< ဆာလံ 131 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မာန်မာနကိုစွန့်ပယ် ပါပြီ။ မောက်မာမှုကိုလည်းပယ်ရှားပါပြီ။ ကျွန်တော်မျိုးသည်ကြီးကျယ်လှသည့် အမှုများတွင်သော်လည်းကောင်း၊ မိမိသိရှိနားလည်ရန်ခက်ခဲလှသော အကြောင်းအရာများတွင်သော်လည်းကောင်း စိတ်မဝင်စားတော့ပါ။
“A psalm of the steps, or the goings up. Of David.” O LORD! my heart is not haughty, nor my eyes lofty; I employ not myself on great things, or things too wonderful for me!
2 ၂ ကျွန်တော်မျိုးသည်ကျေနပ်ရောင့်ရဲလျက် မိမိစိတ်ကိုငြိမ်းအေးစေပါပြီ။ ကလေးငယ်သည်မိခင်၏ရင်ခွင်၌ ငြိမ်သက်စွာအိပ်နေသကဲ့သို့ ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ငြိမ်သက်လျက်ရှိပါပြီ။
Yea, I have stilled and quieted my soul As a weaned child upon his mother; My soul within me is like a weaned child.
3 ၃ အို ဣသရေလ၊ယခုမှအစပြု၍ ကာလအစဉ်အဆက်ထာဝရဘုရားကို ကိုးစားလော့။
O Israel! trust in the LORD, Henceforth even for ever!