< ဆာလံ 127 >
1 ၁ အကယ်၍ထာဝရဘုရားသည်အိမ်ကို ဆောက်တော်မမူလျှင်ဆောက်လုပ်သူတို့၏ လုပ်ဆောင်ချက်သည်အချည်းနှီးဖြစ်၏။ ထာဝရဘုရားသည်မြို့ကိုစောင့်တော်မမူ လျှင် ကင်းစောင့်တို့၏စောင့်ကြပ်မှုသည်အချည်းနှီးဖြစ်၏။
A song of ascents. Of Solomon. Unless the Lord builds the house, those who build it labor in vain. Unless the Lord guards the city, the watchman wakes in vain.
2 ၂ အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍ ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ် သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။
In vain you rise early, and finish so late, and so eat sorrow’s bread; for he cares for his loved ones in their sleep.
3 ၃ သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။
Children are a gift of the Lord, the fruit of the womb, a reward.
4 ၄ အသက်ပျိုရွယ်စဉ်အခါရသော သားသမီးများသည်စစ်သူရဲ၏လက်တွင်ရှိသော မြားများနှင့်တူကြ၏။
Like arrows wielded by warriors, are the children of youth.
5 ၅ ဤသို့သောမြားမြောက်မြားစွာရှိသူသည် မင်္ဂလာရှိ၏။ သူသည်ရန်သူများနှင့်တရားရုံးတွင် ရင်ဆိုင်သောအခါအရေးရှုံးနိမ့်လိမ့်မည် မဟုတ်။
Happy the man who has filled his quiver full of them. He will not be ashamed when he speaks with enemies in the gate.