< ဆာလံ 123 >
1 ၁ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။
Cántico gradual. Levanto mis ojos a Ti que habitas en los cielos.
2 ၂ အစေခံသည်မိမိ၏သခင်ကိုလည်းကောင်း၊ အစေခံမသည်မိမိသခင်မကိုလည်းကောင်း မှီခိုအားထားသကဲ့သို့ ကျွန်တော်မျိုးတို့သည်မိမိတို့၏ဘုရားသခင် ထာဝရဘုရား၏ကရုဏာတော်ကို မခံစားရမချင်းကိုယ်တော်ရှင်အား မျှော်ကြည့်လျက်နေပါမည်။
Como los ojos de los siervos están fijos en las manos de sus señores; como los ojos de la sierva en las manos de su señora, así nuestros ojos están fijos en Yahvé nuestro Dios, hasta que se apiade de nosotros.
3 ၃ ကျွန်တော်မျိုးတို့သည်လွန်မင်းစွာမထီမဲ့မြင် ပြုခြင်းကိုခံကြရပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးတို့အားသနားတော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားသနားတော်မူပါ။
Apiádate, Yahvé, senos propicio, porque estamos colmados de desprecio.
4 ၄ ကျွန်တော်မျိုးတို့သည်ချမ်းသာကြွယ်ဝ သူတို့၏ ပြောင်လှောင်ခြင်းကိုလည်းကောင်း၊ မာန်မာနကြီးသူတို့၏မထီမဲ့မြင်ပြုခြင်း ကိုလည်းကောင်းခံရကြသည်မှာကြာပါပြီ။
Nuestra alma está muy harta del escarnio de los saciados, del oprobio de los soberbios.