< ဆာလံ 130 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးကြေကွဲရာမှ ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
၁အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။
2 ၂ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအော်ဟစ်သံကိုကြားတော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးတောင်းလျှောက် သံကို နားထောင်တော်မူပါ။
၂အို ထာဝရဘုရား၊ အကျွန်ုပ်၏ စကားသံကို ကြား၍၊ အကျွန်ုပ်ဆုတောင်းပဌနာပြုသံကို နားညောင်း တော်မူပါ။
3 ၃ အကယ်၍ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုရေးမှတ်ထားမည်ဆိုပါက အဘယ်သူသည်အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။
၃အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။
4 ၄ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။
၄ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေ ခြင်းငှါ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။
5 ၅ ငါသည်ထာဝရဘုရားကူမတော်မူခြင်းကို စောင့်မျှော်လျက်နေ၏။ ကိုယ်တော်၏ကတိတော်ကိုယုံကြည်ကိုးစားပါ၏။
၅ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ် သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော် လင့်၏။
6 ၆ ကင်းစောင့်တို့သည်အရုဏ်တက်ချိန်ကို စောင့်မျှော်သည်ထက် ငါသည်ဘုရားရှင်ကိုပို၍စောင့်မျှော်လျက်နေ၏။
၆နံနက်ကိုမြော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကို မြော်လင့်လျက်နေ၏။
7 ၇ အို ဣသရေလ၊ထာဝရဘုရား၏မေတ္တာတော်သည် ခိုင်မြဲသည်ဖြစ်၍ကိုယ်တော်သည်ကယ်တော်မူရန် အခါခပ်သိမ်းအသင့်ရှိတော်မူသောကြောင့် ကိုယ်တော်ကိုကိုးစားကြလော့။
၇ဣသရေလအမျိုးသည် ထာဝရဘုရားကို မြော် လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ ကရုဏာ ရှိ၏။ များစွာသော ရွေးနှုတ်ခြင်းကျေးဇူးရှိ၏။ ဣသရေလ အမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့ အထဲက ရွေးနှုတ်တော်မူလိမ့်မည်။
8 ၈ ကိုယ်တော်သည်မိမိ၏လူစုတော်ဖြစ်သော ဣသရေလအားအပြစ်အပေါင်းမှ ကယ်တော်မူလိမ့်မည်။
၈