< ဆာလံ 120 >

1 ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။
အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။
2 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​လိမ်​လည်​တတ်​သူ​များ နှင့် လှည့်​စား​တတ်​သူ​များ​၏​လက်​မှ​ကယ်​တော် မူ​ပါ။
အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သော လျှာမှ၎င်း ကယ်နှုတ်တော်မူပါ။
3 အ​ချင်း​လိမ်​လည်​တတ်​သူ​တို့၊ သင်​တို့​အား​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​သို့ စီ​ရင်​တော်​မူ​လိမ့်​မည်​နည်း။ သင်​တို့​အား​ကိုယ်​တော်​သည်​အ​ဘယ်​သို့ ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​နည်း။
အိုလှည့်စားတတ်သောလျှာ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း။ အဘယ်အကျိုးကိုခံရသနည်း။
4 စစ်​သည်​တို့​၏​ထက်​မြက်​သော​မြား​ဖြင့်​လည်း ကောင်း၊ ရဲ​ရဲ​တောက်​ပူ​လောင်​သည့်​မီး​ခဲ​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။
အားကြီးသော သူ၏ ထက်သောမြှားကဲ့သို့၎င်း၊ ရသမ်သစ်သား မီးခဲကဲ့သို့၎င်းဖြစ်၏။
5 သင်​တို့​နှင့်​ငါ​နေ​ရ​သည်​မှာ​မေ​ရှက်​ပြည်​၌ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ ကေ​ဒါ အ​မျိုး​သား​များ​နှင့်​အ​တူ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း​ဆိုး​ရွား​ပါ​၏။
ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။
6 ငါ​သည်​ငြိမ်း​ချမ်း​ရေး​ကို​မုန်း​သော​သူ​တို့​နှင့် နေ​ရ​သည်​မှာ​ကြာ​မြင့်​လွန်း​လေ​ပြီ။
ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။
7 ငါ​သည်​ငြိမ်း​ချမ်း​ရေး​အ​ကြောင်း​ပြော​ဆို သော​အ​ခါ သူ​တို့​က​စစ်​တိုက်​ရန်​ပြော​ဆို​ကြ​၏။
ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြော လျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။

< ဆာလံ 120 >