< ဆာလံ 122 >
1 ၁ သူတို့က``ထာဝရဘုရား၏အိမ်တော်သို့ ငါတို့သွားကြကုန်အံ့'' ဟုဆိုသောအခါ ငါသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
I was glad when they said unto me, Let us go into the house of Yhwh.
2 ၂ ယခုအခါငါတို့သည်ယေရုရှလင်မြို့ တံခါးအတွင်းရပ်လျက်ရှိနေကြပါ၏။
Our feet shall stand within thy gates, O Jerusalem.
3 ၃ ယေရုရှလင်မြို့သည်တင့်တယ်လျောက်ပတ်စွာ ပြန်လည်တည်ဆောက်ထားသောမြို့ဖြစ်ပေ၏။
Jerusalem is builded as a city that is compact together:
4 ၄ ဤမြို့သည်ဘုရားသခင်အမိန့်တော်ရှိသည့် အတိုင်း ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းရန် ဣသရေလအနွယ်တို့စုရုံးရာအရပ် ဖြစ်၏။
Whither the tribes go up, the tribes of Yah, unto the testimony of Israel, to give thanks unto the name of Yhwh.
5 ၅ ဤမြို့သည်ဣသရေလဘုရင်တို့နန်းစိုက်၍ ပြည်သူတို့အားတရားစီရင်ရာဌာနဖြစ်၏။
For there are set thrones of judgment, the thrones of the house of David.
6 ၆ ``သင့်ကိုချစ်မြတ်နိုးသူတို့သည်ကောင်းစား ကြပါစေသော။ သင်၏မြို့ရိုးများအတွင်း၌ငြိမ်းချမ်းသာယာ မှုရှိ၍ သင်၏နန်းတော်များအတွင်း၌ဘေးမဲ့လုံခြုံမှု ရှိပါစေသော'' ဟု ယေရုရှလင်မြို့၏ငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းပတ္ထနာပြုကြလော့။
Pray for the peace of Jerusalem: they shall prosper that love thee.
Peace be within thy walls, and prosperity within thy palaces.
8 ၈ ငါသည်ဆွေမျိုးများနှင့်မိတ်ဆွေများကို ထောက်ထား၍ယေရုရှလင်မြို့အား ``သင်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေသော'' ဟု မြွက်ဆိုပါ၏။
For my brethren and companions’ sakes, I will now say, Peace be within thee.
9 ၉ ငါတို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ကိုထောက်ထား၍ သင်၏စည်ပင်သာယာမှုအတွက် ဆုတောင်းပတ္ထနာပြုပါ၏။
Because of the house of Yhwh our God I will seek thy good.