< ဆာလံ 120 >
1 ၁ ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
Nzembo ya mobembo tango bazalaki kokende na Tempelo ya Yawe. Kati na pasi na ngai, nabelelaki Yawe, mpe ayanolaki ngai.
2 ၂ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားလိမ်လည်တတ်သူများ နှင့် လှည့်စားတတ်သူများ၏လက်မှကယ်တော် မူပါ။
Oh Yawe, kangola ngai wuta na maboko ya bakosi mpe wuta na lolemo ya lokuta!
3 ၃ အချင်းလိမ်လည်တတ်သူတို့၊ သင်တို့အားဘုရားသခင်သည်အဘယ်သို့ စီရင်တော်မူလိမ့်မည်နည်း။ သင်တို့အားကိုယ်တော်သည်အဘယ်သို့ ဒဏ်ခတ်တော်မူလိမ့်မည်နည်း။
Yo, lolemo ya lokuta, Yawe akopesa yo nini, akofuta yo nini?
4 ၄ စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။
Akobeta yo na makonga ya elombe ya bitumba, oyo ezali ya songe, elongo na makala ya moto ya nzete ya nzube.
5 ၅ သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
Mawa na ngai, mpo ete navandi lokola mopaya kati na Mesheki, kati na bandako ya kapo ya Kedari.
6 ၆ ငါသည်ငြိမ်းချမ်းရေးကိုမုန်းသောသူတို့နှင့် နေရသည်မှာကြာမြင့်လွန်းလေပြီ။
Navandaki tango molayi kati na bato oyo balingaka kimia te.
7 ၇ ငါသည်ငြိမ်းချမ်းရေးအကြောင်းပြောဆို သောအခါ သူတို့ကစစ်တိုက်ရန်ပြောဆိုကြ၏။
Ngai, nazali moto ya kimia; kasi soki kaka nameki koloba na tina na kimia, bango baponaka mbala moko bitumba.