< ဆာလံ 119 >

1 ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လှောက် လက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​သက်​ရှင်​လှုပ်​ရှား သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။
2 သွန်​သင်​တော်​မူ​ခက်​တို့​ကို​လိုက်​နာ​၍ ကိုယ်​တော်​၏​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ ခံ​ယူ​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။
သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာရှိကြ၏။
3 ထို​သူ​တို့​သည်​ဒု​စ​ရိုက်​ကို​မ​ပြု​မ​ကင့်​ဘဲ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​လမ်း​အ​တိုင်း လိုက်​လှောက်​တတ်​ကြ​၏။
ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွား တတ်ကြ၏။
4 အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​တို့​အား​ပေး​အပ်​တော်​မူ​လက် ယင်း​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ ရန် မှာ​ကြား​တော်​မူ​ပါ​ပြီ။
အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။
5 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ည"န်​ကြား​ခက်​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​နာ​ရန် ဆန္ဒ​ပြင်း​ပြ​ပါ​၏။
ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည် အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။
6 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော် ရှိ​သ​မှ​ကို​အ​လေး​ဂ​ရု​ပြု​ပါ​လှင် အ​ရှက်​တ​ကွဲ​အ​ကျိုး​နည်း​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။
အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ရပါ၏။
7 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန် သည့် စီ​ရင်​တော်​မူ​ခက်​မား​ကို​ခံ​ယူ​မှတ်​သား​ကာ ဖြူ​စင်​သည့်​စိတ်​နှ​လုံး​ဖြင့်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည်။
8 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ် တော်​မား အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ပါ​မည်။ ကွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မှ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော် မမူပါနှင့်။
9 လူ​ငယ်​လူ​ရွယ်​သည်​အ​ဘယ်​သို့​အား​ဖြင့် ဖြောင့်​မတ်​စွာ​ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ်​စွာ ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​၏။
လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်။
10 ၁၀ ကွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​၏ အ​စေ​ကို​ခံ​နိုင်​ရန်​ကြိုး​စား​ပါ​မည်။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား​ပါ​စေ​နှင့်။
၁၀အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်း မဲ့ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။
11 ၁၁ ကိုယ်​တော်​ရှင်​အား​မ​ပြစ်​မှား​စေ​ရန် ကွန်​တော်​မျိုး​သည်​မိ​မိ​၏​စိတ်​နှ​လုံး​ထဲ​တွင် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သို​ထား​ပါ​၏။
၁၁ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။
12 ၁၂ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​မား​ကို​သွန်​သင်​တော်​မူ​ပါ။
၁၂အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော် မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင် တော်မူပါ။
13 ၁၃ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​အပ်​တော် မူ​သော ပ​ညတ်​တော်​အ​ပေါင်း​ကို​အ​သံ​ကယ်​စွာ ရွတ်​ဆို​ပါ​မည်။
၁၃စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။
14 ၁၄ ကွန်​တော်​မျိုး​သည်​စည်း​စိမ်​ဥစ္စာ​မား​ထက် ကိုယ်​တော်​ရှင်​ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​ကို ပို​၍​နှစ်​သက်​ပါ​၏။
၁၄ခပ်သိမ်းသော စည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။
15 ၁၅ ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို ဆင်​ခြင်​လက် နည်း​လမ်း​တော်​တို့​ကို​အ​စဉ်​အာ​ရုံ​စိုက်​ပါ​၏။
၁၅ပေးတော်မူသော ဩဝါဒကို ဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏။
16 ၁၆ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို နှစ်​သက်​ပါ​၏။ အ​မိန့်​တော်​တို့​ကို​မေ့​လော့​မည်​မ​ဟုတ်ပါ။
၁၆အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်က ပတ်တော်ကို မမှတ်ဘဲမနေပါ။
17 ၁၇ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား ကေး​ဇူး​ပြု​တော်​မူ​ပါ။ သို့​မှ​သာ​လှင်​ကွန်​တော်​မျိုး​သည်​အ​သက်​ရှင်​လက် ကိုယ်​တော်​ရှင်​၏​သွန်​သင်​ခက်​တို့​ကို လိုက်​နာ​နိုင်​ပါ​မည်။
၁၇ကိုယ်တော်၏ ကျွန်သည် အသက်ရှင်၍၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း၊ ကျေးဇူး ပြုတော်မူပါ။
18 ၁၈ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ​အံ့​သြ​ဖွယ်​ရာ​မား​ကို တေ"​မြင်​နိုင်​ရန်​ကွန်​တော်​မျိုး​၏​မက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။
၁၈တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင် ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။
19 ၁၉ ကွန်​တော်​မျိုး​သည်​ဤ​ကမ္ဘာ​မြေ​ပေ"​တွင် ခေတ္တ​ခ​ဏ​မှ​သာ​နေ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​ထံ​မှ​ဝှက်​ထား​တော်​မ​မူ​ပါ နှင့်။
၁၉အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။
20 ၂၀ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံးဖြတ်​ခက်​တို့​ကို​အ​ခါ​ခပ်​သိမ်း စိတ်​စွဲ​လမ်း​တောင့်​တ​လက်​ရှိ​ပါ​၏။
၂၀စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တ သောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက် ရှိပါ၏။
21 ၂၁ ကိုယ်​တော်​ရှင်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ကြပ်​တည်း​စွာ​ဆို​ဆုံး​မ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မား​မှ သွေ​ဖည်​သွား​ကြ​သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ကြ​၏။
၂၁မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။
22 ၂၂ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ထို​သူ​တို့​၏​စော်​ကား​မှု​နှင့် မ​ထီ​မဲ့​မြင်​ပြု​မှု​တို့​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ။
၂၂အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည် ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။
23 ၂၃ အာ​ဏာ​ပိုင်​တို့​သည်​ကွန်​တော်​မျိုး​အား ဆန့်​ကင်​ဘက်​ပြု​၍​တိုင်​ပင်​ကြံ​စည်​လက် နေ​ကြ​၏။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး မူ​ကား ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လေ့​လာ​ပါ​မည်။
၂၃မင်းတို့သည် အကျွန်ုပ်တဘက်၌ ထိုင်၍ပြောကြ ပါ၏။ ကိုယ်တော်၏ ကျွန်မူကား၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။
24 ၂၄ ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​တော်​မူ​ခက် တို့​သည် ကွန်​တော်​မျိုး​အား​စိတ်​ရ"င်​လန်း​စေ​ပါ​၏။ ယင်း​တို့​သည်​ကွန်​တော်​မျိုး​အား​လမ်း​ည"န် ကြ​ပါ​၏။
၂၄သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။
25 ၂၅ အ​ရေး​ရှုံး​နိမ့်​၍​ကွန်​တော်​မျိုး​သည် မြေ​မှုန့်​၌​လဲ​လက်​ရှိ​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​အ​သက်​ရှင်​စေ​တော် မူ​ပါ။
၂၅အကျွန်ုပ်၏ အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ။
26 ၂၆ ကွန်​တော်​မျိုး​သည်​မိ​မိ​ပြု​မိ​သ​မှ​သော အ​ပြစ်​တို့​ကို​ဖော်​ပြ​ဝန်​ခံ​သည်​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​ပန်​ကြား ခက်​ကို နား​ညောင်း​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။
၂၆အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဘော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော် တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
27 ၂၇ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​နား​လည် နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အံ့​သြ​ဖွယ်​ကောင်း​သည့်​သွန်​သင်​ခက် တို့​ကို ဆင်​ခြင်​ပါ​မည်။
၂၇ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ် နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ်သော အမှု တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
28 ၂၈ ကွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု ခံ​စား​လက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ခွန်​အား​ပေး​တော်​မူ​ပါ။
၂၈အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံး အရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။
29 ၂၉ ကွန်​တော်​မျိုး​သည်​လမ်း​လွဲ​၍​မ​သွား​စေ​ရန် ကူ​မ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကို​ထောက်​၍​ကွန်​တော်​မျိုး​အား တ​ရား​တော်​ကို​သွန်​သင်​တော်​မူ​ပါ။
၂၉မုသာလမ်းကို အကျွန်ုပ်ရှောင်ပါမည် အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော် မူပါ။
30 ၃၀ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​စ​ကား တော်​ကို နား​ထောင်​ရန်​ရွေး​ခယ်​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​ခက်​တို့​ကို အာ​ရုံ​စိုက်​ပါ​ပြီ။
၃၀သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော် မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။
31 ၃၁ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ သြ​ဝါ​ဒ​မား​ကို​လိုက်​နာ​ပါ​ပြီ။ ကွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။
၃၁သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။
32 ၃၂ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ် ပို​မို​ပွင့်​လင်း​စေ​တော်​မူ​မည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​အ​မိန့်​တော်​တို့​ကို စိတ်​အား​ထက်​သန်​စွာ​လိုက်​နာ​ပါ​မည်။
၃၂အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။
33 ၃၃ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​မြဲ​တ​စေ လိုက်​လှောက်​ပါ​မည်။
၃၃အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။
34 ၃၄ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​ရှင်း​လင်း ဖော်​ပြ​တော်​မူ​ပါ။ ယင်း​ကို​ကွန်​တော်​မျိုး​သည်​လိုက်​နာ​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ထိန်း​ပါ​မည်။
၃၄ဥာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့် ပါမည်။ စိတ်နှလုံး အကြွင်းမဲ့စောင့်ပါမည်။
35 ၃၅ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​မား​ကို​နှစ်​သက်​သည်​ဖြစ်​၍ ပ​ညတ်​တော်​မား​ကို​စောင့်​ထိန်း​နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
၃၅ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။
36 ၃၆ စည်း​စိမ်​ဥစ္စာ​ခမ်း​သာ​ကြွယ်​ဝ​လို​စိတ်​အ​စား ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​ခက်​တို့​ကို လိုက်​နာ​စိတ်​ကွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။
၃၆အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ။
37 ၃၇ အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​မား​ကို​အာ​ရုံ​ပြု​မှု​နှင့် ကင်း​ဝေး​စေ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ က​တိ​တော်​အ​တိုင်း​ကေး​ဇူး​ပြု​တော်​မူ​ပါ။
၃၇အနတ္တကို ပမာဏမပြုစေခြင်းငှါ အကျွန်ုပ် မျက်စိကို အခြားသို့ လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။
38 ၃၈ ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​အား ထား​တော်​မူ​သည့်​က​တိ​တော်​ကို​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား​ခံ​စား​စေ​တော်​မူ​ပါ။
၃၈ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။
39 ၃၉ ကွန်​တော်​မျိုး​ကြောက်​လန့်​သည့်​စော်​ကား​မှု​မား​မှ ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။
၃၉အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်း မွန်ကြပါ၏။
40 ၄၀ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ် တော်​တို့​ကို အ​လွန်​စောင့်​ထိန်း​လို​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​ပါ။
၄၀ပေးတော်မူသော ဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
41 ၄၁ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​အ​ဘယ်​မှ ခစ်​တော်​မူ​ကြောင်း​ကို​ပြ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
၄၁အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော။
42 ၄၂ ထို​အ​ခါ​ကွန်​တော်​မျိုး​သည်​မိ​မိ​အား​စော်​ကား သူ​တို့​ကို​ပြန်​လည်​ခေ​ပ​နိုင်​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကွန်​တော်​မျိုး​သည် နှုတ်​က​ပတ်​တော်​ကို​ကိုး​စား​သော​ကြောင့် ဖြစ်​ပါ​၏။
၄၂ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သော သူ၏စကားကို ချေစရာ အကြောင်း ရှိရပါလိမ့်မည်။
43 ၄၃ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံး​ဖြတ်​ခက်​တို့​ကို​စောင့်​မှော်​သည်​ဖြစ်​၍ အ​ခါ​ခပ်​သိမ်း​သစ္စာ​စ​ကား​ကို​ပြော​ဆို​နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
၄၃စီရင်တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည် ဖြစ်၍၊ အကျွန်ုပ်၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။
44 ၄၄ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​ပါ​မည်။ ကာ​လ​အ​စဉ်​အ​ဆက်​လိုက်​နာ​ပါ​မည်။
၄၄ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။
45 ၄၅ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သြ​ဝါ​ဒ မား​ကို ကြိုး​စား​၍​လိုက်​နာ​သ​ဖြင့် လွတ်​လပ်​မှု​အ​ပြည့်​အ​ဝ​ဖြင့်​သွား​လာ​နေ​ထိုင် ရ​ပါ​လိမ့်​မည်။
၄၅ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရ ပါ၏။
46 ၄၆ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဆုံး​မ​သွန်​သင်​ခက်​မား​ကို​ဘု​ရင်​တို့​ရှေ့​တွင် ဖော်​ပြ​ကြေ​ညာ​ပါ​မည်။ ကွန်​တော်​မျိုး​သည်​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​လိမ့်​မည် မ​ဟုတ်​ပါ။
၄၆သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်။
47 ၄၇ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို နှစ်​သက်​မြတ်​နိုး​သည်​ဖြစ်​၍​ယင်း​တို့​ကို​လိုက်​နာ စောင့်​ထိန်း​ရာ​တွင်​ရ"င်​လန်း​အား​ရ​မှု​ရှိ​ပါ​၏။
၄၇အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌မွေ့လျော်ပါမည်။
48 ၄၈ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​လေး​စား​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။
၄၈နှစ်သက်သော ပညတ်တော် တို့အား လက်တို့ကို ချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
49 ၄၉ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော် မျိုး​အား ထား​တော်​မူ​သော​က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ယင်း​က​တိ​တော်​သည်​ကွန်​တော်​မျိုး​အား မှော်​လင့်​ခက်​ကို​ပေး​ပါ​ပြီ။
၄၉အကျွန်ုပ် မြော်လင့်စရာအကြောင်း၊ ကိုယ်တော် ၏ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။
50 ၅၀ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​သည်​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​သည်​ဖြစ်​၍ ဆင်း​ရဲ​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ပင်​လှင် ကွန်​တော်​မျိုး​သည်​စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​ပါ​၏။
၅၀ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော် သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။
51 ၅၁ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​ကို အ​စဉ်​ပင် ကဲ့​ရဲ့​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပါ။
၅၁မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏ တရားလမ်းကို အကျွန်ုပ် မရှောင်ပါ။
52 ၅၂ အ​တိတ်​ကာ​လ​က​ကိုယ်​တော်​ရှင်​ပေး​တော်​မူ ခဲ့​သော စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​ကို​သ​တိ​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ယင်း​တို့​သည်​ကွန်​တော်​မျိုး​အား​စိတ်​သက်​သာ​စေ​ပါ​၏။
၅၂အို ထာဝရဘုရား၊ ရှေးကာလ၌ စီရင်တော်မူ ချက်တို့ကို အကျွန်ုပ် အောက်မေ့၍၊ ကိုယ်ကိုကိုယ် နှစ်သိမ့် စေပါ၏။
53 ၅၃ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သူ​ယုတ်​မာ​တို့ စွန့်​ပယ်​ကြ​သည်​ကို​မြင်​သော​အ​ခါ ကွန်​တော်​မျိုး​သည်​အ​မက်​ထွက်​ပါ​၏။
၅၃တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏။
54 ၅၄ ကွန်​တော်​မျိုး​သည်​ဤ​လော​က​၌​ခေတ္တ​မှ အ​သက်​ရှင်​နေ​ရ​ခိန်​၌ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​မား​အ​ကြောင်း​ကို သီ​ခင်း​စပ်​၍​ဆို​ပါ​၏။
၅၄အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်းဖြစ်ကြပါ၏။
55 ၅၅ အို ထာ​ဝ​ရ​ဘု​ရား" ညဥ့်​အ​ခါ​၌​ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို သ​တိ​ရ​လက် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​ဆင်​ခြင်​စဉ်း​စား ပါ​၏။
၅၅အို ထာဝရဘုရား၊ ညဉ့်အချိန်၌ နာမတော်ကို အကျွန်ု အောက်မေ့၍ တရားတော်ကို စောင့်ပါ၏။
56 ၅၆ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရ​ခြင်း​သည်​ကွန်​တော်​မျိုး​အား ဝမ်း​မြောက်​စေ​ပါ​၏။
၅၆ပေးတော်မူသော ဩဝါဒများကို နားထောင် သောအားဖြင့် အားရပါ၏။
57 ၅၇ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​သာ​လှင် တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​က​တိ​ပြု​ပါ​၏။
၅၇အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ အဘို့ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။
58 ၅၈ ကိုယ်​တော်​ရှင်​က​တိ​ရှိ​တော်​မူ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ​ရန် စိတ်​ရော​ကိုယ်​ပါ​တောင်း​လှောက်​ပါ​၏။
၅၈ကျေးဇူးတော်ကို ခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုကို သနားတော်မူပါ။
59 ၅၉ ကွန်​တော်​မျိုး​သည်​မိ​မိ​၏​နေ​ထိုင်​ပုံ​ကို ပြန်​လည်​ဆင်​ခြင်​သုံး​သပ်​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​မား​အ​တိုင်း​လိုက်​နာ​ရန် က​တိ​ပြု​ပါ​၏။
၅၉ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူ ချက်တို့သို့ လှည့်၍လိုက်ပါ၏။
60 ၆၀ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို မ​ဆိုင်း​မ​တွ​ဘဲ​လိုက်​နာ​စောင့်​ထိန်း​ပါ​မည်။
၆၀ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။
61 ၆၁ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ထား​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တရား​တော် ကို မ​မေ့​မ​လော့​ပါ။
၆၁မတရားသောသူ အစည်းအဝေးတို့သည် အကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မမေ့မလျော့ပါ။
62 ၆၂ ကွန်​တော်​မျိုး​သည်​သန်း​ခေါင်​ယံ​တွင်​နိုး​ထ​လက် ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​တော်​မူ​သည့် စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​အ​တွက်​ကိုယ်​တော် ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။
၆၂တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက် ၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။
63 ၆၃ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ကို ခံ​သူ​အ​ပေါင်း​နှင့် ဥ​ပ​ဒေ​သ​တော်​တို့​ကို​ကင့်​သုံး​စောင့်​ထိန်း​သူ အ​ပေါင်း​တို့​၏​မိတ်​ဆွေ​ဖြစ်​ပါ​၏။
၆၃ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူ သော ဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဘော်တတ်ပါ၏။
64 ၆၄ အို ထာ​ဝ​ရ​ဘု​ရား" ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​နှင့်​ပြည့်​ဝ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။
၆၄အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော် နှင့်ပြည့်ဝပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
65 ၆၅ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​က​တိ​တည်​တော်​မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား ကေး​ဇူး​ပြု​တော်​မူ​ပါ​၏။
၆၅အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ကျွန်၌ ကျေးဇူးပြုတော်မူ၏။
66 ၆၆ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို ကိုး​စား​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို ပေး​တော်​မူ​ပါ။
၆၆ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည် ဖြစ်၍၊ ကောင်းသော ဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။
67 ၆၇ ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​တော်​မ​မူ​မီ​အ​ခါ​က ကွန်​တော်​မျိုး​သည်​လမ်း​လွဲ​သော်​လည်း ယ​ခု​မှာ​မူ​နှုတ်​က​ပတ်​တော်​အ​တိုင်း​ပြု​ကင့်​ပါ​၏။
၆၇အကျွန်ုပ်သည် ဆင်းရဲမခံမှီလမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့်ပါ၏။
68 ၆၈ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​ကောင်း​မြတ်​၍ သ​နား​ကြင်​နာ​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။
၆၈ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
69 ၆၉ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​လိမ်​လည်​၍​ပြော​ဆို​ကြ​ပါ​၏။ ကွန်​တော်​မျိုး​မူ​ကား​ဥ​ပ​ဒေ​သ​တို့​ကို အ​စွမ်း​ကုန် လိုက်​နာ​ပါ​၏။
၆၉မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက်၌ မုသာစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေ သများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။
70 ၇၀ ထို​သူ​တို့​သည်​အ​သိ​ဉာဏ်​ရှိ​သူ​မား​မ​ဟုတ်​ပါ။ ကွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​ပါ​၏။
၇၀သူတို့နှလုံး သည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။
71 ၇၁ ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သည်​မှာ​ကွန်​တော် မျိုး အ​တွက်​ကောင်း​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ခံ​ရ​ခြင်း​အား​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​သိ​ရှိ​နား​လည်​၍ လာ​သော​ကြောင့်​ဖြစ်​ပါ​၏။
၇၁အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှါ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။
72 ၇၂ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အ​တွက်​လော​က​ရေ"​ငွေ ရှိ​သ​မှ​ထက်​ပို​၍​အ​ဖိုး​ထိုက်​ပါ​၏။
၇၂နှုတ်တော်ထွက် တရားတော်သည် ရွှေငွေ အထောင်အသောင်းထက်မက၊ အကျွန်ုပ်၌သာ၍ ကောင်းပါ၏။
73 ၇၃ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ဖန်​ဆင်း​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သိ​ရှိ နား​လည်​နိုင်​ရန် ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။
၇၃ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ်တော် တို့ကို အကျွန်ုပ်သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေ တော်မူပါ။
74 ၇၄ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို အား​ကိုး​သည်​ဖြစ်​၍ ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​တို့​သည် ကွန်​တော်​မျိုး​ကို​မြင်​၍​ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။
၇၄နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သော ကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။
75 ၇၅ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက် တို့​သည် တ​ရား​မှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း" သစ္စာ​တော်​နှင့်​အ​ညီ​ကွန်​တော်​မျိုး​အား ဒဏ်​ခတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကွန်​တော်​မျိုး​သိ​ပါ​၏။
၇၅အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ် ကို ဆင်းရဲစေတော်မူကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။
76 ၇၆ က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​ရှင်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကိုယ်​တော့်​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား စိတ်​သက်​သာ​မှု​ကို​ပေး​တော်​မူ​ပါ​စေ​သော။
၇၆ကိုယ်တော်၏ ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသော ဟု ဆုတောင်းပါ၏။
77 ၇၇ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို နှစ်​သက်​မြတ်​နိုး​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ သို့​ပြု​လှင်​ကွန်​တော်​မျိုး​အ​သက်​ရှင်​ရ​ပါ လိမ့်​မည်။
၇၇ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။
78 ၇၈ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား လိမ်​လည် စွပ်​စွဲ​ကြ​သည့်​အ​တွက်​အ​ရှက်​ရ​ကြ​ပါ​စေ​သော။ ကွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​ဆင်​ခြင်​ပါ​မည်။
၇၈မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါ စေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။
79 ၇၉ ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ" ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​ကို သိ​သော​သူ​တို့​သည် ကွန်​တော်​မျိုး​၏​ထံ​သို့​လာ​ကြ​ပါ​စေ​သော။
၇၉ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေ ခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။
80 ၈၀ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လှောက်​သ​ဖြင့် အ​ရေး​ရှုံး​နိမ့်​၍​အ​ရှက်​ကွဲ​မှု​နှင့် ကင်း​လွတ်​ပါ​စေ​သော။
၈၀ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။
81 ၈၁ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကယ်​တော် မူ​မည်​ကို စောင့်​ဆိုင်း​ရ​၍​အား​အင်​ကုန်​ခန်း​လက်​ရှိ​ပါ​၏။ ကွန်​တော်​မျိုး​သည်​နှုတ်​က​ပတ်​တော်​ကို ကိုး​စား​ပါ​၏။
၈၁အကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ၏။
82 ၈၂ ``ကွန်​တော်​မျိုး​အား​အ​ဘယ်​သော​အ​ခါ​၌ ကူ​မ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လှောက်​ကာ ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည်​ကို စောင့်​မှော်​နေ​ရ​သည်​မှာ​ကွန်​တော်​မျိုး​၏ မက်​စိ​မား​သည်​ညောင်း​ညာ​လက်​နေ​ပါ​၏။
၈၂အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အားကုန်ပါ၏။
83 ၈၃ ကွန်​တော်​မျိုး​သည်​စွန့်​ပစ်​ထား​သည့်​သား​ရေ ဘူး​ကဲ့​သို့ အ​သုံး​မ​ဝင်​တော့​ပါ။ သို့​သော်​လည်း​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လော့​ပါ။
၈၃မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။
84 ၈၄ ကွန်​တော်​မျိုး​သည်​အ​ဘယ်​မှ​ကြာ​အောင် ဆိုင်း​ငံ့​ရ​ပါ​ဦး​မည်​နည်း။ ကွန်​တော်​မျိုး​အား​ညှဉ်း​ဆဲ​နှိပ်​စက်​သူ​တို့​ကို အ​ဘယ်​အ​ခါ​မှ​ဒဏ်​ခတ်​တော်​မူ​ပါ​မည်​နည်း။
၈၄ကိုယ်တော်၏ ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။
85 ၈၅ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မ​လိုက်​နာ​ကြ​သော မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား ထောင်​ဖမ်း​ရန်​တွင်း​မား​ကို​တူး​ကြ​ပါ​ပြီ။
၈၅မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့တွင်းများကို တူးကြပါပြီ။
86 ၈၆ ပ​ညတ်​တော်​ရှိ​သ​မှ​တို့​သည်​စိတ်​ခ​ယုံ​ကြည်​ရ​ပါ​၏။ လူ​တို့​သည်​မု​သား​ပြော​ဆို​လက်​ကွန်​တော်​မျိုး​အား နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
၈၆အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသည် ဖြစ်၍၊ မစတော်မူပါ။
87 ၈၇ သူ​တို့​သည်​ကွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ရာ​တွင် အောင်​မြင်​လု​နီး​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​လစ်​လူ​မ​ရှု​ပါ။
၈၇သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ။
88 ၈၈ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​နိုင်​ရန် ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကြောင့် ကွန်​တော်​မျိုး​အား​ကေး​ဇူး​ပြု​တော်​မူ​ပါ။
၈၈ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော် ကို စောင့်ပါမည်။
89 ၈၉ အို ထာ​ဝ​ရ​ဘု​ရား" နှုတ်​က​ပတ်​တော်​သည်​ကောင်း​ကင်​ဘုံ​၌ ထာ​ဝ​စဉ်​တည်​ရှိ​ပါ​၏။
၈၉အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။
90 ၉၀ သစ္စာ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​နေ​ရာ​ခ​ထား တော်​မူ​သည့်​အ​တိုင်း​တည်​လက်​ရှိ​ပါ​၏။
၉၀သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့်၊ သူသည်အမြဲနေပါ၏။
91 ၉၁ ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​မား​ဖြစ်​သ​ဖြင့် ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​အ​ရ​ယ​နေ့​တိုင်​အောင် တည်​လက်​ရှိ​ကြ​ပါ​၏။
၉၁ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
92 ၉၂ အ​ကယ်​၍​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အ​တွက်​ရ"င်​လန်း​အား​ရ​ဖွယ် မ​ဖြစ်​ပါ​မူ ကွန်​တော်​မျိုး​သည်​မိ​မိ​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​ကြောင့်​ပင်​လှင်​သေ​မည်​ဖြစ်​ပါ​၏။
၉၂အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌မွေ့လျော် ခြင်းမရှိလျှင်၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ။
93 ၉၃ ကိုယ်​တော်​ရှင်​သည်​ဥ​ပ​ဒေ​သ​တော်​မား​အား​ဖြင့် ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​ဘယ်​အ​ခါ ၌​မှ လစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်​ပါ။
၉၃ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့မလျော့ နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့်၊ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူ၏။
94 ၉၄ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ပိုင်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ တော် တို့​ကို​ကြိုး​စား​၍​စောင့်​ထိန်း​ပါ​၏။
၉၄အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သော ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
95 ၉၅ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​ကို​သတ်​ရန် စောင့်​လက်​နေ​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကို အောက်​မေ့​ဆင်​ခြင်​ပါ​မည်။
၉၅အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက် မေ့ပါမည်။
96 ၉၆ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မှ​ပြီး​ပြည့်​စုံ​လင်​ခြင်း မ​ရှိ​ကြောင်း​ကို​ကွန်​တော်​မျိုး​သိ​မြင်​လာ ပါ​၏။
၉၆ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ် မြင်ပါပြီ။ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်း ပါ၏။
97 ၉၇ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို အ​လွန်​နှစ်​သက်​မြတ်​နိုး​ပါ​၏။ ထို​တ​ရား​တော်​အ​ကြောင်း​ကို​ကွန်​တော်​မျိုး​သည် တစ်​နေ့​လုံး​အောက်​မေ့​ဆင်​ခြင်​လက်​နေ​ပါ​၏။
၉၇ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ၏။
98 ၉၈ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​သည် ကွန်​တော်​မျိုး​နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​အား​ဖြင့်​ကွန်​တော်​မျိုး​သည် ရန်​သူ​မား​ထက်​ပ​ညာ​သာ​ပါ​၏။
၉၈ပညတ်တရားတော်သည် အကျွန်ုပ်၏ ရန်သူတို့ ထက်၊ အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏။ ပညတ်တရား တော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။
99 ၉၉ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ဆုံး​မ​သွန်​သင်​ခက်​မား​ကို​အောက်​မေ့ ဆင်​ခြင်​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​၏​ဆ​ရာ​အ​ပေါင်း​တို့​ထက်​ပို​မို သိ​ရှိ​နား​လည်​ပါ​၏။
၉၉သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့်၊ အကျွန်ုပ်၏ ဆရာ အပေါင်းတို့ထက်သာ၍ နားလည်ပါ၏။
100 ၁၀၀ ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို လိုက်​နာ​သည်​ဖြစ်​၍​အ​သက်​ကြီး​သူ​မား​ထက် ပို​၍​ပ​ညာ​ဉာဏ်​ရှိ​ပါ​၏။
၁၀၀ကိုယ်တော်၏ ဥပဒေသများကို စောင့်သော ကြောင့်၊ အသက်ကြီးသူတို့ထက်သာ၍ ဥာဏ်ကောင်း ပါ၏။
101 ၁၀၁ ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​အ​တိုင်း လိုက်​နာ​လို​သည်​ဖြစ်​၍​အ​ကင့်​ဆိုး​ဟူ​သ​မှ​ကို ရှောင်​ပါ​၏။
၁၀၁နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ၊ မကောင်း သောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏။
102 ၁၀၂ ကွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​သူ​မှာ ကိုယ်​တော်​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ခ​မှတ်​တော်​မူ​သည့်​စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​မှ သွေ​ဖည်​၍​မ​သွား​ပါ။
၁၀၂ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့်၊ စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ။
103 ၁၀၃ ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​သည်​ကွန်​တော်​မျိုး​၏ ခံ​တွင်း​၌​လွန်​စွာ​ချို​ပါ​၏။ ပား​ရည်​ထက်​ပင်​ချို​ပါ​၏။
၁၀၃မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။
104 ၁၀၄ ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​မား​မှ ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သ​ဖြင့်​အ​ကင့်​ဆိုး ဟူ​သ​မှ​ကို​မုန်း​ပါ​၏။
၁၀၄ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ် သည် ဥာဏ်တိုး ပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။
105 ၁၀၅ နှုတ်​က​ပတ်​တော်​သည်​မီး​ခွက်​ဖြစ်​၍​ကွန်​တော်​မျိုး သွား​ရာ​လမ်း​ကို​လင်း​စေ​ပါ​၏။
၁၀၅နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
106 ၁၀၆ ဖြောင့်​မှန်​စွာ​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​ကို လိုက်​နာ​ပါ​မည်​ဟု​ကွန်​တော်​မျိုး ကိန်​ဆို​ခဲ့​သည့်​အ​တိုင်း​ပြု​ပါ​မည်။
၁၀၆ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါ မည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။
107 ၁၀၇ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​အ​လွန်​ပင်​ဒုက္ခ​ဝေ​ဒ​နာ ခံ​စား​နေ​ရ​ပါ​၏။ က​တိ​တော်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။
၁၀၇အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။
108 ၁၀၈ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​ကေး​ဇူး​တော်​ခီး​မွမ်း​သည့် ဆု​တောင်း​ပတ္ထနာ​ကို​လက်​ခံ​တော်​မူ​၍ စီ​ရင်​တော်​မူ​ခက်​တို့​ကို​ကွန်​တော်​မျိုး​အား သွန်​သင်​တော်​မူ​ပါ။
၁၀၈အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။
109 ၁၀၉ ကွန်​တော်​မျိုး​သည်​နေ့​စဉ်​နှင့်​အ​မှ အ​သက်​အန္တ​ရာယ်​နှင့်​တေ"​ကြုံ​နေ​ရ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။
၁၀၉အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိ ပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။
110 ၁၁၀ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ကြ​ပါ​၏။ သို့​သော်​လည်း​ကွန်​တော်​မျိုး​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား ပါ။
၁၁၀မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ၍ မသွားပါ။
111 ၁၁၁ ပ​ညတ်​တော်​တို့​သည်​ကွန်​တော်​မျိုး​၏ ထာ​ဝ​ရ​ပိုင်​ဆိုင်​ရာ​ဖြစ်​၍​ကွန်​တော်​မျိုး​အား ရ"င်​လန်း​ဝမ်း​မြောက်​စေ​ပါ​၏။
၁၁၁သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ်၍၊ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲ ခံယူ ပါ၏။
112 ၁၁၂ ကွန်​တော်​မျိုး​သည်​သေ​သည့်​တိုင်​အောင် ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​သန္နိ​ဋ္ဌာန် ပြု​ပါ​ပြီ။
၁၁၂အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။
113 ၁၁၃ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​ပေ"​၌ ဒွိ​ဟ​သ​ဘော​ရှိ​သူ​တို့​ကို​မုန်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မူ​ကား နှစ်​သက်​မြတ်​နိုး​ပါ​၏။
၁၁၃အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။
114 ၁၁၄ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​နှင့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကတိ​တော်​ကို စောင့်​မှော်​လက်​နေ​ပါ​၏။
၁၁၄ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။
115 ၁၁၅ အ​ခင်း​အ​ပြစ်​ကူး​သူ​တို့"ငါ့​ထံ​မှ​သွား ကြ​လော့။ ငါ​၏​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​တို့​ကို ငါ​စောင့်​ထိန်း​မည်။
၁၁၅ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင် မည်။
116 ၁၁၆ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​ကို​ခွန်​အား​ပေး​တော်​မူ​ပါ။ သို့​ပြု​လှင်​ကွန်​တော်​မျိုး​သည်​အ​သက်​ရှင် ရ​ပါ​လိမ့်​မည်။ ကွန်​တော်​မျိုး​၏​မှော်​လင့်​ခက်​ကို​ပက်​ပြယ် စေ​တော်​မ​မူ​ပါ​နှင့်။
၁၁၆အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အကျွန်ုပ် မြော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့်။
117 ၁၁၇ ဘေး​မဲ့​လုံ​ခြုံ​မှု​ရ​ရှိ​စေ​ရန်​ကွန်​တော်​မျိုး​အား ထူ​ပင့်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ​ဂ​ရု​စိုက်​ပါ​မည်။
၁၁၇အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည်။
118 ၁၁၈ ကိုယ်​တော်​ရှင်​သည်​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​သူ အ​ပေါင်း​တို့​အား​ပစ်​ပယ်​တော်​မူ​ပါ​၏။ ထို​သူ​တို့​၏​လိမ်​လည်​လှည့်​စား​သည့်​အ​ကြံ​အ​စည် မား​သည်​အ​ခည်း​နှီး​ဖြစ်​ပါ​၏။
၁၁၈အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ၏။
119 ၁၁၉ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင် သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​အ​မှိုက်​သ​ရိုက် ကဲ့​သို့ ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ပေး​တော်​မူ​သော​ဆုံး​မ​သွန်​သင်​ခက်​တို့​ကို နှစ်​သက်​မြတ်​နိုး​ပါ​၏။
၁၁၉မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့ သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။
120 ၁၂၀ ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​သ​ဖြင့်​ကွန်​တော် မျိုး​သည် ကြက်​သီး​မွေး​ညင်း​ထ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ခက်​တို့​ကြောင့် ကွန်​တော်​မျိုး​ကြောက်​ပါ​၏။
၁၂၀ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှာ ကြောက် ပါ၏။
121 ၁၂၁ ကွန်​တော်​မျိုး​သည်​ကောင်း​ရာ​မှန်​ရာ​ကို​ပြု​ပါ​ပြီ။ ကွန်​တော်​မျိုး​အား​ရန်​သူ​မား​၏​လက်​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ​ပါ​နှင့်။
၁၂၁အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြုပါပြီ။ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။
122 ၁၂၂ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​အား ကူ​မ​တော်​မူ​မည်​ဟူ​သော​က​တိ​တော်​ကို ပေး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​ကို​ဖိ​နှိပ်​ရန်​မာန်​မာ​န​ကြီး သူ​တို့​အား ခွင့်​ပြု​တော်​မ​မူ​ပါ​နှင့်။
၁၂၂ကိုယ်တော်၏ ကျွန်အဘို့အလိုငှါ အာမခံတော်မူ ပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြ ပါစေနှင့်။
123 ၁၂၃ ကိုယ်​တော်​၏​ကူ​မ​တော်​မူ​ခြင်း"က​တိ​ထား​တော် မူ​သော ကယ်​နုတ်​ခြင်း​ကို​စောင့်​မှော်​ရ​သည်​မှာ ကွန်​တော်​မျိုး​၏​မက်​စိ​ညောင်း​ညာ​လက်​နေ​ပါ​၏။
၁၂၃ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့် မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ။
124 ၁၂၄ ခိုင်​မြဲ​သော​မေတ္တာ​တော်​ရှိ​သည့်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကေး​ဇူး​ပြု​တော်​မူ​၍ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။
၁၂၄ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
125 ၁၂၅ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် သွန်​သင်​တော်​မူ​ခက်​တို့​ကို နား​လည်​နိုင်​ရန်​ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ် ပေး​တော်​မူ​ပါ။
၁၂၅အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကိုနားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ။
126 ၁၂၆ အို ထာ​ဝ​ရ​ဘု​ရား" လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို ချိုး​ဖောက်​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​ရှင်​အ​ရေး​ယူ​တော်​မူ​ရန်​အ​ခိန်​သည် ယ​ခု​က​ရောက်​ပါ​ပြီ။
၁၂၆အို ထာဝရဘုရား၊ စီရင်တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။
127 ၁၂၇ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​ရေ"​ထက်​မ​က​ရေ"​စင်​ထက် ပို​၍​နှစ်​သက်​မြတ်​နိုး​ပါ​၏။
၁၂၇အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက် မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။
128 ၁၂၈ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော် ရှိ​သ​မှ​တို့​ကို​စောင့်​ထိန်း​၍ လမ်း​မှား​ရှိ​သ​မှ​တို့​ကို​မုန်း​ပါ​၏။
၁၂၈သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှ တို့ကို မုန်းပါ၏။
129 ၁၂၉ ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​ခက်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​ပါ​၏။ ယင်း​တို့​ကို​ကွန်​တော်​မျိုး​သည်​အ​စွမ်း​ရှိ​သ​မှ​နှင့် လိုက်​နာ​ပါ​၏။
၁၂၉သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။
130 ၁၃၀ ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို ရှင်း​လင်း​ဖော်​ပြ​မှု​သည်​အ​လင်း​ကို​ပေး​၍ ပ​ညာ​မဲ့​သူ​တို့​ကို​ပ​ညာ​ရ​ရှိ​စေ​ပါ​၏။
၁၃၀နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မစေတတ်ပါ၏။
131 ၁၃၁ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​ခုံ​မင်​တောင့်​တ​လှ​သည် ဖြစ်​၍ မော​ဟိုက်​နေ​ပါ​၏။
၁၃၁ပညတ်တော်တို့ကို အကျွန်ုပ် တောင့်တအားကြီး သဖြင့်၊ နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏။
132 ၁၃၂ ကိုယ်​တော်​ရှင်​အား​ခစ်​သော​သူ​တို့​ကို သ​နား​တော်​မူ​သည့်​နည်း​တူ ကွန်​တော်​မျိုး​အား​ရှု​ကြည့်​၍​သ​နား​တော် မူ​ပါ။
၁၃၂နာမတော်ကို ချစ်သော သူတို့၌ ပြုတော်မူတတ် သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနား တော်မူပါ။
133 ၁၃၃ က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး မ​လဲ​စိမ့်​သော​ငှာ​စောင့်​ထိန်း​တော်​မူ​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ကွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။
၁၃၃မိန့်တော်မူချက် အစဉ်အတိုင်း အကျွန်ုပ်ခြေ လှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည် သော ဒုစရိုက်မျှအစိုးမရပါစေနှင့်။
134 ၁၃၄ ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို စောင့်​ထိန်း​နိုင်​ရန် ကွန်​တော်​မျိုး​အား​ဖိ​စီး​နှိပ်​စက်​သူ​တို့​၏ လက်​မှ ကယ်​တော်​မူ​ပါ။
၁၃၄လူတို့၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော်၏ဥပဒေသများကို စောင့်ပါ မည်။
135 ၁၃၅ မက်​နှာ​တော်​၏​အ​လင်း​ကွန်​တော်​မျိုး​အ​ပေ" ထွန်း​လင်း​စေ​၍ ကွန်​တော်​မျိုး​အား​ပ​ညတ်​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။
၁၃၅မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ ကျွန် အပေါ်မှာ ထွန်းလင်းစေ၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
136 ၁၃၆ လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​လိုက်​နာ​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​မက်​ရည်​မား​သည်​မြစ်​ရေ ကဲ့​သို့ စီး​ဆင်း​လက်​ရှိ​ပါ​၏။
၁၃၆သူတပါးများတို့သည် တရားတော်ကို မစောင့် သောကြောင့်၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေ ကဲ့သို့စီးပါ၏။
137 ၁၃၇ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​တို့​သည်​လည်း​တ​ရား​မှ​တ​ပါ​၏။
၁၃၇အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် တော်မူ၏။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြ ပါ၏။
138 ၁၃၈ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော နည်း​ဥ​ပ​ဒေ​သ​တော်​တို့​သည်​လုံး​ဝ တ​ရား​မှ​တ​၍​မှန်​ကန်​ပါ​၏။
၁၃၈ထားတော်မူသော သက်သေခံတော်မူချက်တို့ သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏။
139 ၁၃၉ ကွန်​တော်​မျိုး​၏​ရန်​သူ​မား​သည်​နှုတ်​က​ပတ် တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​အ​မက်​ဒေါ​သ​သည်​မီး​လှံ​သ​ဖွယ် တောက်​လောင်​လက်​ရှိ​ပါ​၏။
၁၃၉ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သော ကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲ ပါ၏။
140 ၁၄၀ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​သည်​လွန်​စွာ စိတ်​ခ​ရ​ပါ​၏။ ကွန်​တော်​မျိုး​သည်​က​တိ​တော်​ကို​လွန်​စွာ နှစ်​သက်​မြတ်​နိုး​ပါ​၏။
၁၄၀နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည် ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် နှစ်သက်ပါ၏။
141 ၁၄၁ ကွန်​တော်​မျိုး​သည်​သိမ်​ငယ်​၍​မ​ထီ​လေး​စား ပြု​ခြင်း​ကို​ခံ​ရ​သူ​ဖြစ်​ပါ​၏။ သို့​သော်​လည်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို မ​မေ့​မ​လော့​ပါ။
၁၄၁အကျွန်ုပ်သည် ငယ်သောသူ၊ မထီမဲ့မြင်ပြုခြင်း ကို ခံရသောသူ ဖြစ်ပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ။
142 ၁၄၂ ကိုယ်​တော်​ရှင်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည်​အ​စဉ် မှန်​ကန်​ပါ​၏။
၁၄၂ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရ ဖြောင့် မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားသည် သစ္စာ တရားဖြစ်ပါ၏။
143 ၁၄၃ ကွန်​တော်​မျိုး​သည်​ပူ​ပင်​သော​က​ရောက်​လက် ရှိ​ပါ​၏။ သို့​ရာ​တွင်​ပ​ညတ်​တော်​မား​က​ကွန်​တော် မျိုး​အား စိတ်​ရ"င်​လန်း​မှု​ကို​ပေး​ပါ​၏။
၁၄၃ဆင်းရဲညှိုးငယ်ခြင်းသို့ရောက်သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။
144 ၁၄၄ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​တို့​သည် အ​စဉ်​အ​မြဲ​ဖြောင့်​မှန်​ပါ​၏။ ကွန်​တော်​မျိုး​အား အ​သိ​ပ​ညာ​ကို​ပေးတော်​မူ​ပါ။ သို့​ပြု​တော်​မူ​လှင် ကွန်​တော်​မျိုး​သည် အ​သက်​ရှင်​ရ​ပါ​လိမ့်​မည်။
၁၄၄သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ ဥာဏ်ကိုပေးသနားတော်မူပါ။
145 ၁၄၅ ကွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ပတ္ထ​နာ​ပြု​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​ထူး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို လိုက်​နာ​ပါ​မည်။
၁၄၅အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ။ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည်။
146 ၁၄၆ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ဟစ်ခေ"​ပါ​၏။ ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ပါ​မည်။
၁၄၆ကိုယ်တော်ကို အော်ဟစ်ပါ၏။ ကယ်တင်တော် မူပါ။ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည်။
147 ၁၄၇ ကူ​မ​တော်​မူ​ရန်​ကွန်​တော်​မျိုး​သည်​နေ​မ​ထွက်​မီ ကိုယ်​တော်​ရှင်​ကို​ဟစ်​ခေ"​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကတိ​တော်​တို့​ကို​မှော်​ကိုး​ပါ​၏။
၁၄၇မိုဃ်းမလင်းမှီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။
148 ၁၄၈ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဆုံး​မ​သွန်​သင်​ခက်​တို့​ကို​အောက်​မေ့​ဆင်​ခြင်​ရန် တစ်​ညဥ့်​လုံး​မ​အိပ်​ဘဲ​လဲ​လောင်း​လက်​နေ​ပါ​၏။
၁၄၈ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသော ငှါ၊ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုးတတ်ပါ၏။
149 ၁၄၉ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​၏​မေတ္တာ​တော်​ခိုင်​မြဲ​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​၏​ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။ က​ရု​ဏာ​ထား​တော်​မူ​၍ ကွန်​တော်​မျိုး​အား အသက်​ရှင်​စေ​တော်​မူ​ပါ။
၁၄၉အို ထာဝရဘုရား၊ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော် မူပါ။
150 ၁၅၀ ကွန်​တော်​မျိုး​အား​ရက်​စက်​စွာ ညဉ်း​ပန်း​နှိပ်စက်​သူ​မား​သည်​အ​နီး​သို့ ခဉ်း​ကပ်​၍​လာ​နေ​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မလိုက်​မ​လှောက်​ကြ​သူ​မား​ဖြစ်​ပါ​၏။
၁၅၀မကောင်းသောအကြံအစည်၌ ကျင်လည်သော သူတို့သည် အနီးသို့ချဉ်းကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရားနှင့် ဝေးကြပါ၏။
151 ၁၅၁ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​ရှိ​သ​မှ​တို့​သည်​မှန်​ကန်​ပါ​၏။
၁၅၁အို ထာဝရဘုရား၊ ကိုယ်တော်သည် နီးတော်မူ ၏။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြ ပါ၏။
152 ၁၅၂ ငယ်​စဉ်​အ​ခါ​က​ပင်​လှင်​ကွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏ဆုံး​မ​သွန်​သင်​ခက်​မား​ကို သိ​ခဲ့​ပါ​၏။ ယင်း​တို့​ကို​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​စဉ် တည်​မြဲ​စေ​ပါ​၏။
၁၅၂သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထား တော်မူကြောင်းကို၊ ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။
153 ၁၅၃ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​၏​ဒုက္ခ​ကို​ရှု​မှတ်​လက် ကယ်​တော်​မူ​ပါ။
၁၅၃အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု၍၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်၏တရားကို မမေ့ မလျော့ပါ။
154 ၁၅၄ ကွန်​တော်​မျိုး​၏​အ​မှု​တွင်​ကွန်​တော်​မျိုး​၏​ဘက်​မှ ခေ​ပ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ခမ်း​သာ​ခွင့် ရ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
၁၅၄အကျွန်ုပ် အမှုကို စောင့်၍ အကျွန်ုပ်ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော် မူပါ။
155 ၁၅၅ သူ​ယုတ်​မာ​တို့​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​မ​လိုက်​နာ​ကြ​သ​ဖြင့် ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကယ်တော်​မူ​လိမ့်​မည် မ​ဟုတ်​ပါ။
၁၅၅မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့်၊ ကယ်တင်ခြင်းနှင့် ဝေးကြပါ၏။
156 ၁၅၆ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​ရာ က​ရု​ဏာ​ထား​တော်​မူ​၍​ကွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။
၁၅၆အိုထာဝရဘုရား၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
157 ၁၅၇ ကွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​နှင့်​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ အ​မား​ပင်​ရှိ​ပါ​၏။ သို့​ရာ​တွင်​ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​မ​ပက်​ကွက်​ပါ။
၁၅၇အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြု သော သူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။
158 ၁၅၈ သူ​တို့​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို မ​စောင့်​ထိန်း​ကြ​ပါ။ သို့​ဖြစ်​၍​ထို​သ​စ္စာ​ဖောက်​တို့​ကို​မြင်​သော​အ​ခါ ကွန်​တော်​မျိုး​သည်​နှ​လုံး​နာ​ပါ​၏။
၁၅၈သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား၊ သူတို့သည် ဗျာဒိတ်တော် စကားကို နားမထောင်ဘဲ နေကြပါ၏။
159 ၁၅၉ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကိုအ​ဘယ်​မှ​နှစ်​သက်​မြတ်​နိုး​သည်​ကို သိမှတ်​တော်​မူ​ပါ။ ကိုယ်​တော်​၏​မေတ္တာ​တော်​မ​ပြောင်း​လဲ​သော​ကြောင့် ကွန်​တော်​မျိုး​အား​ကယ်တော်​မူ​ပါ။
၁၅၉ကိုယ်တော်၏ ဥပဒသများကို အကျွန်ုပ် နှစ်သက်ကြောင်းကို မှတ်တော်မူပါ။ အိုထာဝရဘုရား၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ။
160 ၁၆၀ ကိုယ်​တော်​ရှင့်​တ​ရား​တော်​၏​အ​ခက်​အ​ခာ​မှာ သစ္စာ​တ​ရား​ပင်​ဖြစ်​ပါ​၏။ ဖြောင့်​မှန်​သော​စီ​ရင်​တော်​မူ​ခက်​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။
၁၆၀နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ် အမြဲ တည်ကြပါ၏။
161 ၁၆၁ တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​သည်​ကွန်​တော်​မျိုး​အား မ​တ​ရား​နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ သို့​ရာ​တွင်​ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ တ​ရား​တော်​ကို​ရိုသေ​လေး​စား​ပါ​၏။
၁၆၁အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံး သည် စကားတော်ကို ကြောက်ရွံ့ပါ၏။
162 ၁၆၂ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​မား​ကြောင့် ကွန်တော်​မျိုး​သည်​လွန်​စွာ​ပော်​ပါ​၏။ မား​စွာ​သော​လက်​ရ​ပစ္စည်း​တို့​ကို တေ"​ရှိ​ရ​သူ​ကဲ့​သို့​ပော်​ပါ​၏။
၁၆၂လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။
163 ၁၆၃ ကွန်​တော်​မျိုး​သည်​မု​သား​မှန်​သ​မှ​ကို မုန်း​တီး​စက်​ဆုပ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​မြတ်​နိုး​ပါ​၏။
၁၆၃မုသာစကားကို ကြားပျင်းရွံရှာပါ၏။ တရား တော်ကိုကား နှစ်သက်ပါ၏။
164 ၁၆၄ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​သော တ​ရား​စီ​ရင်​တော်​မူ​ခက်​မား​အ​တွက်​နေ့​စဉ် ခု​နစ်​ကြိမ်​ကေး​ဇူး​တော်​ကို​ခီး​မွမ်း​ပါ​၏။
၁၆၄ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ၏။
165 ၁၆၅ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​နှစ်​သက် မြတ်နိုး​သူ​မား​သည် ကြီး​စွာ​သော​စိတ်​ခမ်း​သာ​မှု​ကို​ရ​ရှိ​ကြ​ပါ​၏။ အ​ဘယ်​အ​ရာ​မှ​သူ​တို့​အား​ပြို​လဲ​စေ​နိုင်​လိမ့်​မည် မ​ဟုတ်​ပါ။
၁၆၅တရားတော်ကို နှစ်သက်သော သူတို့၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်း မရှိပါ။
166 ၁၆၆ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင် ကယ်​တော်​မူ​မည်​ကို​စောင့်​မှော်​ကာ​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​မား​ကို​စောင့်​ထိန်း​ပါ​၏။
၁၆၆အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူး ကို အကျွန်ုပ်မြော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။
167 ၁၆၇ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သည့် ဆုံး​မ​သွန်​သင်​ခက်​တို့​ကို​လိုက်​နာ​ပါ​၏။ ယင်း​တို့​ကို​ကွန်​တော်​မျိုး​သည်​အ​လွန် နှစ်သက်​မြတ်​နိုး​ပါ​၏။
၁၆၇သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။
168 ၁၆၈ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​မား​နှင့်ပ​ညတ်​တော်​မား​ကို လိုက်​နာ​ပါ​၏။ ကွန်​တော်​မျိုး​ပြု​သ​မှ​သော​အ​မှု​တို့​ကို ကိုယ်တော်​ရှင်​မြင်​တော်​မူ​ပါ​၏။
၁၆၈ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော် မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။
169 ၁၆၉ အို ထာ​ဝ​ရ​ဘု​ရား" ကူ​မ​တော်​မူ​ရန် ကွန်​တော်​မျိုး​၏​အော်​ဟစ်​တောင်း​လှောက်​သံ​သည် နား​တော်​သို့​ရောက်​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။
၁၆၉အို ထာဝရဘုရား၊ အကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော် အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ။
170 ၁၇၀ ကွန်​တော်​မျိုး​၏ဆု​တောင်း​ပတ္ထနာ​ကို ကြား​တော်​မူ​၍ က​တိ​တော်​အ​တိုင်းကွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။
၁၇၀အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
171 ၁၇၁ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​ပညတ်​တော်​ကို သွန်​သင်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ပါ​မည်။
၁၇၁အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ၊ အကျွန်ုပ်၏နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆို ပါမည်။
172 ၁၇၂ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​ဆုံး​မ သွန်​သင်​ခက်​မား​သည်​တ​ရား​မှတ​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ တရား​တော်​အ​ကြောင်း​ကို သီ​ခင်း​ဆို​ပါ​မည်။
၁၇၂အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။
173 ၁၇၃ ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို စောင့်​ထိန်း​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ကူ​မ​ရန် အ​စဉ်​အ​သင့်​ရှိ​တော်​မူ​ပါ။
၁၇၃ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်ပါ သည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေ သော။
174 ၁၇၄ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ ကယ်​တင်​တော်​မူ​ခြင်း​ကေး​ဇူး​ကို တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အား​ပော်​ရ"င်​စေ​ပါ​၏။
၁၇၄အို ထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တပါ၏။ တရားတော်သည် လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။
175 ၁၇၅ ကိုယ်​တော်​ရှင်​ကို​ထော​မ​နာ​ပြု​နိုင်​ရန် ကွန်တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​မား​သည် ကွန်တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​စေ​သော။
၁၇၅အကျွန်ုပ်သည် အသက်ရှင်၍၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော။
176 ၁၇၆ ကွန်​တော်​မျိုး​သည်​ပောက်​သွား​သော​သိုး​ကဲ့​သို့ လမ်း​မှား​လက်​ရှိ​ပါ​၏။ သို့​ဖြစ်​၍​ကြွ​တော်​မူ​လက်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား ရှာ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​မ​မေ့​မ​လော့​ပါ။
၁၇၆ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော်၏ ကျွန်ကိုရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။

< ဆာလံ 119 >