< ဆာလံ 126 >
1 ၁ ငါတို့အားဇိအုန်မြို့သို့ ထာဝရဘုရားပြန်လည်ခေါ်ဆောင်သည်မှာ အိပ်မက်ကဲ့သို့ဖြစ်ပါ၏။
Bwana alipowarejesha mateka wa Sayuni, tulikuwa kama waotao ndoto.
2 ၂ ငါတို့သည်များစွာရယ်မောကြရလျက် ပျော်ရွှင်စွာသီချင်းဆိုကြရ၏။ ထိုအခါအခြားလူမျိုးတို့က ``ထာဝရဘုရားသည်ဤသူတို့အတွက် ကြီးမြတ်သောအမှုတို့ကိုပြုတော်မူပါသည် တကား'' ဟုဆိုကြ၏။
Vinywa vyetu vilijawa na vicheko na ndimi zetu zilijawa na kuimba. Kisha wakasema kati ya mataifa, “Yahwe amewatendea mambo makuu.”
3 ၃ ကိုယ်တော်သည်အမှန်ပင်ငါတို့အတွက် ကြီးမြတ်သောအမှုကိုပြုတော်မူပြီ။ ငါတို့သည်အလွန်ရွှင်လန်းဝမ်းမြောက်ခဲ့ ကြ ပါသည်တကား။
Yahwe alitufanyia mambo makuu; ni furaha gani tuliyokuwa nayo!
4 ၄ အို ထာဝရဘုရား၊ မိုးရေသည်ခြောက်သွေ့သည့်ချောင်းများကို ရေဖြင့်တစ်ဖန်ပြည့်စေသကဲ့သို့ ကျွန်တော်မျိုးတို့ကိုတစ်ဖန်ကြီးပွားတိုးတက် စေတော်မူပါ။
Ee Yahwe, uwarejeshe mateka wetu, kama vijito vya kusini.
5 ၅ မျက်ရည်ကျလျက်စိုက်ပျိုးကြရသူတို့အား ဝမ်းမြောက်စွာသီးနှံများရိတ်သိမ်းရသော အခွင့်ကိုပေးတော်မူပါ။
Wale wapandao kwa machozi watavuna kwa kelele za furaha.
6 ၆ မျက်ရည်ကျလျက်မျိုးစေ့များကို ယူဆောင်သွားကြသူတို့သည် သီးနှံများကိုသယ်ဆောင်ကာဝမ်းမြောက်စွာ သီချင်းဆို၍ပြန်လာကြလိမ့်မည်။
Yeye aendaye akilia, akibeba mbegu kwa ajili a kupanda, atarudi tena kwa kelele za furaha, akileta miganda yake.