< ဆာလံ 132 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​မင်း​နှင့်​သူ​ခံ​ခဲ့​ရ​သ​မျှ​သော​ဆင်း​ရဲ ဒုက္ခ​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။
အိုထာဝရဘုရား၊ ဒါဝိဒ်မင်းကို၎င်း၊ သူခံရသမျှ သော ဆင်းရဲခြင်းကို၎င်း အောက်မေ့တော်မူပါ။
2 အို ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား ကိန်း​ဝပ်​တော်​မူ​ရန်​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အ​တွက်​အိမ်​တော်​ကို​လည်း ကောင်း ဆောက်​လုပ်​၍​မ​ပြီး​သေး​သ​မျှ​ကာ​လ​ပတ်​လုံး နား​နေ​အိပ်​စက်​မှု​ကို​ပြု​မည်​မ​ဟုတ်​ပါ။ အိမ်​ကို​လည်း​မ​ပြန်။ အိပ်​ရာ​ထဲ​သို့​လည်း ဝင်​မည်​မ​ဟုတ်'' ဟု ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အား​ပြု​သော​သစ္စာ​က​တိ​ကို သ​တိ​ရ​တော်​မူ​၏။
ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။
3
4
5
6 ဗက်​လင်​မြို့​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​ကြောင်း​ကို ငါ​တို့​ကြား​သိ​ကြ​၍​ယင်း​သေတ္တာ​တော်​ကို ယာ​ရိမ်​ကွင်း​၌​တွေ့​ရှိ​ရ​ကြ​၏။
တဲတော်သည် ဧဖရိမ်ပြည်မှာရှိကြောင်းကို ငါတို့သည်ကြားရပြီ။ ယာရိမ်တော၌ တွေ့ကြပြီ။
7 ``ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ သွား​ကြ​ကုန်​အံ့။ ပလ္လင်​တော်​ရှေ့​တွင်​ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​ကုန်​အံ့'' ဟု​ငါ​တို့​ဆို​ကြ​၏။
ဘုံဗိမာန်တော်သို့ ဝင်၍၊ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
8 အို ထာ​ဝ​ရ​ဘု​ရား၊ တန်​ခိုး​တော်​၏​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ​ဗိ​မာန်​တော်​သို့ ကြွ​လာ​တော်​မူ​၏။
အို ထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်း တော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။
9 ကိုယ်​တော်​ရှင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မှန်​ကန်​ရာ​ကို အ​မြဲ​ပြု​ကျင့်​နိုင်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ဝမ်း​မြောက် ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​ပါ​စေ​သော။
ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့် မတ်ခြင်း တန်ဆာကိုဆင်၍၊ ကိုယ်တော်၏ သန့်ရှင်း သူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
10 ၁၀ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍ ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​ဘု​ရင်​ကို ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။
၁၀ကိုယ်တော်၏ ကျွန်ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသောသူကို ငြင်းပယ်တော်မမူပါနှင့်။
11 ၁၁ ကိုယ်​တော်​ရှင်​က``ငါ​သည်​သင်​၏​သား​တစ်​ဦး​ဦး​ကို ဘု​ရင်​အ​ရာ​၌​ခန့်​ထား​မည်။ သူ​သည်​သင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရ​လိမ့်​မည်။ အ​ကယ်​၍​သင်​၏​သား​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို စောင့်​ထိန်း​၍​ငါ​ပေး​သည့်​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​ပါ​မူ၊ သူ​၏​သား​တို့​သည်​လည်း​သင်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ​ဘု​ရင်​များ​အ​ဖြစ်​ဖြင့် အ​စဉ်​အ​မြဲ​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟု ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ကျိန်​ဆို က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ယင်း​က​တိ​တော်​ကို​ပြန်​လည် ရုပ်​သိမ်း​တော်​မူ​မည်​မဟုတ်​ပါ။
၁၁ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆို ခြင်းကိုပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။
12 ၁၂
၁၂သင်၏သားတို့သည် ငါ့ပဋိညာဉ်တရားကို၎င်း၊ ငါသွန်သင်သော သက်သေခံချက်ကို၎င်း စောင့် ရှောက်လျှင်၊ သူတို့၏သားများသည်လည်း သင်၏ပလ္လင် ပေါ်မှာ အစဉ်အမြဲ ထိုင်ရကြလိမ့်မည်ဟု ဗျာဒိတ်ထား တော်မူပြီ။
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ရွေး​ချယ် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ထို​မြို့​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန် အ​လို​တော်​ရှိ​သည်။
၁၃ထာဝရဘုရားသည် ဇိအုန်မြို့ကို ရွေးကောက်၍၊ အမြဲနေတော်မူရာဘို့ အလိုတော်ရှိသည်အရာမှာ၊
14 ၁၄ ``ဤ​မြို့​တွင်​ထာ​ဝ​စဉ်​ငါ​ကိန်း​ဝပ်​တော်​မူ​မည်။ ဤ​မြို့​တွင်​ငါ​စိုး​စံ​ရန်​အ​လို​ရှိ​တော်​မူ​သည်။
၁၄ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း။ ငါအလိုရှိသည် ဖြစ်၍၊ ဤမြို့၌ငါနေမည်။
15 ၁၅ ငါ​သည်​ဇိ​အုန်​မြို့​ကို​လို​လေ​သေး​မ​ရှိ​အောင် အ​စာ​ရေ​စာ​ပေါ​များ​သော​မြို့​ဖြစ်​စေ​မည်။ ဤ​မြို့​မှ​ဆင်း​ရဲ​သူ​တို့​အား​ဝ​အောင်​ကျွေး​မွေး မည်။
၁၅သူ၏ အစာအာဟာရကို အထူးသဖြင့် ကောင်း ကြီးပေးမည်။ သူ၌ဆင်းရဲသားတို့ကို ဝစွာကျွေးမည်။
16 ၁၆ ဤ​မြို့​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​ဆောင်​ရွက်​လေ​သ​မျှ တို့​ကို ကောင်း​ချီး​ပေး​မည်။ မြို့​သူ​မြို့​သား​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လိမ့်​မည်။
၁၆သူ၏ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်း တန်ဆာကို ဆင်စေသဖြင့်၊ သူ၌သန့်ရှင်း သူတို့သည် ရွှင်လန်းသော သီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။
17 ၁၇ ငါ​သည်​ဤ​မြို့​တွင်​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​ကို ကြီး​မြတ်​သည့်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ ဤ​မြို့​တွင်​ငါ​ရွေး​ချယ်​သည့်​ဘု​ရင်​၏​အာ​ဏာ စက်​ကို တည်​စေ​မည်။
၁၇ထိုမြို့၌ ဒါဝိဒ်၏ ဦးချိုကို ငါပေါက်စေမည်။ ငါ့ထံ၌ ဘိသိက်ခံ သောသူတို့ မီးခွက်ကို ငါပြင်ဆင်ပြီ။
18 ၁၈ သူ​၏​ရန်​သူ​တို့​ကို​အ​ရှက်​ကွဲ​စေ​မည်။ သူ​၏​နိုင်​ငံ​မူ​ကား​စည်​ပင်​သာ​ယာ​ဖွံ့​ဖြိုး တိုး​တက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၈ထိုအရှင်၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ဦးရစ်သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။

< ဆာလံ 132 >