< ဆာလံ 109 >
1 ၁ အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ဆိတ်ဆိတ်နေတော် မမူပါနှင့်။
Au maître-chantre. — Psaume de David. Dieu, toi que célèbrent mes louanges, ne te tais point!
2 ၂ သူယုတ်မာများနှင့်လူလိမ်များသည်ကျွန်တော် မျိုးကို တိုက်ခိုက်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အကြောင်း မုသားစကားပြောကြပါ၏။
Car le méchant et le perfide Ont ouvert la bouche contre moi; Ils me tiennent des discours mensongers.
3 ၃ သူတို့သည်ကျွန်တော်မျိုးအားအကြောင်းမဲ့ တိုက်ခိုက်၍ကျွန်တော်မျိုး၏အကြောင်း ဆိုးရွားသောသတင်းများကိုလွှင့်ကြပါ၏။
Ils m'environnent de paroles de haine; Ils me font la guerre sans motif.
4 ၄ ကျွန်တော်မျိုးသည်သူတို့အားမေတ္တာပြလျက် သူတို့အတွက်ဆုတောင်းပတ္ထနာပြုသော်လည်း သူတို့သည်ကျွန်တော်မျိုးအားရန်ဘက်ပြု ကြပါ၏။
En échange de mon affection, ils me traitent en ennemi, Et moi, je ne fais que prier.
5 ၅ သူတို့သည်ကျွန်တော်မျိုးပြုသည့်ကျေးဇူးကို ဆိုးညစ်မှုဖြင့်လည်းကောင်း၊ကျွန်တော်မျိုး၏ မေတ္တာကိုမုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်လည်ပေးဆပ်ကြပါ၏။
Ils m'ont rendu le mal pour le bien, Et la haine pour l'amour.
6 ၆ ကျွန်တော်မျိုး၏ရန်သူအားတရားစီရင်ရန် အဂတိလိုက်စားသောတရားသူကြီးကို ခန့်ထားရွေးချယ်ပေးတော်မူပါ။ သူ၏ရန်သူတစ်ယောက်ကပင်လျှင်သူ့အား ပြစ်တင်စွပ်စွဲစေတော်မူပါ။
Soumets mon adversaire au pouvoir du méchant; Qu'un accusateur se dresse à sa droite!
7 ၇ သူ့အားစစ်ဆေး၍ပြစ်မှုထင်ရှားပါစေသော။ သူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် ပြစ်မှုကူးရာရောက်ပါစေသော။
Quand on le jugera, qu'il soit déclaré coupable, Et que sa prière lui soit comptée comme un péché!
8 ၈ သူ၏အသက်သည်မကြာမီကုန်ဆုံးလျက် သူ၏ရာထူးကိုအခြားသူတစ်ဦးရရှိ ပါစေသော။
Que ses jours soient peu nombreux; Qu'un autre prenne sa charge!
9 ၉ သူ၏သားသမီးများသည်မိဘမဲ့များဖြစ် ကြလျက် သူ၏ဇနီးသည်မုဆိုးမဖြစ်ပါစေသော။
Que ses fils soient orphelins, Et que sa femme devienne veuve!
10 ၁၀ သူ၏သားသမီးတို့သည်အိမ်ရာမဲ့သူတောင်း စားများ ဖြစ်ကြ၍ မိမိတို့နေထိုင်ရာအိမ်ပျက်များမှနှင်ထုတ် ခြင်းကို ခံရကြပါစေသော။
Que ses enfants soient vagabonds et mendiants; Qu'ils aillent quêter loin de leurs maisons en ruines!
11 ၁၁ ကြွေးရှင်တို့သည်သူ၏ဥစ္စာပစ္စည်းရှိသမျှတို့ကို သိမ်းယူကြလျက်သူစိမ်းတစ်ရံဆံတို့သည် သူလုပ်ကိုင်၍ရသမျှသောအကျိုးခံစား ရကြပါစေသော။
Que le créancier jette le filet sur tout ce qu'il possède; Que le produit de son travail soit la proie de l'étranger.
12 ၁၂ အဘယ်အခါ၌မျှသူ့အားသနားကြင်နာ မည့်သူ၊ သူ၏ဘသက်ဆိုးများကိုကြည့်ရှုစောင့်ရှောက် မည့်သူ မရှိပါစေနှင့်။
Qu'aucun ami ne lui demeure fidèle; Que nul n'ait pitié de ses orphelins.
13 ၁၃ သူ၏အမျိုးတိမ်ကောပါစေသော။ သူ၏နာမည်သည်နောက်မျိုးဆက်၌ပင်လျှင် ပျောက်ကွယ်သွားပါစေသော။
Que sa postérité soit exterminée; Que, dès la génération prochaine, son nom soit éteint! Que l'iniquité de ses pères soit rappelée En présence de l'Éternel,
14 ၁၄ သူ၏ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှု များကို ထာဝရဘုရားသည်သတိရတော်မူပါစေသော။ သူ၏မိခင်ကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ဖြေလွှတ်တော်မမူပါနှင့်။
Et que le péché de sa mère ne soit point effacé.
15 ၁၅ ထာဝရဘုရားသည်သူတို့၏အပြစ်တို့ကို သတိရတော်မူပါစေသော။ သို့ရာတွင်သူတို့၏နာမည်သည်လောကမှ လုံးဝပျောက်ကွယ်သွားပါစေသော။
Que leurs crimes soient toujours présents devant l'Éternel, Et que l'Éternel anéantisse leur mémoire sur la terre!
16 ၁၆ ထိုသူသည်အဘယ်အခါ၌မျှသနား ကြင်နာရန် စိတ်မကူးခဲ့။ ဆင်းရဲသူ၊ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့ သူတို့အားညှဉ်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့၏။
Car cet homme ne s'est pas souvenu D'exercer la miséricorde; Il a persécuté le misérable, le pauvre. Celui qui a le coeur brisé, pour le faire mourir!
17 ၁၇ သူသည်ကျိန်ဆဲရန်နှစ်သက်သည်ဖြစ်၍ သူကိုယ်တိုင်ကျိန်ဆဲခြင်းကိုခံရပါစေ သော။ သူသည်သူတစ်ပါးအားကောင်းချီးမင်္ဂလာပေးရန် အလိုမရှိသည်ဖြစ်၍ မည်သူကမျှသူ့အားကောင်းချီးမင်္ဂလာ မပေးပါစေနှင့်။
Il a aimé la malédiction: qu'elle tombe sur lui! Il n'a point pris plaisir à la bénédiction: Qu'elle s'éloigne de lui!
18 ၁၈ ကျိန်ဆဲမှုသည်သူ၏အတွက်ခါးဝတ် ပုဆိုးသဖွယ်ဖြစ်၏။ သူ၏ကျိန်ဆဲချက်များသည်ရေကဲ့သို့ သူ၏ကိုယ်ခန္ဓာထဲသို့လည်းကောင်း၊ဆီကဲ့သို့ သူ၏ အရိုးများထဲသို့လည်းကောင်းစိမ့်ဝင်ပါ စေသော။
Qu'il soit enveloppé de cette malédiction Comme d'un manteau; Qu'elle pénètre dans son corps comme de l'eau, Et dans ses os comme de l'huile!
19 ၁၉ ယင်းကျိန်ဆဲချက်တို့သည်အထည်အဝတ်ကဲ့သို့ သူ့ကိုဖုံးလွှမ်း၍ခါးပတ်သဖွယ်သူ့ကိုအစဉ် အမြဲ ပတ်၍ထားပါစေသော။
Qu'elle soit comme l'habit dont il se couvre, Comme une ceinture dont il soit toujours ceint!
20 ၂၀ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အကြောင်းဆိုးရွားသည့် သတင်းကိုလွှင့်သူကျွန်တော်မျိုး၏ရန်သူတို့ အား ဤနည်းအတိုင်းအပြစ်ပေးတော်မူပါ။
Tel sera, de la part de l'Éternel, le salaire de mes ennemis, Et de ceux qui profèrent contre moi des paroles meurtrières.
21 ၂၁ သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်၊ ကိုယ်တော်ရှင်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်၏မေတ္တာတော်ကိုထောက်၍ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
Mais toi, ô Éternel, mon Seigneur, agis en ma faveur, Pour l'honneur de ton nom. Toi dont la grâce est si bienfaisante, délivre-moi!
22 ၂၂ ကျွန်တော်မျိုးသည်ဆင်းရဲချို့တဲ့နွမ်းပါး ပါ၏။ အသည်းနှလုံးထဲတွင်နာကြည်းလျက်ရှိပါ၏။
Car je suis misérable et pauvre, Et mon coeur est meurtri au dedans de moi.
23 ၂၃ ကျွန်တော်မျိုးသည် ညနေချိန်အရိပ်ကဲ့သို့ ပျောက်ကွယ်ရန်နီးပါပြီ။ ပိုးကောင်ကဲ့သို့လေတိုက်၍လွင့်သွားပါ၏။
Je m'en vais comme l'ombre du soir qui s'allonge; Je suis emporté comme la sauterelle.
24 ၂၄ အစားအစာချို့တဲ့မှုကြောင့်ကျွန်တော်မျိုး၏ ဒူးတို့သည်ချည့်နဲ့လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် အရိုးနှင့်အရေသာရှိပါ၏။
Mes genoux chancellent, affaiblis par le jeûne; Mon corps s'épuise et s'amaigrit.
25 ၂၅ လူတို့သည်ကျွန်တော်မျိုးကိုမြင်သောအခါ ပြက်ရယ်ပြုကြပါ၏။ ဦးခေါင်းကိုခါကြ ပါ၏။
Je suis pour mes ennemis un objet d'opprobre; Dès qu'ils m'aperçoivent, ils hochent la tête!
26 ၂၆ ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ကျွန်တော်မျိုးအားကယ်တော် မူပါ။
Aide-moi, ô Éternel, mon Dieu! Sauve-moi, dans ta bonté,
27 ၂၇ ကျွန်တော်မျိုးအားကယ်တော်မူသောသူသည် ကိုယ်တော်ရှင်ပင်ဖြစ်တော်မူကြောင်းကို ရန်သူတို့အားသိစေတော်မူပါ။
Afin qu'ils sachent que c'est ta main, Que c'est toi, ô Éternel, qui m'as délivré.
28 ၂၈ သူတို့သည်ကျွန်တော်မျိုးအား ကျိန်ဆဲကြသော်လည်းကိုယ်တော်ရှင် မူကား ကောင်းချီးပေးတော်မူပါမည်။ ကျွန်တော်မျိုးအားနှိပ်စက်ညှဉ်းဆဲသော သူတို့သည် အရေးရှုံးနိမ့်ကြပါစေသော။ ကိုယ်တော်ရှင်၏ အစေခံကျွန်တော်မျိုးမူကား ဝမ်းမြောက်ရပါစေသော။
Ils maudissent; toi, tu béniras. Ils se dressent contre moi; mais ils seront couverts de honte. Et ton serviteur sera comblé de joie.
29 ၂၉ ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။ သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
Que mes adversaires soient revêtus de confusion, Et enveloppés de leur honte comme d'un manteau!
30 ၃၀ ငါသည်အသံကျယ်စွာထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ပရိသတ်တို့အလယ်တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
Ma bouche célébrera hautement l'Éternel: Je le louerai au milieu de la multitude;
31 ၃၁ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ဆင်းရဲသူကိုကာကွယ်၍ သူ့အားသေဒဏ်စီရင်ကြသောသူတို့ ၏လက်မှ ကယ်တော်မူသောကြောင့်ဖြစ်၏။
Car il se tient à la droite du pauvre, Pour le délivrer de ceux qui le condamnent.