< ဆာလံ 136 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​ဖြင့် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။
Célébrez l'Éternel, car il est bon; car sa miséricorde dure éternellement!
2 ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​ကြီး​မြတ်​တော်​မူ​သော အ​ရှင်​၏​ကျေး​ဇူး​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Célébrez le Dieu des dieux, car sa miséricorde dure éternellement.
3 အ​ရှင်​သ​ခင်​ရှိ​သ​မျှ​တို့​ထက် တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Célébrez le Seigneur des seigneurs, car sa miséricorde dure éternellement;
4 ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​အ​လွန် ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Celui qui seul fait de grandes merveilles, car sa miséricorde dure éternellement!
5 ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Celui qui a fait les cieux avec intelligence, car sa miséricorde dure éternellement;
6 ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Qui a étendu la terre sur les eaux, car sa miséricorde dure éternellement;
7 ကိုယ်​တော်​သည်​နေ​နှင့်​လ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Qui a fait les grands luminaires, car sa miséricorde dure éternellement;
8 နေ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ​နေ့​ကို အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Le soleil pour dominer sur le jour, car sa miséricorde dure éternellement;
9 လ​နှင့်​ကြယ်​များ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ ညဥ့်​ကို​အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
La lune et les étoiles pour dominer sur la nuit, car sa miséricorde dure éternellement!
10 ၁၀ ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​များ​၏ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Celui qui a frappé l'Égypte en ses premiers-nés, car sa miséricorde dure éternellement;
11 ၁၁ ကိုယ်​တော်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Et qui a fait sortir Israël du milieu d'eux, car sa miséricorde dure éternellement;
12 ၁၂ ယင်း​သို့​ထုတ်​ဆောင်​တော်​မူ​သည်​မှာ​ခွန်​အား ကြီး​မား​သည့်​လက်​တော်​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​ကြီး​မား​သည့်​လက်​ရုံး​တော် အား​ဖြင့်​လည်း​ကောင်း​ဖြစ်​ပေ​သည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
A main forte et à bras étendu, car sa miséricorde dure éternellement!
13 ၁၃ ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​နှစ်​ပိုင်း​ကွဲ​စေ တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Celui qui a fendu la mer Rouge en deux, car sa miséricorde dure éternellement;
14 ၁၄ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​ထို​ပင်​လယ်​ကို ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Qui a fait passer Israël au milieu d'elle, car sa miséricorde dure éternellement;
15 ၁၅ ကိုယ်​တော်​သည်​ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို ရေ​နစ်​သေ​ဆုံး​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Et a renversé Pharaon et son armée dans la mer Rouge, car sa miséricorde dure éternellement!
16 ၁၆ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပြ​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Celui qui a conduit son peuple par le désert, car sa miséricorde dure éternellement;
17 ၁၇ ကိုယ်​တော်​သည်​ဘုန်း​ကြီး​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Qui a frappé de grands rois, car sa miséricorde dure éternellement;
18 ၁၈ ကိုယ်​တော်​သည်​ကျော်​စော​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Et a tué des rois magnifiques, car sa miséricorde dure éternellement;
19 ၁၉ အာ​မော​ရိ​ပြည်​ဘု​ရင်​ရှိ​ဟုန်​မင်း​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Sihon, roi des Amoréens, car sa miséricorde dure éternellement;
20 ၂၀ ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​မင်း​ကို​လည်း ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Et Og, roi de Bassan, car sa miséricorde dure éternellement;
21 ၂၁ ကိုယ်​တော်​သည်​သူ​တို့​၏​ပြည်​နယ်​များ​ကို မိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Et a donné leur pays en héritage, car sa miséricorde dure éternellement;
22 ၂၂ ထို​ပြည်​နယ်​များ​ကို​ကိုယ်​တော်​သည်​မိ​မိ​၏ အ​စေ​ခံ​ဣ​သ​ရေ​လ​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
En héritage à Israël, son serviteur, car sa miséricorde dure éternellement!
23 ၂၃ ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ​ကိုယ်​တော်​သည် ငါ​တို့​အား​မေ့​လျော့​တော်​မ​မူ။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Celui qui, lorsque nous étions abaissés, s'est souvenu de nous, car sa miséricorde dure éternellement;
24 ၂၄ ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​တို့​၏​လက်​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Et nous a délivrés de nos ennemis, car sa miséricorde dure éternellement;
25 ၂၅ ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​သတ္တဝါ​တို့​အား အ​စား​အ​စာ​များ​ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Qui donne de la nourriture à toute chair, car sa miséricorde dure éternellement!
26 ၂၆ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
Célébrez le Dieu des cieux; car sa miséricorde dure éternellement!

< ဆာလံ 136 >