< ဆာလံ 118 >
1 ၁ ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်ထာဝစဉ်တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြ လော့။
Славте Господа, бо Він добрий, бо навіки Його милосердя.
2 ၂ ``ကိုယ်တော်၏မေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟုဣသရေလ အမျိုးသားတို့ဝန်ခံကြစေ။
Нехай скаже Ізраїль: «Бо навіки Його милосердя!»
3 ၃ ``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟုဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့ဝန်ခံကြစေ။
Нехай скаже дім Ааронів: «Бо навіки Його милосердя!»
4 ၄ ``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟု ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့ ဝန်ခံကြစေ။
Нехай скажуть ті, що бояться Господа: «Бо навіки Його милосердя!»
5 ၅ ငါသည်အလွန်ဒုက္ခရောက်သဖြင့်ထာဝရ ဘုရားအား ပတ္ထနာပြုပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူ၍ ငါ့ကိုလွတ်မြောက်စေတော်မူ၏။
Із тісноти покликав я Господа – Господь відповів мені, [вивів мене] на просторе місце.
6 ၆ ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
Господь зі мною – не боятимуся! Що зробить мені людина?
7 ၇ ငါ့ကိုကူမတော်မူသောအရှင်သည် ထာဝရဘုရားဖြစ်တော်မူသဖြင့် ငါသည်ရန်သူများအရေးရှုံးနိမ့်ကြ သည်ကို မြင်ရလိမ့်မည်။
Господь зі мною, щоб допомагати мені – буду дивитися [переможно] на моїх ненависників.
8 ၈ လူကိုအားကိုးသည်ထက်ထာဝရဘုရားကို အားကိုးခြင်းကပို၍ကောင်း၏။
Краще захисту шукати в Господа, ніж надіятися на людину.
9 ၉ လူ့ခေါင်းဆောင်တို့ကိုကိုးစားသည်ထက် ထာဝရဘုရားကိုကိုးစားခြင်းကပို၍ ကောင်း၏။
Краще захисту шукати в Господа, ніж надіятися на шляхетних [мужів].
10 ၁၀ ငါ၏ပတ်လည်တွင်ရန်သူအများပင်ရှိသော် လည်း ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။
Усі народи оточили мене, та іменем Господнім я знищив їх.
11 ၁၁ သူတို့သည်အဘက်ဘက်မှငါ့ကိုဝိုင်းရံလျက် နေကြသော်လည်း ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။
Оточили мене, обступили з усіх боків, та іменем Господнім я знищив їх.
12 ၁၂ သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
Оточили мене, як бджоли, та згасли, немов вогонь у терені: іменем Господнім я знищив їх.
13 ၁၃ ငါသည်ပြင်းထန်စွာတိုက်ခိုက်ခြင်းကိုခံရ၍ အရေးရှုံးနိမ့်နေသော်လည်း ထာဝရဘုရားသည်ငါ့ကိုကူမတော်မူ၏။
Ти штовхнув мене, [вороже], так сильно, щоб я впав, та Господь допоміг мені.
14 ၁၄ ထာဝရဘုရားသည်ငါ့အားတန်ခိုးစွမ်းရည် ကြီးမားစေတော်မူ၏။ ကိုယ်တော်သည်ငါ့ကိုကယ်တင်တော်မူ ပြီ။
Сила моя і пісня моя – Господь; Він став моїм спасінням.
15 ၁၅ ``ထာဝရဘုရားသည်မဟာတန်ခိုးတော် အားဖြင့် အံ့သြဖွယ်ကောင်းသောအမှုတို့ကိုပြု တော်မူလေပြီ။ ကြီးမားသည့်တန်ခိုးတော်ကြောင့်ငါတို့သည် အောင်ပွဲကိုရရှိလေပြီ'' ဟုဘုရားသခင်၏ လူစုတော်သည် မိမိတို့တဲများမှဝမ်းမြောက်စွာအောင်သံပေး၍ ကြွေးကြော်ကြသည်ကိုနားထောင်ကြလော့။
Голос радості й перемоги в наметах праведників: правиця Господня діє могутньо!
Правиця Господня піднята вгору, правиця Господня діє могутньо!
17 ၁၇ ငါသည်မသေသေးဘဲအသက်ရှင်၍ထာဝရ ဘုရား ပြုတော်မူသောအမှုတော်ကိုဖော်ပြမည်။
Не помру, але буду жити й розповідати про діяння Господа.
18 ၁၈ ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာ ဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
Господь покарав мене тяжко, та не віддав мене на смерть.
19 ၁၉ ငါ၏အတွက်ဗိမာန်တော်တံခါးတို့ကိုဖွင့် လိုက်ကြ။ ငါသည်ဝင်၍ထာဝရဘုရားအားထောမနာ ပြုမည်။
Відчиніть мені брами правди, я увійду до них, прославлю Господа.
20 ၂၀ ဤတံခါးသည်ထာဝရဘုရား၏တံခါးဖြစ်၍ သူတော်ကောင်းတို့သာလျှင်ဝင်ရကြ၏။
Це брама Господня, у яку входять праведні.
21 ၂၁ အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးလျှောက်ထား ချက်ကို ကြားတော်မူ၍ ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူ သဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်အားထောမနာ ပြုပါ၏။
Прославлю Тебе, бо Ти відповів мені й став моїм спасінням.
22 ၂၂ တိုက်ကိုတည်ဆောက်သူတို့ပစ်ပယ်ထားသော ကျောက်သည်အရေးအကြီးဆုံးဖြစ်သော ထောင့်ချုပ်ကျောက်ဖြစ်လာရ၏။
Камінь, який відкинули будівничі, став наріжним каменем!
23 ၂၃ ဤအမှုကားဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌အံ့သြဖွယ် ကောင်းလှပါသည်တကား။
Від Господа це було, як дивно це в очах наших!
24 ၂၄ ဤနေ့ရက်သည်ထာဝရဘုရားအောင်ပွဲ ခံတော်မူသောနေ့ရက်ဖြစ်၍ ငါတို့သည်ဝမ်းမြောက်ရွှင်လန်းစွာကျင်းပ ကြကုန်အံ့။
Цей день створив Господь: веселімося й радіймо сьогодні!
25 ၂၅ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအောင်မြင်ခွင့်ကိုပေးတော် မူပါ။
О Господи, врятуй же, о Господи, даруй нам успіх!
26 ၂၆ ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူအား ဘုရားသခင်ကောင်းချီးပေးတော်မူပါစေသော။ ငါတို့သည်ထာဝရဘုရား၏အိမ်တော်မှနေ၍ ကိုယ်တော်ကိုကောင်းချီးပေးပါ၏။
Благословенний Той, Хто йде в ім’я Господа! Благословляємо вас із дому Господнього!
27 ၂၇ ထာဝရဘုရားသည်ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားကျေးဇူးပြုတော်မူပြီ။ သင်တို့သည်သစ်ခက်များကိုင်၍၊ ပွဲသဘင်ကိုအစပြုကာယဇ်ပလ္လင်ကိုလှည့်၍ ချီတက်ကြလော့။
Бог – це Господь, і Він осяяв нас. В’яжіть мотузками жертву святкову, ведіть до рогів жертовника.
28 ၂၈ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားသခင် ဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်ရှင်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာပါမည်။
Ти – мій Бог, і я прославлю Тебе. Боже мій, я величатиму Тебе.
29 ၂၉ ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်လည်းထာဝစဉ် တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။
Славте Господа, бо Він добрий, бо навіки Його милосердя.