< ဆာလံ 129 >
1 ၁ ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။
Ein Stufenlied. - Sie haben mich schon oft von Jugend an bedrängt." So spreche Israel!
2 ၂ ``ငယ်စဉ်အခါမှအစပြု၍ငါ့အားရန်သူတို့သည် ရက်စက်စွာညှဉ်းဆဲခဲ့ကြလေပြီ။ သို့ရာတွင်သူတို့သည်ငါ့အပေါ်တွင် အနိုင်မရခဲ့ကြ။
"Schon oft von Jugend an bedrängt, jedoch nicht überwältigt.
3 ၃ သူတို့သည်ငါ၏ကျောကုန်းကိုပြင်းထန်သည့် ဒဏ်ရာများရစေသဖြင့်ထွန်ကြောင်းများရှိသည့် လယ်ကွက်သဖွယ်ဖြစ်စေကြ၏။
Mit meinem Rücken pflügten sie und dehnten ihre Ackerfelder in die Weite.
4 ၄ သို့ရာတွင်ဖြောင့်မတ်တော်မူသောအရှင် ထာဝရဘုရားသည်ငါ့ကိုကျွန်ဘဝမှ လွတ်မြောက်စေတော်မူလေပြီ''
Der Herr jedoch, gerecht, zerhaut der Frevler Stränge."
5 ၅ ဇိအုန်မြို့ကိုမုန်းသောသူအပေါင်းတို့သည် အရေးရှုံးနိမ့်လျက်တပ်လန်ကြပါစေသော။
In Schande sollen weichen all die Hasser Sions.
6 ၆ သူတို့သည်အိမ်ခေါင်မိုးပေါ်တွင်ပေါက်၍ မကြီးထွားမီခြောက်သွေ့သွားသည့် မြက်ပင်များကဲ့သို့ဖြစ်ပါစေသော။
Sie seien wie das Gras auf Dächern, das vor dem Blühen schon verdorrt!
7 ၇ ထိုမြက်တို့ကိုအဘယ်သူမျှစုသိမ်းသယ်ယူမှုကို ပြုလိမ့်မည်မဟုတ်။
Der Schnitter füllt nicht seine Hand damit, nicht seinen Schoß der Garbenbinder.
8 ၈ ``ထာဝရဘုရားသည်သင်တို့ကိုကောင်းချီး ပေးတော်မူပါစေသော။ ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ငါတို့သည်သင်တို့အားကောင်းချီးပေး ပါ၏'' ဟူ၍ အနီးမှဖြတ်သန်းသွားလာသူတို့ကသူတို့အား ပြောဆိုကြလိမ့်မည်မဟုတ်။
Und keiner der Vorübergehenden ruft: "Des Herren Segen über euch! Wir grüßen euch im Namen des Herrn."