< ဆာလံ 135 >
1 ၁ ထာဝရဘုရားကိုထောမနာပြုကြလော့။ ထာဝရဘုရား၏အစေခံသူ၊ထာဝရ ဘုရား၏ အိမ်တော်တည်းဟူသော ငါတို့ဘုရား၏ဗိမာန်တော်တွင်ရပ်နေသူတို့ နာမတော်အားထောမနာပြုကြလော့။
Лэудаць пе Домнул! Лэудаць Нумеле Домнулуй, лэудаци-Л, робь ай Домнулуй,
каре стаць ын Каса Домнулуй, ын курциле Касей Думнезеулуй ностру!
3 ၃ ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကိုယ်တော်အားထောမနာပြုကြလော့။ ကိုယ်တော်သည်သနားကြင်နာတော်မူသည် ဖြစ်၍ နာမတော်အားထောမနာသီချင်းဆိုကြလော့။
Лэудаць пе Домнул, кэч Домнул есте бун; кынтаць Нумеле Луй, кэч есте биневоитор!
4 ၄ ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
Кэч Домнул Шь-а алес пе Иаков, пе Исраел, ка сэ фие ал Луй.
5 ၅ ငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။ ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။
Штиу кэ Домнул есте маре ши кэ Домнул ностру есте май пресус де тоць думнезеий.
6 ၆ ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်း အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
Домнул фаче тот че вря ын черурь ши пе пэмынт, ын мэрь ши ын тоате адынкуриле.
7 ၇ ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍ မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။ လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။
Ел ридикэ норий де ла марӂиниле пэмынтулуй, дэ наштере ла фулӂере ши плоае ши скоате вынтул дин кэмэриле луй.
8 ၈ အီဂျစ်ပြည်တွင်လူနှင့်တိရစ္ဆာန်သားဦးရှိ သမျှကို သေဒဏ်ခတ်တော်မူ၏။
Ел а ловит пе ынтыий нэскуць ай Еӂиптулуй, де ла оамень пынэ ла добитоаче.
9 ၉ ထိုပြည်တွင်ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန် ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။
А тримис семне ши минунь ын мижлокул тэу, Еӂиптуле: ымпотрива луй Фараон ши ымпотрива тутурор служиторилор луй.
10 ၁၀ များစွာသောတိုင်းနိုင်ငံတို့ကို ပြိုပျက်စေတော်မူ၍ဘုန်းကြီးသော ဘုရင်တို့ကိုကွပ်မျက်တော်မူ၏။
А ловит мулте нямурь ши а учис ымпэраць путерничь:
11 ၁၁ အာမောရိဘုရင်ရှိဟုန်မင်း၊ဗာရှန်ဘုရင် သြဃမင်းနှင့်ခါနာန်နိုင်ငံမှဘုရင်အပေါင်း တို့ကို ကွပ်မျက်တော်မူ၏။
пе Сихон, ымпэратул аморицилор, пе Ог, ымпэратул Басанулуй, ши пе тоць ымпэраций Канаанулуй;
12 ၁၂ သူတို့၏နယ်မြေများကိုမိမိ၏လူစုတော်အား ပေးတော်မူ၏။ ထိုနယ်မြေများကိုဣသရေလအမျိုးသား တို့အား ပေးတော်မူ၏။
ши ле-а дат цара де моштенире, де моштенире попорулуй Сэу Исраел.
13 ၁၃ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားဖြစ်တော်မူကြောင်းကို လူတို့သည်အခါခပ်သိမ်းကြားသိကြပါ လိမ့်မည်။ ကိုယ်တော်၏နာမတော်သည်ကာလအစဉ် အဆက် ကျော်ကြားပါလိမ့်မည်။
Доамне, Нумеле Тэу рэмыне пе вечие; Доамне, помениря Та цине дин ням ын ням,
14 ၁၄ ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာတော်မူလိမ့်မည်။ မိမိ၏အစေခံတို့အားကရုဏာ ထားတော်မူလိမ့်မည်။
кэч Домнул ва жудека пе попорул Сэу ши ва авя милэ де робий Сэй.
15 ၁၅ လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။ ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။
Идолий нямурилор сунт арӂинт ши аур, лукраре фэкутэ де мыниле оаменилор.
16 ၁၆ ထိုရုပ်တုတို့သည်နှုတ်များရှိပါလျက် စကားမပြောနိုင်၊ မျက်စိများရှိပါလျက်မမြင်နိုင်။
Ау гурэ, ши ну ворбеск, ау окь, ши ну вэд,
17 ၁၇ သူတို့သည်နားများရှိပါလျက်မကြားနိုင်။ သူတို့၏ခံတွင်း၌လည်းထွက်သက်ဝင်သက်မရှိ။
ау урекь, ши тотушь н-ауд, да, н-ау суфларе ын гурэ.
18 ၁၈ ရုပ်တုများကိုပြုလုပ်သူတို့နှင့်ရုပ်တုကို ကိုးစားသူအပေါင်းတို့သည်မိမိတို့ပြု လုပ်သည့် ရုပ်တုများကဲ့သို့ဖြစ်ကြပါစေသော။
Ка ей сунт чей че-й фак, тоць чей че се ынкред ын ей.
19 ၁၉ အို ဣသရေလအမျိုးသားတို့၊ထာဝရ ဘုရားအား ထောမနာပြုကြလော့။ ဘုရားသခင်၏ယဇ်ပုရောဟိတ်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
Каса луй Исраел, бинекувынтаць пе Домнул! Каса луй Аарон, бинекувынтаць пе Домнул!
20 ၂၀ လေဝိအနွယ်ဝင်တို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
Каса луй Леви, бинекувынтаць пе Домнул! Чей че вэ темець де Домнул, бинекувынтаць пе Домнул!
21 ၂၁ ဇိအုန်တောင်တော်ပေါ်တွင်လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်တော်မူရာ ယေရုရှလင်မြို့တွင်လည်းကောင်းကိုယ်တော် အား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။
Домнул сэ фие бинекувынтат дин Сион, Ел, каре локуеште ын Иерусалим! Лэудаць пе Домнул!