< ဆာလံ 132 >
1 ၁ အို ထာဝရဘုရား၊ ဒါဝိဒ်မင်းနှင့်သူခံခဲ့ရသမျှသောဆင်းရဲ ဒုက္ခတို့ကိုသတိရတော်မူပါ။
Canticum graduum. Memento Domine David, et omnis mansuetudinis eius:
2 ၂ အို ထာဝရဘုရား၊ ဒါဝိဒ်က``ကျွန်တော်မျိုးသည်ထာဝရဘုရား ကိန်းဝပ်တော်မူရန်ဌာနတော်ကိုလည်းကောင်း၊ ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အတွက်အိမ်တော်ကိုလည်း ကောင်း ဆောက်လုပ်၍မပြီးသေးသမျှကာလပတ်လုံး နားနေအိပ်စက်မှုကိုပြုမည်မဟုတ်ပါ။ အိမ်ကိုလည်းမပြန်။ အိပ်ရာထဲသို့လည်း ဝင်မည်မဟုတ်'' ဟု ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အားပြုသောသစ္စာကတိကို သတိရတော်မူ၏။
Sicut iuravit Domino, votum vovit Deo Iacob:
Si introiero in tabernaculum domus meae, si ascendero in lectum strati mei:
Si dedero somnum oculis meis, et palpebris meis dormitationem:
Et requiem temporibus meis: donec inveniam locum Domino, tabernaculum Deo Iacob.
6 ၆ ဗက်လင်မြို့တွင်ပဋိညာဉ်သေတ္တာတော် အကြောင်းကို ငါတို့ကြားသိကြ၍ယင်းသေတ္တာတော်ကို ယာရိမ်ကွင်း၌တွေ့ရှိရကြ၏။
Ecce audivimus eam in Ephrata: invenimus eam in campis silvae.
7 ၇ ``ငါတို့သည်ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့။ ပလ္လင်တော်ရှေ့တွင်ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်ကြကုန်အံ့'' ဟုငါတို့ဆိုကြ၏။
Introibimus in tabernaculum eius: adorabimus in loco, ubi steterunt pedes eius.
8 ၈ အို ထာဝရဘုရား၊ တန်ခိုးတော်၏အမှတ်လက္ခဏာဖြစ်သည့် ပဋိညာဉ်သေတ္တာတော်နှင့်အတူဗိမာန်တော်သို့ ကြွလာတော်မူ၏။
Surge Domine in requiem tuam, tu et arca sanctificationis tuae.
9 ၉ ကိုယ်တော်ရှင်၏ယဇ်ပုရောဟိတ်တို့သည် မှန်ကန်ရာကို အမြဲပြုကျင့်နိုင်ကြပါစေသော။ ကိုယ်တော်ရှင်၏လူစုတော်သည်ဝမ်းမြောက် ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။
Sacerdotes tui induantur iustitiam: et sancti tui exultent.
10 ၁၀ အို ထာဝရဘုရား၊ ကိုယ်တော်၏အစေခံဒါဝိဒ်အားပေးတော်မူသည့် ကတိတော်ကိုထောက်၍ ကိုယ်တော်ရွေးချယ်တော်မူသည့်ဘုရင်ကို ပစ်ပယ်တော်မမူပါနှင့်။
Propter David servum tuum, non avertas faciem Christi tui.
11 ၁၁ ကိုယ်တော်ရှင်က``ငါသည်သင်၏သားတစ်ဦးဦးကို ဘုရင်အရာ၌ခန့်ထားမည်။ သူသည်သင်၏အရိုက်အရာကိုဆက်ခံရလိမ့်မည်။ အကယ်၍သင်၏သားတို့သည်ငါ၏ပဋိညာဉ်တော်ကို စောင့်ထိန်း၍ငါပေးသည့်သြဝါဒများကို လိုက်နာကျင့်သုံးကြပါမူ၊ သူ၏သားတို့သည်လည်းသင်၏အရိုက်အရာကို ဆက်ခံကာဘုရင်များအဖြစ်ဖြင့် အစဉ်အမြဲအုပ်စိုးရကြလိမ့်မည်'' ဟု ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်အားကျိန်ဆို ကတိပြုတော်မူခဲ့ပါ၏။ ကိုယ်တော်ရှင်သည်ယင်းကတိတော်ကိုပြန်လည် ရုပ်သိမ်းတော်မူမည်မဟုတ်ပါ။
Iuravit Dominus David veritatem, et non frustrabitur eum: de fructu ventris tui ponam super sedem tuam.
Si custodierint filii tui testamentum meum, et testimonia mea haec, quae docebo eos: Et filii eorum usque in saeculum, sedebunt super sedem tuam.
13 ၁၃ ထာဝရဘုရားသည်ဇိအုန်မြို့ကိုရွေးချယ် တော်မူပြီ။ ကိုယ်တော်သည်ထိုမြို့တွင်ကျိန်းဝပ်တော်မူရန် အလိုတော်ရှိသည်။
Quoniam elegit Dominus Sion: elegit eam in habitationem sibi.
14 ၁၄ ``ဤမြို့တွင်ထာဝစဉ်ငါကိန်းဝပ်တော်မူမည်။ ဤမြို့တွင်ငါစိုးစံရန်အလိုရှိတော်မူသည်။
Haec requies mea in saeculum saeculi: hic habitabo quoniam elegi eam.
15 ၁၅ ငါသည်ဇိအုန်မြို့ကိုလိုလေသေးမရှိအောင် အစာရေစာပေါများသောမြို့ဖြစ်စေမည်။ ဤမြို့မှဆင်းရဲသူတို့အားဝအောင်ကျွေးမွေး မည်။
Viduam eius benedicens benedicam: pauperes eius saturabo panibus.
16 ၁၆ ဤမြို့မှယဇ်ပုရောဟိတ်တို့ဆောင်ရွက်လေသမျှ တို့ကို ကောင်းချီးပေးမည်။ မြို့သူမြို့သားတို့သည်လည်းသီချင်းဆိုလျက် ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။
Sacerdotes eius induam salutari: et sancti eius exultatione exultabunt.
17 ၁၇ ငါသည်ဤမြို့တွင်ဒါဝိဒ်၏သားမြေးတစ်ဦးကို ကြီးမြတ်သည့်ဘုရင်အဖြစ်ဖြင့်ခန့်ထားမည်။ ဤမြို့တွင်ငါရွေးချယ်သည့်ဘုရင်၏အာဏာ စက်ကို တည်စေမည်။
Illuc producam cornu David, paravi lucernam Christo meo.
18 ၁၈ သူ၏ရန်သူတို့ကိုအရှက်ကွဲစေမည်။ သူ၏နိုင်ငံမူကားစည်ပင်သာယာဖွံ့ဖြိုး တိုးတက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Inimicos eius induam confusione: super ipsum autem efflorebit sanctificatio mea.