< ဆာလံ 113 >

1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ အ​ချင်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ​လော့။
Halleluyah ·praise Yah·! Praise, you servants of Adonai, praise Adonai’s name.
2 ကိုယ်​တော်​၏​နာ​မ​တော်​အား​ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သော။
Blessed be Adonai’s name, from this time forward and forever more.
3 နေ​ထွက်​ရာ​အ​ရပ်​မှ​နေ​ဝင်​ရာ​အ​ရပ်​သို့ တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ ပါ​စေ​သ​တည်း။
From the rising of the sun to the going down of the same, Adonai’s name is to be praised.
4 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​ထွန်း​တောက်​တော်​မူ​၏။
Adonai is high above all nations, his kavod ·weighty glory· above the heavens.
5 ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် နှိုင်း​ယှဉ်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​တွင်​စံ​နေ တော်​မူ​၏။
Who is like Adonai, our God, who has his seat on high,
6 သို့​ရာ​တွင်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို ငုံ့​ကြည့်​တော်​မူ​၏။
Who stoops down to see in heaven and in the earth?
7 ဆင်း​ရဲ​သူ​တို့​ကို​မြေ​မှုန့်​ထဲ​က​ချီး​မြှင့်​၍ နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​ထဲ​က ချီး​မြှောက်​တော်​မူ​၏။
He raises up the poor out of the dust. Lifts up the needy from the ash heap;
8 ထို​နောက်​မင်း​သား​များ​ဖြစ်​ကြ​သော၊ကိုယ် တော်​၏ လူ​စု​တော်​ကို​အုပ်​စိုး​သော​မင်း​သား​များ​နှင့် အ​တူ သွား​လာ​ပေါင်း​ဖော်​ခွင့်​ကို​ပေး​တော်​မူ​၏။
that he may set him with princes, even with the princes of his people.
9 ကိုယ်​တော်​သည်​မြုံ​သော​အိမ်​ရှင်​မ​အား ချီး​မြှင့်​တော်​မူ​ရာ​သား​သ​မီး​ရ​စေ​၍ ဝမ်း​မြောက်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
He settles the barren woman in her home, as a joyful mother of children. Halleluyah ·praise Yah·!

< ဆာလံ 113 >