< ဆာလံ 121 >
1 ၁ ငါသည်တောင်ရိုးများသို့မျှော်ကြည့်၏။ အဘယ်မှကူညီမစမှုကိုငါရပါမည်နည်း။
Cántico gradual. Alzo mis ojos hacia los montes: ¿De dónde me vendrá el socorro?
2 ၂ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရား၏ထံတော်မှရပါလိမ့်မည်။
Mi socorro viene de Yahvé que creó el cielo y la tierra.
3 ၃ ကိုယ်တော်သည်သင့်အားခြေချော်၍ လဲစေတော်မူလိမ့်မည်မဟုတ်။ သင့်ကိုကွယ်ကာစောင့်ရှောက်တော်မူသော အရှင်သည်အိပ်တော်မမူ။
¿Permitirá Él que resbale tu pie? ¿O se dormirá el que te guarda?
4 ၄ ဣသရေလအမျိုးသားတို့ကိုကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်သည် အဘယ်အခါ၌မျှငိုက်မျည်းအိပ်စက်ခြင်း ရှိတော်မမူ။
No por cierto: no dormirá, ni siquiera dormitará, el Custodio de Israel.
5 ၅ ထာဝရဘုရားသည်သင့်ကိုစောင့်ကြပ်တော် မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အနီးတွင်ရှိသောသင့်ကို ကွယ်ကာရာအရိပ်ဖြစ်တော်မူ၏။
Es Yahvé quien te custodia; Yahvé es tu umbráculo y se mantiene a tu derecha.
6 ၆ နေသည်နေ့အခါ၌လည်းကောင်း၊ လသည်ညဥ့်အခါ၌လည်းကောင်း သင့်ကိုဥပဒ်ပေးလိမ့်မည်မဟုတ်။
De día no te dañará el sol, ni de noche la luna.
7 ၇ ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်း တို့မှ သင့်ကိုကွယ်ကာတော်မူလိမ့်မည်။ သင့်ကိုဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
Presérvete Yahvé de todo mal; Él guarde tu alma.
8 ၈ ကိုယ်တော်သည်ယခုမှစ၍ကာလအစဉ်မပြတ် သင်သွားလာလေရာတို့၌သင့်အား ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။
Yahvé custodiará tu salida y tu llegada, ahora y para siempre.