< ဆာလံ 126 >
1 ၁ ငါတို့အားဇိအုန်မြို့သို့ ထာဝရဘုရားပြန်လည်ခေါ်ဆောင်သည်မှာ အိပ်မက်ကဲ့သို့ဖြစ်ပါ၏။
«Yuqirigha chiqish naxshisi» Perwerdigar Ziondin sürgün bolghanlarni qayturup kelgende, Biz chüsh körgendekla bolduq;
2 ၂ ငါတို့သည်များစွာရယ်မောကြရလျက် ပျော်ရွှင်စွာသီချင်းဆိုကြရ၏။ ထိုအခါအခြားလူမျိုးတို့က ``ထာဝရဘုရားသည်ဤသူတို့အတွက် ကြီးမြတ်သောအမှုတို့ကိုပြုတော်မူပါသည် တကား'' ဟုဆိုကြ၏။
Aghzimiz külkige, Tilimiz shadlinishqa toldi; Shu tapta eller arisida ular: — «Perwerdigar ulargha zor ishlarni qilip berdi» — déyishti.
3 ၃ ကိုယ်တော်သည်အမှန်ပင်ငါတို့အတွက် ကြီးမြတ်သောအမှုကိုပြုတော်မူပြီ။ ငါတို့သည်အလွန်ရွှင်လန်းဝမ်းမြောက်ခဲ့ ကြ ပါသည်တကား။
Perwerdigar derweqe biz üchün zor ishlarni qildi, Biz bulardin shadlinimiz.
4 ၄ အို ထာဝရဘုရား၊ မိုးရေသည်ခြောက်သွေ့သည့်ချောင်းများကို ရေဖြင့်တစ်ဖန်ပြည့်စေသကဲ့သို့ ကျွန်တော်မျိုးတို့ကိုတစ်ဖန်ကြီးပွားတိုးတက် စေတော်မူပါ။
Jenubtiki quruq ériqlar [shar-shar sulargha] aylandurulghandek, Biz tutqunlarnimu öz erkimizge qayturghaysen, i Perwerdigar;
5 ၅ မျက်ရည်ကျလျက်စိုက်ပျိုးကြရသူတို့အား ဝမ်းမြောက်စွာသီးနှံများရိတ်သိမ်းရသော အခွင့်ကိုပေးတော်မူပါ။
Köz yashlirini éqitip térighanlar shadliq bilen orar;
6 ၆ မျက်ရည်ကျလျက်မျိုးစေ့များကို ယူဆောင်သွားကြသူတို့သည် သီးနှံများကိုသယ်ဆောင်ကာဝမ်းမြောက်စွာ သီချင်းဆို၍ပြန်လာကြလိမ့်မည်။
Yighlap yürüp chachidighan uruqni kötürgen kishi, Berheq, shadliq-tentene bilen orighan baghlirini kötürüp qaytip kélidu.