< ဆာလံ 108 >
1 ၁ အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချ ပါ၏။ ကျွန်တော်မျိုးသည်သီချင်းဆို၍ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။ အို ငါ့ဝိညာဉ်၊နိုးထလော့။
[A Song. A Psalm by David.] My heart is steadfast, God. I will sing and I will make music with my soul.
2 ၂ ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်နေကိုနိုးထစေမည်။
Wake up, harp and lyre. I will wake up the dawn.
3 ၃ အို ထာဝရဘုရား၊ လူမျိုးတကာတို့အလယ်တွင်ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူမျိုးအပေါင်းတို့အလယ်တွင်ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။
I will give thanks to you, LORD, among the nations. I will sing praises to you among the peoples.
4 ၄ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်အထက်သို့လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်ကောင်းကင် တိုင်အောင်လည်းကောင်းရောက်ရှိပါ၏။
For your loving kindness is great above the heavens. Your faithfulness reaches to the skies.
5 ၅ အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်သောဂုဏ်တော်ကို မိုးကောင်းကင်၌လည်းကောင်း၊ဘုန်းအသရေ တော်ကို ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်းကောင်းပြတော်မူပါ။
Be exalted, God, above the heavens. Let your glory be over all the earth.
6 ၆ ကိုယ်တော်ရှင်ချစ်တော်မူသောလူစုတော်သည် အသက်ချမ်းသာကြစေရန် ဘုန်းအာနုဘော်တော်ဖြင့်ကျွန်တော်မျိုးတို့ကို ကယ်တော်မူပါ။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
That your beloved may be delivered, save with your right hand, and answer us.
7 ၇ ဗိမာန်တော်တွင်ဘုရားသခင်က ``ငါသည်အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်း ခြားမည်။ သုကုတ်ချိုင့်ဝှမ်းကိုလည်းငါ၏လူစုတော် အား ခွဲဝေပေးမည်။
God has spoken from his sanctuary: "In triumph, I will divide Shechem, and measure out the Valley of Succoth.
8 ၈ ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကို လည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည်ငါ၏သံခမောက်ဖြစ်၍ ယုဒပြည်သည်ငါ၏ရာဇလှံတံဖြစ်၏။
Gilead is mine. Manasseh is mine. Ephraim also is my helmet. Judah is my scepter.
9 ၉ သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးအိုးအဖြစ်ဖြင့်လည်းကောင်း၊ ဧဒုံပြည်ကိုငါပိုင်ကြောင်း ငါ့ဖိနပ်တင်ရာအဖြစ်ဖြင့်လည်းကောင်း အသုံးပြုမည်။ ဖိလိတ္တိပြည်ပေါ်၌အောင်ပွဲခံ၍ကြွေးကြော် မည်'' ဟုမိန့်တော်မူပေသည်။
Moab is my wash pot. I will toss my sandal on Edom. I will shout in triumph over Philistia."
10 ၁၀ ဘုရားသခင်၊ခံတပ်တည်ဆောက်ထားသည့် မြို့အတွင်းသို့အဘယ်သူသည်ကျွန်တော် မျိုးအား ပို့ဆောင်ပါမည်နည်း။ အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံ ပြည်သို့ ပို့ဆောင်ပါမည်နည်း။
Who will bring me into the fortified city? Who has led me to Edom?
11 ၁၁ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ ကျွန်တော်မျိုး၏တပ်များနှင့်အတူချီတက် တော်မမူတော့ပြီလော။
Haven't you rejected us, God? You do not go forth, God, with our armies.
12 ၁၂ လူတို့၏အကူအညီသည်အချည်းနှီးပင် ဖြစ်သောကြောင့်ရန်သူများကိုတိုက်ခိုက်နိုင်ရန် ကျွန်တော်မျိုးအားကူမတော်မူပါ။
Give us help against the enemy, for the help of man is vain.
13 ၁၃ ဘုရားသခင်သည်ငါတို့ဘက်၌ရှိတော် မူလျှင် ငါတို့သည်အနိုင်ရကြလိမ့်မည်။ ကိုယ်တော်သည်ငါတို့၏ရန်သူများကို အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။
Through God, we will do valiantly. For it is he who will trample down our enemies.