< ဆာလံ 107 >

1 ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​၏'' ဟု​
Celebrad a Yahvé porque es bueno, porque su misericordia permanece para siempre.
2 ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရှေ့​အ​နောက်​တောင်​မြောက်​ရှိ​တိုင်း​တစ်​ပါး​မှ ပြန်​ခေါ်​ဆောင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည်​ချီး​မွမ်း​ကြ​စေ။
Así digan los rescatados de Yahvé, los que Él redimió de manos del enemigo,
3
y a quienes Él ha congregado de las tierras del Oriente y del Occidente, del Norte y del Mediodía.
4 လူ​အ​ချို့​တို့​သည်​လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ တွင် လှည့်​လည်​လျက်​နေ​ခဲ့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​စ​ရာ​မြို့​သို့​သွား​ရာ လမ်း​ကို​ရှာ​၍​မ​တွေ့​ကြ။
Erraban por el desierto, en la soledad, sin hallar camino a una ciudad donde morar.
5 သူ​တို့​သည်​အ​စာ​ငတ်​ရေ​ငတ်​ကြ​လျက် စိတ်​ပျက်​အား​လျော့​ကြ​၏။
Sufrían hambre y sed; su alma desfallecía en ellos.
6 သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။
Y clamaron a Yahvé en su angustia, y Él los sacó de sus tribulaciones.
7 ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။
Y los condujo por camino derecho, para que llegasen a una ciudad donde habitar.
8 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ရ ကြ​ပေ​မည်။
Den gracias a Yahvé por su misericordia, y por sus maravillas en favor de los hijos de los hombres.
9 ကိုယ်​တော်​သည်​ရေ​ငတ်​သူ​တို့​အား ရေ​ငတ်​ပြေ​စေ​တော်​မူ​၏။ ဆာ​လောင်​မွတ်​သိပ်​သူ​တို့​အား​ကောင်း​သော အ​ရာ​များ​နှင့်​ဝ​စေ​တော်​မူ​၏။
Porque sació al alma sedienta, y a la hambrienta colmó de bienes.
10 ၁၀ အ​ချို့​သော​သူ​တို့​သည်​မှောင်​မိုက်​အ​တိ​ဖုံး​လွှမ်း​ရာ အ​ရပ်​၌​နေ​ထိုင်​ရ​လျက်​သံ​ကြိုး​ဖြင့် ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ဒုက္ခ​ခံ​ရ​ကြ​၏။
Moraban en tinieblas y sombras, cautivos de la miseria y del hierro;
11 ၁၁ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​မိန့်​တော်​ကို​ဖီ​ဆန်​၍ အ​နန္တ​တန်​ခိုး​ရှင်​၏​ညွှန်​ကြား​ချက်​များ​ကို ပစ်​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။
porque habían resistido a las palabras de Dios y despreciado el consejo del Altísimo.
12 ၁၂ သူ​တို့​သည်​ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​ကြ​သ​ဖြင့် အား​အင်​ကုန်​ခန်း​ရ​ကြ​၏။ လဲ​ကျ​သော်​လည်း​သူ​တို့​အား​ထူ​မ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။
Y Él humilló su corazón con trabajos; sucumbían y no había quien los socorriese.
13 ၁၃ သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​ထံ အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။
Y clamaron a Yahvé en su angustia, y Él los sacó de sus tribulaciones.
14 ၁၄ ကိုယ်​တော်​သည်​သူ​တို့​အား​မှောင်​မိုက်​အ​တိ ဖုံး​လွှမ်း​ရာ အ​ရပ်​မှ​ထုတ်​ဆောင်​တော်​မူ​၍ သူ​တို့​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး များ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။
Y los libró de las tinieblas y de las sombras, y rompió sus cadenas.
15 ၁၅ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။
Den gracias a Yahvé por su misericordia, y por sus maravillas en favor de los hijos de los hombres;
16 ၁၆ ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။
porque Él rompió las puertas de bronce, e hizo pedazos los cerrojos de hierro.
17 ၁၇ အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ ကြောင့် ဖျား​နာ​ရ​ကြ​၏။ မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​၏။
Estaban enfermos a causa de su iniquidad, y afligidos a causa de sus delitos;
18 ၁၈ သူ​တို့​သည်​အ​စား​အ​စာ​ကို​ပင်​ကြည့်​ချင်​စိတ် မ​ရှိ​တော့​ဘဲ သေ​မင်း​၏​တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရ​ကြ​၏။
sintieron náuseas de todo alimento, y llegaron a las puertas de la muerte.
19 ၁၉ ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။
Y clamaron a Yahvé en su angustia, y Él los sacó de sus tribulaciones.
20 ၂၀ ကိုယ်​တော်​သည်​အ​မိန့်​တော်​ပေး​၍​သူ​တို့​အား ရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ပြီး​လျှင် သင်္ချိုင်း​တွင်း​မှ​ကယ်​တော်​မူ​၏။
Envió su Palabra para sanarlos y arrancarlos de la perdición.
21 ၂၁ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။
Den gracias a Yahvé por su misericordia, y por sus maravillas en favor de los hijos de los hombres,
22 ၂၂ သူ​တို့​သည်​ယဇ်​ပူ​ဇော်​သကာ​ဖြင့်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​လျက် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို ဖော်​ပြ​ရ​ကြ​ပေ​မည်။
y ofrezcan sacrificios de alabanza, y publiquen con júbilo sus obras.
23 ၂၃ လူ​အ​ချို့​တို့​သည်​သ​မုဒ္ဒ​ရာ​တွင်​သင်္ဘော​လွှင့်​၍ ကူး​သန်း​သွား​လာ​လျက်​အ​သက်​မွေး​ဝမ်း​ကျောင်း ရှာ​ကြ​၏။
Surcaban en naves el mar, traficando sobre las vastas ondas,
24 ၂၄ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​များ၊ပင်​လယ်​တွင်​ပြ​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​မြင်​တွေ့​ရ​ကြ​၏။
esos vieron las obras del Señor, y sus maravillas en el piélago.
25 ၂၅ ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကျ​ရောက်​လာ​၍ လှိုင်း​တံ​ပိုး​များ​ထ​လေ​၏။
Con Su palabra suscitó un viento borrascoso, que levantó las olas del mar;
26 ၂၆ သင်္ဘော​များ​သည်​လေ​ထဲ​သို့​မြောက်​၍​သွား​ကြ ပြီး​နောက် ရေ​ထဲ​သို့​ထိုး​ဆင်း​သွား​ကြ​၏။ ယင်း​သို့​သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​ကြ​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
subían hasta el cielo y descendían hasta el abismo, su alma desmayaba en medio de sus males.
27 ၂၇ သူ​တို့​သည်​အ​ရက်​မူး​သူ​များ​ကဲ့​သို့​ယိမ်း​ယိုင် လဲ​ကျ​ကြ​ကုန်​၏။ သူ​တို့​၏​ကျွမ်း​ကျင်​မှု​သည်​အ​ချည်း​နှီး​ပင်​ဖြစ်​၏။
Titubeaban y se tambaleaban como ebrios, y les fallaba toda su pericia.
28 ၂၈ ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။
Y clamaron a Yahvé en su angustia, y Él los sacó de sus tribulaciones.
29 ၂၉ ကိုယ်​တော်​သည်​လေ​မုန်​တိုင်း​ကို​ရပ်​စဲ​စေ​တော် မူ​သ​ဖြင့် လှိုင်း​တံ​ပိုး​တို့​သည်​ငြိမ်သက်​လေ​၏။
Tornó el huracán en suave brisa, y las ondas del mar callaron.
30 ၃၀ ယင်း​သို့​လေ​ငြိမ်​သ​ဖြင့်​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​သူ​တို့​သွား​လို​ရာ​သင်္ဘော​ဆိပ်​မြို့​သို့ ဘေး​မဲ့​လုံ​ခြုံ​စွာ​ပို့ဆောင်​တော်​မူ​၏။
Y se alegraron de que callasen, y los condujo al puerto deseado.
31 ၃၁ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အ​တွက်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။
Den gracias a Yahvé por su misericordia, y por sus maravillas en favor de los hijos de los hombres.
32 ၃၂ သူ​တို့​သည်​ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို လူ​တို့ စု​ဝေး​ရာ​အ​ရပ်​၌​ထုတ်​ဖော်​ကြေ​ညာ​ကြ​ရ​ပေ​မည်။ ခေါင်း​ဆောင်​များ​အ​စည်း​အ​ဝေး​၌​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​ရ​ပေ​မည်။
Celébrenlo en la asamblea del pueblo, y en la reunión de los ancianos, cántenle.
33 ၃၃ ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​များ​ကို​လုံး​ဝ ခန်း​ခြောက်​စေ​တော်​မူ​၏။ စမ်း​ချောင်း​များ​ကို​လည်း​ဆို့​ပိတ်​၍​ထား​တော်​မူ​၏။
Él convirtió los ríos en desierto, y los manantiales en árida tierra,
34 ၃၄ ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ကိုယ်​တော်​သည် မြေ​ကောင်း​မြေ​သန့်​ကို အ​သုံး​မ​ဝင်​သည့်​ဆား​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။
el suelo fructífero en un salobral, por la malicia de sus moradores.
35 ၃၅ ကိုယ်​တော်​သည်​သဲ​ကန္တာ​ရ​များ​ကို​ရေ​အိုင်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သည့်​ဒေ​သ​များ​ကို​စမ်း​ရေ​ပေါက် အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​တော်​မူ​၏။
Él mismo ha convertido el desierto en lago y la tierra árida en manantiales,
36 ၃၆ ထို​ဒေ​သ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​အား နေ​ထိုင်​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​မိ​မိ​တို့​နေ​ထိုင်​ရန်​မြို့​ကို တည်​ကြ​၏။
allí coloca a los hambrientos, y fundan una ciudad para habitarla.
37 ၃၇ သူ​တို့​သည်​လယ်​ယာ​လုပ်​ကိုင်​ကာ​စ​ပျစ်​ပင် များ​ကို စိုက်​ပျိုး​ကြ​၏။ ယင်း​တို့​သည်​များ​စွာ​သော​အ​သီး​အ​နှံ တို့​ကို​ဆောင်​ကုန်​၏။
Siembran los campos y plantan viñas, y obtienen de ellos los frutos.
38 ၃၈ ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်​သူ​တို့​သည် သား​သ​မီး​များ​စွာ​ရ​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​နွား​အုပ်​များ​ကို​လည်း မ​ယုတ်​မ​လျော့​စေ​ရန်​စောင့်​ရှောက်​တော်​မူ​၏။
Bendecidos por Él se multiplican en gran manera, y sus ganados no disminuyen nunca.
39 ၃၉ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရက်​စက်​စွာ ဖိ​စီး​နှိပ်​စက်​မှု​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် အ​ရေး​ရှုံး​နိမ့်​ကာ​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​ကြ သော​အ​ခါ
Aunque reducidos a pocos y despreciados, por el peso del infortunio y de la aflicción,
40 ၄၀ ကိုယ်​တော်​သည်​ယင်း​သို့​ဖိ​စီး​နှိပ်​စက်​သူ​များ​အား စက်​ဆုပ်​ရွံ​ရှာ​၍ လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ​တွင်​လှည့်​လည် သွား​လာ​စေ​တော်​မူ​၏။
Aquel que derrama desprecio sobre los príncipes, y los hace errar por desiertos sin huellas,
41 ၄၁ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍ သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။
ha levantado de la miseria al indigente, y hace las familias numerosas como rebaños.
42 ၄၂ သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​၍​ဝမ်း​မြောက်​ကုန်​၏။ သူ​ယုတ်​မာ​အပေါင်း​တို့​သည်​ကား​နှုတ်​ပိတ်​၍ နေ​ရ​ကြ​၏။
Lo ven los justos y se alegran, y toda malicia cierra su boca.
43 ၄၃ အ​သိ​ပညာ​ရှိ​သူ​တို့​သည်​ဤ​အ​မှု​အ​ရာ တို့​ကို နှ​လုံး​သွင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​စေ။
¿Quién es el sabio que considere estas cosas y comprenda las misericordias del Señor?

< ဆာလံ 107 >