< ဆာလံ 111 >

1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တော် အ​စည်း​အ​ဝေး​တွင်​ကိုယ်​တော်​၏​ကျေး​ဇူး တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း​မည်။
Praise YAH! [ALEPH-BET] I thank YHWH with the whole heart, In the secret meeting of the upright, And of the congregation.
2 ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​ရာ တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ထို​အ​မှု​အ​ရာ​များ​ကို​နှစ်​သက်​သူ​အ​ပေါင်း တို့​သည် ယင်း​တို့​ကို​လေ့​လာ​တတ်​ကြ​၏။
Great [are] the works of YHWH, Sought out by all desiring them.
3 ကိုယ်​တော်​ပြု​သ​မျှ​သော​အ​မှု​တော်​တို့​သည် ဂုဏ်​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​ပေ​သည်။ ကိုယ်​တော်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။
Splendid and majestic is His work, And His righteousness is standing forever.
4 ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​တို့​ကို မ​မေ့​လျော့​စေ​ရန်​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ က​ရု​ဏာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။
He has made a memorial of His wonders, YHWH [is] gracious and merciful.
5 ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့​အား ကျွေး​မွေး​တော်​မူ​၏။ မိ​မိ​ပ​ဋိ​ညာဉ်​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​တော်​မ​မူ။
He has given prey to those fearing Him, He remembers His covenant for all time.
6 ကိုယ်​တော်​သည်​အ​ခြား​လူ​မျိုး​တို့​၏​နယ်​မြေ များ​ကို မိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​ခြင်း အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​လေ​ပြီ။
He has declared the power of His works to His people, To give to them the inheritance of nations.
7 ကိုယ်​တော်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​သည် သစ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​မျှ​တ​မှု​နှင့်​လည်း​ကောင်း​ညီ​ပါ​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​မှန်​သ​မျှ​သည် ယုံ​ကြည်​အား​ထား​ထိုက်​ပါ​ပေ​သည်။
The works of His hands [are] true and just, All His appointments [are] steadfast.
8 ထို​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ်​တည်​ပါ​၏။ ယင်း​တို့​ကို​သစ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း စီ​ရင်​ထား​တော်​မူ​ပြီ။
They are sustained forever and for all time. They are made in truth and uprightness.
9 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား လွတ်​မြောက်​စေ​တော်​မူ​ပြီး​လျှင် သူ​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​တော် မူ​၏။ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၍ တန်​ခိုး​ကြီး​တော်​မူ​ပါ​သည်​တ​ကား။
He has sent redemption to His people, He has appointed His covenant for all time, His Name [is] holy and fearful.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​သော သ​ဘော​သည်​ပ​ညာ​၏​အ​ချုပ်​အ​ခြာ​ဖြစ်​၏။ ပ​ညတ်​တော်​ကို​စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား မှန်​ကန်​စွာ​ဆုံး​ဖြတ်​နိုင်​ခွင့်​ကို​ကိုယ်​တော်​ပေး တော်​မူ​၏။ ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သ​တည်း။
The fear of YHWH [is] the beginning of wisdom, Good understanding have all doing them, His praise [is] standing forever!

< ဆာလံ 111 >