< ဆာလံ 120 >
1 ၁ ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
Cantique des degrés. J’ai crié vers le Seigneur, lorsque j’étais dans la tribulation, et il m’a exaucé.
2 ၂ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားလိမ်လည်တတ်သူများ နှင့် လှည့်စားတတ်သူများ၏လက်မှကယ်တော် မူပါ။
Seigneur, délivrez mon âme des lèvres iniques, et d’une langue trompeuse.
3 ၃ အချင်းလိမ်လည်တတ်သူတို့၊ သင်တို့အားဘုရားသခင်သည်အဘယ်သို့ စီရင်တော်မူလိမ့်မည်နည်း။ သင်တို့အားကိုယ်တော်သည်အဘယ်သို့ ဒဏ်ခတ်တော်မူလိမ့်မည်နည်း။
Que te sera-t-il donné, ou que te reviendra-t-il pour ta langue trompeuse?
4 ၄ စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။
Les flèches aiguës d’un archer vigoureux, avec des charbons destructeurs.
5 ၅ သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
Malheur à moi, parce que mon séjour dans une terre étrangère a été prolongé. J’ai habité avec les habitants de Cédar;
6 ၆ ငါသည်ငြိမ်းချမ်းရေးကိုမုန်းသောသူတို့နှင့် နေရသည်မှာကြာမြင့်လွန်းလေပြီ။
Mon âme a beaucoup séjourné dans une terre étrangère.
7 ၇ ငါသည်ငြိမ်းချမ်းရေးအကြောင်းပြောဆို သောအခါ သူတို့ကစစ်တိုက်ရန်ပြောဆိုကြ၏။
Avec ceux qui haïssent la paix, j’étais pacifique; lorsque je leur parlais, ils m’attaquaient gratuitement.