< ဆာလံ 113 >
1 ၁ ထာဝရဘုရားအားထောမနာပြုကြလော့။ အချင်းထာဝရဘုရား၏အစေခံတို့၊ ကိုယ်တော်၏နာမတော်အားထောမနာ ပြုကြလော့။
Praise YAH! Praise, you servants of YHWH. Praise the Name of YHWH.
2 ၂ ကိုယ်တော်၏နာမတော်အားယခုမှစ၍ ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။
The Name of YHWH is blessed, From now on, and for all time.
3 ၃ နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင် ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။
From the rising of the sun to its going in, The Name of YHWH [is] praised.
4 ၄ ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။
YHWH [is] high above all nations, His glory [is] above the heavens.
5 ၅ ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။ ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။
Who [is] as our God YHWH, He is exalting [Himself] to sit?
6 ၆ သို့ရာတွင်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော်မူ၏။
He is humbling [Himself] to look On the heavens and on the earth.
7 ၇ ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍ နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။
He is raising up the poor from the dust, He exalts the needy from a dunghill.
8 ၈ ထိုနောက်မင်းသားများဖြစ်ကြသော၊ကိုယ် တော်၏ လူစုတော်ကိုအုပ်စိုးသောမင်းသားများနှင့် အတူ သွားလာပေါင်းဖော်ခွင့်ကိုပေးတော်မူ၏။
To cause [them] to sit with princes, With the princes of His people.
9 ၉ ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
Causing the barren one of the house to sit, A joyful mother of sons; praise YAH!