< ဆာလံ 130 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးကြေကွဲရာမှ ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
Wimbo wa kwenda juu. Kutoka vilindini ninakulilia, Ee Bwana.
2 ၂ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအော်ဟစ်သံကိုကြားတော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးတောင်းလျှောက် သံကို နားထောင်တော်မူပါ။
Ee Bwana, sikia sauti yangu. Masikio yako na yawe masikivu kwa kilio changu unihurumie.
3 ၃ အကယ်၍ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုရေးမှတ်ထားမည်ဆိုပါက အဘယ်သူသည်အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။
Kama wewe, Ee Bwana, ungeweka kumbukumbu ya dhambi, Ee Bwana, ni nani angeliweza kusimama?
4 ၄ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။
Lakini kwako kuna msamaha, kwa hiyo wewe unaogopwa.
5 ၅ ငါသည်ထာဝရဘုရားကူမတော်မူခြင်းကို စောင့်မျှော်လျက်နေ၏။ ကိုယ်တော်၏ကတိတော်ကိုယုံကြည်ကိုးစားပါ၏။
Namngojea Bwana, nafsi yangu inangojea, katika neno lake naweka tumaini langu.
6 ၆ ကင်းစောင့်တို့သည်အရုဏ်တက်ချိန်ကို စောင့်မျှော်သည်ထက် ငါသည်ဘုရားရှင်ကိုပို၍စောင့်မျှော်လျက်နေ၏။
Nafsi yangu inamngojea Bwana kuliko walinzi waingojeavyo asubuhi, naam, kuliko walinzi waingojeavyo asubuhi.
7 ၇ အို ဣသရေလ၊ထာဝရဘုရား၏မေတ္တာတော်သည် ခိုင်မြဲသည်ဖြစ်၍ကိုယ်တော်သည်ကယ်တော်မူရန် အခါခပ်သိမ်းအသင့်ရှိတော်မူသောကြောင့် ကိုယ်တော်ကိုကိုးစားကြလော့။
Ee Israeli, mtumaini Bwana, maana kwa Bwana kuna upendo usiokoma, na kwake kuna ukombozi kamili.
8 ၈ ကိုယ်တော်သည်မိမိ၏လူစုတော်ဖြစ်သော ဣသရေလအားအပြစ်အပေါင်းမှ ကယ်တော်မူလိမ့်မည်။
Yeye mwenyewe ataikomboa Israeli kutoka dhambi zao zote.