< ဆာလံ 135 >

1 ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​သူ၊ထာ​ဝ​ရ ဘု​ရား​၏ အိမ်​တော်​တည်း​ဟူ​သော ငါ​တို့​ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​ရပ်​နေ​သူ​တို့ နာ​မ​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
Praise YAH! Praise the Name of YHWH, Praise, you servants of YHWH,
2
Who are standing in the house of YHWH, In the courts of the house of our God.
3 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တော်​မူ​သည် ဖြစ်​၍ နာ​မ​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။
Praise YAH! For YHWH [is] good, Sing praise to His Name, for [it is] pleasant.
4 ကိုယ်​တော်​သည်​ယာ​ကုပ်​အား​မိ​မိ​အ​ဖို့​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​၏ ပိုင်​ရာ​တော် ဖြစ်​စေ​ရန်​လည်း​ကောင်း​ရွေး​ချယ်​တော်​မူ​၏။
For YAH has chosen Jacob for Himself, Israel for His peculiar treasure.
5 ငါ​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ် တော်​မူ​ကြောင်း​ကို​ငါ​သိ​၏။ ကိုယ်​တော်​သည်​ဘု​ရား​ရှိ​သ​မျှ​တို့​ထက် ကြီး​မြတ်​တော်​မူ​၏။
For I have known that YHWH [is] great, Indeed, our Lord [is] above all gods.
6 ကိုယ်​တော်​သည်​ကောင်း​ကင်​နှင့်​ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ ပင်​လယ်​နှင့်​ပင်​လယ်​အောက်​နက်​ရှိုင်း​ရာ အ​ရပ်​တို့​၌​လည်း​ကောင်း အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။
All that YHWH pleased He has done, In the heavens and in earth, In the seas and all deep places,
7 ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​တို့​ကို​တက်​စေ တော်​မူ​၍ မိုး​သက်​မုန်​တိုင်း​များ​အ​တွက်​လျှပ်​စစ်​လျှပ် နွယ်​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ လေ​ကို​လည်း​မိ​မိ​၏​လှောင်​တိုက်​တော်​ထဲ​က ထုတ်​ဆောင်​လာ​တော်​မူ​၏။
Causing vapors to ascend from the end of the earth, He has made lightnings for the rain, Bringing forth wind from His treasures.
8 အီ​ဂျစ်​ပြည်​တွင်​လူ​နှင့်​တိ​ရစ္ဆာန်​သား​ဦး​ရှိ သ​မျှ​ကို သေ​ဒဏ်​ခတ်​တော်​မူ​၏။
Who struck the firstborn of Egypt, From man to beast.
9 ထို​ပြည်​တွင်​ဖာ​ရော​ဘု​ရင်​နှင့် သူ​၏​အ​မှု​ထမ်း​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်​တော် မူ​ရန် ကိုယ်​တော်​သည်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။
He sent tokens and wonders into your midst, O Egypt, On Pharaoh and on all his servants.
10 ၁၀ များ​စွာ​သော​တိုင်း​နိုင်​ငံ​တို့​ကို ပြို​ပျက်​စေ​တော်​မူ​၍​ဘုန်း​ကြီး​သော ဘု​ရင်​တို့​ကို​ကွပ်​မျက်​တော်​မူ​၏။
Who struck many nations, and slew strong kings,
11 ၁၁ အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​မင်း၊ဗာ​ရှန်​ဘု​ရင် သြ​ဃ​မင်း​နှင့်​ခါ​နာန်​နိုင်​ငံ​မှ​ဘု​ရင်​အ​ပေါင်း တို့​ကို ကွပ်​မျက်​တော်​မူ​၏။
Even Sihon king of the Amorite, And Og king of Bashan, And all kingdoms of Canaan.
12 ၁၂ သူ​တို့​၏​နယ်​မြေ​များ​ကို​မိ​မိ​၏​လူ​စု​တော်​အား ပေး​တော်​မူ​၏။ ထို​နယ်​မြေ​များ​ကို​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား ပေး​တော်​မူ​၏။
And He gave their land an inheritance, An inheritance to His people Israel,
13 ၁၃ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို လူ​တို့​သည်​အ​ခါ​ခပ်​သိမ်း​ကြား​သိ​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​ကာ​လ​အ​စဉ် အ​ဆက် ကျော်​ကြား​ပါ​လိမ့်​မည်။
O YHWH, Your Name [is] for all time, O YHWH, Your memorial from generation to generation.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကွယ်​ကာ​တော်​မူ​လိမ့်​မည်။ မိ​မိ​၏​အ​စေ​ခံ​တို့​အား​က​ရု​ဏာ ထား​တော်​မူ​လိမ့်​မည်။
For YHWH judges His people, And comforts Himself for His servants.
15 ၁၅ လူ​မျိုး​တ​ကာ​တို့​ကိုး​ကွယ်​ကြ​သည့်​ရုပ်​တု များ​သည် ရွှေ​ငွေ​ဖြင့်​ပြီး​ကြ​၏။ ယင်း​တို့​သည်​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော အ​ရာ​များ​ဖြစ်​ပေ​သည်။
The idols of the nations [are] silver and gold, Work of the hands of man.
16 ၁၆ ထို​ရုပ်​တု​တို့​သည်​နှုတ်​များ​ရှိ​ပါ​လျက် စ​ကား​မပြော​နိုင်၊ မျက်​စိ​များ​ရှိ​ပါ​လျက်​မ​မြင်​နိုင်။
They have a mouth, and they do not speak, They have eyes, and they do not see,
17 ၁၇ သူ​တို့​သည်​နား​များ​ရှိ​ပါ​လျက်​မ​ကြား​နိုင်။ သူ​တို့​၏​ခံ​တွင်း​၌​လည်း​ထွက်​သက်​ဝင်​သက်​မ​ရှိ။
They have ears, and they do not give ear, Nose—there is no breath in their mouth!
18 ၁၈ ရုပ်​တု​များ​ကို​ပြု​လုပ်​သူ​တို့​နှင့်​ရုပ်​တု​ကို ကိုး​စား​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​ပြု လုပ်​သည့် ရုပ်​တု​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။
Their makers are like them, Everyone who is trusting in them.
19 ၁၉ အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။
O house of Israel, bless YHWH, O house of Aaron, bless YHWH,
20 ၂၀ လေ​ဝိ​အ​နွယ်​ဝင်​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
O house of Levi, bless YHWH, Those fearing YHWH, bless YHWH.
21 ၂၁ ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ကိန်း​ဝပ်​တော်​မူ​ရာ ယေ​ရု​ရှ​လင်​မြို့​တွင်​လည်း​ကောင်း​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
Blessed [is] YHWH from Zion, Inhabiting Jerusalem—praise YAH!

< ဆာလံ 135 >