< ဆာလံ 124 >
1 ၁ အကယ်၍ထာဝရဘုရားသာ ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း။ အို ဣသရေလအမျိုးသားတို့၊ဖြေကြားကြလော့။
A SONG OF THE ASCENTS. BY DAVID. If YHWH had not been for us (Pray, let Israel say),
2 ၂ ငါတို့အားရန်သူများတိုက်ခိုက်ကြစဉ်အခါက ထာဝရဘုရားသာငါတို့ဘက်၌ရှိတော် မမူခဲ့လျှင်
If YHWH had not been for us, In the rising up of man against us,
3 ၃ သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍ ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။
Then they had swallowed us alive, In the burning of their anger against us,
4 ၄ ထိုနောက်ငါတို့သည်ရေစီးရာသို့မျောပါသွား၍ ရေသည်ငါတို့ကိုလွှမ်းမိုးလိမ့်မည်။
Then the waters had overflowed us, The stream passed over our soul,
5 ၅ ငါတို့သည်အဟုန်ပြင်းသည့်ရေစီးချောင်းတွင် နစ်မြုပ်သွားကြလိမ့်မည်။
Then proud waters had passed over our soul.
6 ၆ ငါတို့ကိုရန်သူများအုပ်ဖမ်းကိုက်စားသည့် အစာဖြစ်ခွင့်ပေးတော်မမူသောထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းကြကုန်စို့။
Blessed [is] YHWH who has not given us, [As] prey to their teeth.
7 ၇ ငါတို့သည်မုဆိုး၏ကျော့ကွင်းမှလွတ်မြောက် လာသော ငှက်ကဲ့သို့သေဘေးမှလွတ်မြောက်ကြလေပြီ။ ကျော့ကွင်းပြတ်၍ငါတို့လွတ်မြောက်ရကြ၏။
Our soul has escaped as a bird from a snare of fowlers, The snare was broken, and we have escaped.
8 ၈ ငါတို့သည်ကူညီမစမှုကိုကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၏ထံတော်မှရရှိကြ သတည်း။
Our help [is] in the Name of YHWH, Maker of the heavens and earth!