< ဆာလံ 108 >

1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ ပါ​၏။ ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။ အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။
Песнь. Псалом Давида. Готово сердце мое, Боже, готово сердце мое; буду петь и воспевать во славе моей.
2 ငါ​၏​စောင်း​ကြီး​စောင်း​ငယ်​တို့၊နိုး​ထ​ကြ​လော့။ ငါ​သည်​နေ​ကို​နိုး​ထ​စေ​မည်။
Воспрянь, псалтирь и гусли! Я встану рано.
3 အို ထာ​ဝ​ရ​ဘု​ရား၊ လူ​မျိုး​တ​ကာ​တို့​အ​လယ်​တွင်​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​မျိုး​အ​ပေါင်း​တို့​အ​လယ်​တွင်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။
Буду славить Тебя, Господи, между народами; буду воспевать Тебя среди племен,
4 ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​သို့​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​ကောင်း​ကင် တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ​ပါ​၏။
ибо превыше небес милость Твоя и до облаков истина Твоя.
5 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သော​ဂုဏ်​တော်​ကို မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ဘုန်း​အ​သ​ရေ တော်​ကို ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​လည်း​ကောင်း​ပြ​တော်​မူ​ပါ။
Будь превознесен выше небес, Боже; над всею землею да будет слава Твоя,
6 ကိုယ်​တော်​ရှင်​ချစ်​တော်​မူ​သော​လူ​စု​တော်​သည် အ​သက်​ချမ်း​သာ​ကြ​စေ​ရန် ဘုန်း​အာ​နု​ဘော်​တော်​ဖြင့်​ကျွန်​တော်​မျိုး​တို့​ကို ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
дабы избавились возлюбленные Твои: спаси десницею Твоею и услышь меня.
7 ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​က ``ငါ​သည်​အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း ခြား​မည်။ သု​ကုတ်​ချိုင့်​ဝှမ်း​ကို​လည်း​ငါ​၏​လူ​စု​တော် အား ခွဲ​ဝေ​ပေး​မည်။
Бог сказал во святилище Своем: “восторжествую, разделю Сихем и долину Сокхоф размерю;
8 ဂိ​လဒ်​ပြည်​ကို​ငါ​ပိုင်​၏။ မ​နာ​ရှေ​ပြည်​ကို လည်း ငါ​ပိုင်​၏။ ဧ​ဖ​ရိမ်​ပြည်​သည်​ငါ​၏​သံ​ခ​မောက်​ဖြစ်​၍ ယု​ဒ​ပြည်​သည်​ငါ​၏​ရာ​ဇ​လှံ​တံ​ဖြစ်​၏။
Мой Галаад, Мой Манассия, Ефрем - крепость главы Моей, Иуда - скипетр Мой,
9 သို့​ရာ​တွင်​ငါ​သည်​မော​ဘ​ပြည်​ကို​ငါ​၏ ခြေ​ဆေး​အိုး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်​ကို​ငါ​ပိုင်​ကြောင်း ငါ့​ဖိ​နပ်​တင်​ရာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း အ​သုံး​ပြု​မည်။ ဖိ​လိတ္တိ​ပြည်​ပေါ်​၌​အောင်​ပွဲ​ခံ​၍​ကြွေး​ကြော် မည်'' ဟု​မိန့်​တော်​မူ​ပေ​သည်။
Моав - умывальная чаша Моя, на Едома простру сапог Мой, над землею Филистимскою восклицать буду”.
10 ၁၀ ဘု​ရား​သ​ခင်၊ခံ​တပ်​တည်​ဆောက်​ထား​သည့် မြို့​အ​တွင်း​သို့​အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​အား ပို့​ဆောင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ ပြည်​သို့ ပို့​ဆောင်​ပါ​မည်​နည်း။
Кто введет меня в укрепленный город? Кто доведет меня до Едома?
11 ၁၁ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ ကျွန်​တော်​မျိုး​၏​တပ်​များ​နှင့်​အ​တူ​ချီ​တက် တော်​မ​မူ​တော့​ပြီ​လော။
Не Ты ли, Боже, Который отринул нас и не выходишь, Боже, с войсками нашими?
12 ၁၂ လူ​တို့​၏​အ​ကူ​အ​ညီ​သည်​အ​ချည်း​နှီး​ပင် ဖြစ်​သော​ကြောင့်​ရန်​သူ​များ​ကို​တိုက်​ခိုက်​နိုင်​ရန် ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
Подай нам помощь в тесноте, ибо защита человеческая суетна.
13 ၁၃ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက်​၌​ရှိ​တော် မူ​လျှင် ငါ​တို့​သည်​အ​နိုင်​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။
С Богом мы окажем силу: Он низложит врагов наших

< ဆာလံ 108 >