< ဆာလံ 112 >

1 ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန် အ​ထူး​နှစ်​သက်​သူ​သည်​မင်္ဂ​လာ​ရှိ​၏။
Praise ye Jah! O the happiness of one fearing Jehovah, In His commands he hath delighted greatly.
2 ထို​သူ​၏​သား​သ​မီး​တို့​သည်​တိုင်း​ပြည်​တွင် တန်​ခိုး​အာ​ဏာ​ရှိ​ကြ​လိမ့်​မည်။ သူ​၏​သား​မြေး​တို့​သည်​ကောင်း​ချီး ခံ​စား​ရ​ကြ​လိမ့်​မည်။
Mighty in the earth is his seed, The generation of the upright is blessed.
3 သူ​၏​အိမ်​ထောင်​စု​သား​တို့​သည်​ချမ်း​သာ ကြွယ်​ဝ​လိမ့်​မည်။ သူ​သည်​အ​စဉ်​အ​မြဲ​ကောင်း​စား​လိမ့်​မည်။
Wealth and riches [are] in his house, And his righteousness is standing for ever.
4 သ​နား​ကြင်​နာ​တတ်​၍​က​ရု​ဏာ​နှင့်​ပြည့်​ဝ လျက် တ​ရား​မျှ​တ​သော​သူ​တော်​ကောင်း​တို့​အ​တွက် အ​မှောင်​ထဲ​၌​အ​လင်း​ရောင်​ပေါ်​ထွန်း​တတ်​၏။
Light hath risen in darkness to the upright, Gracious, and merciful, and righteous.
5 ရက်​ရော​စွာ​ချေး​ငှား​တတ်​သော​မိ​မိ​အ​လုပ် တွင် ရိုး​သား​စွာ​ပြု​မူ​တတ်​သော​သူ​သည်​မင်္ဂ​လာ ရှိ​၏။
Good [is] the man — gracious and lending, He sustaineth his matters in judgment.
6 သူ​တော်​ကောင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ ဆုံး​ရှုံး​ရ​လိမ့်​မည်​မ​ဟုတ်။ လူ​တို့​သည်​သူ့​အား​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​ကြ​လိမ့်​မည်​မ​ဟုတ်။
For — to the age he is not moved; For a memorial age-during is the righteous.
7 သို့​ဖြစ်​၍​သူ​သည်​သ​တင်း​ဆိုး​ကို​ကြား​ရန် မ​ကြောက်​ရ။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည် ကိုး​စား​သူ​ဖြစ်​သ​ဖြင့်​သူ​၏​စိတ်​နှ​လုံး သည် တည်​ကြည်​ခိုင်​မြဲ​ပေ​သည်။
Of an evil report he is not afraid, Prepared is His heart, confident in Jehovah.
8 သူ​သည်​စိုး​ရိမ်​ပူ​ပန်​မှု​နှင့်​သော်​လည်း​ကောင်း၊ ကြောက်​လန့်​မှု​နှင့်​သော်​လည်း​ကောင်း​ကင်း​၏။ မိ​မိ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​သည်​ကို​မု​ချ တွေ့​မြင်​ရ​လိမ့်​မည်။
Sustained is his heart — he feareth not, Till that he look on his adversaries.
9 သူ​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​ရက်​ရော​စွာ ပေး​ကမ်း​တတ်​၏။ သူ​သည်​အ​စဉ်​သ​နား​ကြင်​နာ​တတ်​၏။ သူ​သည်​တန်​ခိုး​ကြီး​၍​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လိမ့်​မည်။
He hath scattered — hath given to the needy, His righteousness is standing for ever, His horn is exalted with honour.
10 ၁၀ သူ​ယုတ်​မာ​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​သော​အ​ခါ​ဒေါ​သ​ထွက်​၍​အံ​သွား​ခဲ ကြိတ်​လျက် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လို​ဆန္ဒ​သည်​ပျက်​ပြား​ရ​လိမ့်​မည်။
The wicked seeth, and hath been angry, His teeth he gnasheth, and hath melted, The desire of the wicked doth perish!

< ဆာလံ 112 >