< ဆာလံ 130 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးကြေကွဲရာမှ ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
A song of degrees. Out of the deepe places haue I called vnto thee, O Lord.
2 ၂ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအော်ဟစ်သံကိုကြားတော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးတောင်းလျှောက် သံကို နားထောင်တော်မူပါ။
Lord, heare my voyce: let thine eares attend to the voyce of my prayers.
3 ၃ အကယ်၍ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုရေးမှတ်ထားမည်ဆိုပါက အဘယ်သူသည်အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။
If thou, O Lord, straightly markest iniquities, O Lord, who shall stand?
4 ၄ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။
But mercie is with thee, that thou mayest be feared.
5 ၅ ငါသည်ထာဝရဘုရားကူမတော်မူခြင်းကို စောင့်မျှော်လျက်နေ၏။ ကိုယ်တော်၏ကတိတော်ကိုယုံကြည်ကိုးစားပါ၏။
I haue waited on the Lord: my soule hath waited, and I haue trusted in his worde.
6 ၆ ကင်းစောင့်တို့သည်အရုဏ်တက်ချိန်ကို စောင့်မျှော်သည်ထက် ငါသည်ဘုရားရှင်ကိုပို၍စောင့်မျှော်လျက်နေ၏။
My soule waiteth on the Lord more then the morning watch watcheth for the morning.
7 ၇ အို ဣသရေလ၊ထာဝရဘုရား၏မေတ္တာတော်သည် ခိုင်မြဲသည်ဖြစ်၍ကိုယ်တော်သည်ကယ်တော်မူရန် အခါခပ်သိမ်းအသင့်ရှိတော်မူသောကြောင့် ကိုယ်တော်ကိုကိုးစားကြလော့။
Let Israel waite on the Lord: for with the Lord is mercie, and with him is great redemption.
8 ၈ ကိုယ်တော်သည်မိမိ၏လူစုတော်ဖြစ်သော ဣသရေလအားအပြစ်အပေါင်းမှ ကယ်တော်မူလိမ့်မည်။
And he shall redeeme Israel from all his iniquities.