ​အ​ချာ​သိ​ပါ​၏။
われなんぢに感謝す われは畏るべく奇しくつくられたり なんぢの事跡はことごとくくすし わが霊魂はいとつばらに之をしれり
15 ၁၅ ကျွန်​တော်​မျိုး​သည်​မိ​ခင်​၏​ဝမ်း​တွင်​လျှို့​ဝှက်​စွာ ကြီး​ထွား​လာ​ချိန်၊ ကျွန်​တော်​မျိုး​၏​အ​ရိုး​တို့​သည်​ဖြစ်​ပေါ်​လာ​လျက် တစ်​ခု​နှင့်​တစ်​ခု​သေ​ချာ​စွာ​ဆက်​စပ်​ကြ​ချိန်​တို့​၌ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို​သိ​မြင်​တော် မူ​ပါ​၏။
われ隠れたるところにてつくられ地の底所にて妙につづりあはされしとき わが骨なんぢにかくるることなかりき
16 ၁၆ ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သိ​မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​အ​သက်​ရှင်​ရန် လျာ​ထား​တော်​မူ​သော​နေ့​ရက်​အ​ရေ​အ​တွက် တို့​ကို ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​၏​စာ​စောင်​တော်​တွင် ရေး​မှတ်​ထား​တော်​မူ​ပြီး​ဖြစ်​ပါ​၏။
わが體いまだ全からざるに なんぢの目ははやくより之をみ 日々かたちづくられしわが百體の一だにあらざりし時に ことごとくなんぢの冊にしるされたり
17 ၁၇ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် ကျွန်​တော်​မျိုး​အ​တွက်​ခက်​ခဲ​နက်​နဲ​လှ​ပါ​၏။ ယင်း​တို့​သည်​များ​ပြား​လှ​ပါ​သည်​တ​ကား။
神よなんぢりもろもろの思念はわれに寶きこといかばかりぞや そのみおもひの総計はいかに多きかな
18 ၁၈ ထို​အကြံ​အ​စည်​တော်​တို့​ကို​ကျွန်​တော်​မျိုး ရေ​တွက်​ရ​မည်​ဆို​သော် ယင်း​တို့​သည်​သဲ​လုံး​များ​ထက်​များ​ပါ​လိမ့်​မည်။ အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​နှင့်​အ​တူ​ရှိ​နေ​ဦး​မည်။
我これを算へんとすれどもそのかずは沙よりもおほし われ眼さむるときも尚なんぢとともにをる
19 ၁၉ အို ဘု​ရား​သ​ခင်၊ သူ​ယုတ်​မာ​တို့​အား​ကိုယ်​တော်​ရှင် ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ကျွန်​တော်​မျိုး​ထံ​မှ ထွက်​သွား​စေ​တော်​မူ​ပါ။
神よなんぢはかならず惡者をころし給はん されば血をながすものよ我をはなれされ
20 ၂၀ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​တော်​ကို ယုတ်​မာ​စွာ​ပြော​ဆို​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ပုတ်​ခတ် ပြော​ဆို​ကြ​ပါ​၏။
かれらはあしき企圖をもて汝にさからひて言ふ なんぢの仇はみだりに聖名をとなふるなり
21 ၂၁ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကို​ပုန်​ကန်​သူ​တို့​အား ကျွန်​တော်​မျိုး​လွန်​စွာ​စက်​ဆုပ်​ပါ​၏။
ヱホバよわれは汝をにくむ者をにくむにあらずや なんぢに逆ひておこりたつものを厭ふにあらずや
22 ၂၂ ကျွန်​တော်​မျိုး​သည်​သူ​တို့​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ မုန်း​ပါ​၏။ သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကဲ့​သို့ မှတ်​ပါ​၏။
われ甚くかれらをにくみてわが仇とす
23 ၂၃ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​စစ်​ဆေး​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ စိတ်​နှ​လုံး​ကို​သိ​မှတ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​စစ်​ကြော​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ အ​ကြံ​အ​စည်​များ​ကို​သိ​မှတ်​တော်​မူ​ပါ။
神よねがはくは我をさぐりてわが心をしり 我をこころみてわがもろもろの思念をしりたまへ
24 ၂၄ ကျွန်​တော်​မျိုး​သည်​ဆိုး​သွမ်း​သော​လမ်း​သို့ လိုက်​သည်​မ​လိုက်​သည်​ကို​စစ်​ဆေး​တော်​မူ​၍ ထာ​ဝ​ရ​လမ်း​ထဲ​သို့​ပို့​ဆောင်​တော်​မူ​ပါ။
ねがはくは我によこしまなる途のありやなしやを見て われを永遠のみちに導きたまへ

< ဆာလံ 139 >