< ဆာလံ 137 >
1 ၁ ဇိအုန်မြို့ကိုသတိရသောအခါ ငါတို့သည်ဗာဗုလုံပြည်မြစ်ချောင်းများ အနီးတွင်ထိုင်၍ငိုကြွေးကြ၏။
우리가 바벨론의 여러 강변 거기 앉아서 시온을 기억하며 울었도다
2 ၂ အနီးအနားရှိမိုးမခပင်များတွင်ငါတို့၏ စောင်းများကိုချိတ်ဆွဲထားကြ၏။
그 중의 버드나무에 우리가 우리의 수금을 걸었나니
3 ၃ ငါတို့ကိုဖမ်းသွားကြသူများက``ငါတို့အား ဖျော်ဖြေရန်ဇိအုန်မြို့အကြောင်း သီချင်းဆိုပြပါ'' ဟုငါတို့အားခိုင်းကြ၏။
이는 우리를 사로잡은 자가 거기서 우리에게 노래를 청하며 우리를 황폐케 한 자가 기쁨을 청하고 자기들을 위하여 시온노래 중 하나를 노래하라 함이로다
4 ၄ ထာဝရဘုရားသခင်၏ဂုဏ်တော်ချီးမွမ်း သီချင်းကို ငါတို့သည်အဘယ်သို့လျှင်နိုင်ငံရပ်ခြား၌ ဆိုနိုင်ကြပါမည်နည်း။
우리가 이방에 있어서 어찌 여호와의 노래를 부를꼬
5 ၅ အို ယေရုရှလင်မြို့၊သင့်ကိုငါမေ့လျော့ပါလျှင် ငါသည်စောင်းကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှ မတီးနိုင်ဘဲနေပါစေသော။
예루살렘아! 내가 너를 잊을진대 내 오른손이 그 재주를 잊을지로다
6 ၆ ငါသည်သင့်ကိုသတိမရလျှင်သော်လည်းကောင်း၊ သင့်ကိုငါ့အားဝမ်းမြောက်ရွှင်လန်းဆုံးဖြစ်စေသည့် မြို့အဖြစ်ဖြင့် အမြတ်တနိုးမထားလျှင်သော်လည်းကောင်း ငါသည်နောက်တစ်ဖန်အဘယ်အခါ၌မျှ သီချင်းမဆိုနိုင်ဘဲနေပါစေသော။
내가 예루살렘을 기억지 아니하거나 내가 너를 나의 제일 즐거워하는 것보다 지나치게 아니할진대 내 혀가 내 입천장에 붙을지로다
7 ၇ အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။ ``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင် ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
여호와여, 예루살렘이 해 받던 날을 기억하시고 에돔 자손을 치소서 저희 말이 훼파하라, 훼파하라 그 기초까지 훼파하라 하였나이다
8 ၈ အို ဗာဗုလုန်မြို့၊သင်သည်ဖြိုဖျက်ခြင်းခံရ ပေလိမ့်မည်။ ငါတို့ကိုသင်ပြုကျင့်ခဲ့သည့်အမှုအတွက် သင့်အားလက်စားချေသူ၊ သင်၏နို့စို့ကလေးတို့ကိုကိုင်၍ကျောက်ပေါ်တွင် ဆောင့်သတ်သူသည်မင်္ဂလာရှိ၏။
여자 같은 멸망할 바벨론아! 네가 우리에게 행한대로 네게 갚는 자가 유복하리로다
네 어린 것들을 반석에 메어치는 자는 유복하리로다