< ဆာလံ 128 >
1 ၁ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏နည်းလမ်းတော်များနှင့်အညီ ကျင့်ကြံပြုမူသူများသည်မင်္ဂလာရှိကြ၏။
Mɔzɔha. Woayra ame siwo vɔ̃a Yehowa, ame siwo zɔna le eƒe mɔwo dzi.
2 ၂ သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
Àɖu wò ŋutɔ wò dɔwɔwɔ ƒe kutsetse, eye yayra kple dzidzedze anye tɔwò gome.
3 ၃ အိမ်တွင်း၌သင်၏ဇနီးသည်အသီးနှင့်ပြည့်သော စပျစ်ပင်ကဲ့သို့လည်းကောင်း၊ စားပွဲပတ်လည်ရှိသင်၏သားများသည်လည်း စိုက်ပျိုးထားသောသံလွင်ပင်ပျိုများ ကဲ့သို့လည်းကောင်းဖြစ်လိမ့်မည်။
Srɔ̃wò anɔ abe wainka si tse kplanyaa la ene anɔ aƒewò me; viwò ŋutsuwo anɔ abe amitiɖɔmi ene le wò kplɔ̃ ŋu godoo.
4 ၄ ထာဝရဘုရား၏စကားတော်ကို နားထောင်သောသူသည်ဤနည်းအတိုင်း အမှန်ပင် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။
Kpɔ ɖa, aleae woyraa ŋutsu si vɔ̃a Yehowa lae.
5 ၅ ဇိအုန်တောင်တော်ပေါ်မှထာဝရဘုရားသည် သင့်ကိုကောင်းချီးမင်္ဂလာပေးတော်မူပါစေသော။ သင်သည်အသက်ရှင်သမျှကာလပတ်လုံး ယေရုရှလင်မြို့၏ဝပြောစည်ပင်နေသည်ကို တွေ့မြင်ရပါစေသော။
Yehowa neyra wò tso Zion le wò agbemeŋkekewo katã me, eye àkpɔ Yerusalem ƒe dzidzedze.
6 ၆ သင်သည်မြေးများရရှိလာသည်တိုင်အောင် အသက်ရှည်ပါစေသော။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
Ànɔ agbe akpɔ viwòwo ƒe viwo. Ŋutifafa nenɔ Israel dzi.