< ဆာလံ 107 >
1 ၁ ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်၏'' ဟု
Louvae ao Senhor, porque elle é bom, porque a sua benignidade dura para sempre.
2 ၂ ရန်သူတို့လက်မှကယ်ဆယ်တော်မူ၍ အရှေ့အနောက်တောင်မြောက်ရှိတိုင်းတစ်ပါးမှ ပြန်ခေါ်ဆောင်တော်မူခြင်းကို ခံရသောသူတို့သည်ချီးမွမ်းကြစေ။
Digam-n'o os remidos do Senhor, os que remiu da mão do inimigo,
E os que congregou das terras do oriente e do occidente, do norte e do sul.
4 ၄ လူအချို့တို့သည်လမ်းမရှိသည့်သဲကန္တာရ တွင် လှည့်လည်လျက်နေခဲ့ကြ၏။ သူတို့သည်မိမိတို့နေထိုင်စရာမြို့သို့သွားရာ လမ်းကိုရှာ၍မတွေ့ကြ။
Andaram desgarrados pelo deserto, por caminhos solitarios; não acharam cidade para habitarem.
5 ၅ သူတို့သည်အစာငတ်ရေငတ်ကြလျက် စိတ်ပျက်အားလျော့ကြ၏။
Famintos e sedentos, a sua alma n'elles desfallecia.
6 ၆ သူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
E clamaram ao Senhor na sua angustia, e os livrou das suas necessidades.
7 ၇ ကိုယ်တော်သည်သူတို့နေထိုင်ရန်မြို့သို့လမ်း ဖြောင့်ဖြင့် ပို့ဆောင်တော်မူ၏။
E os levou por caminho direito, para irem a uma cidade de habitação.
8 ၈ သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ်ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုရ ကြပေမည်။
Louvem ao Senhor pela sua bondade, e pelas suas maravilhas para com os filhos dos homens.
9 ၉ ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
Pois fartou a alma sedenta, e encheu de bondade a alma faminta.
10 ၁၀ အချို့သောသူတို့သည်မှောင်မိုက်အတိဖုံးလွှမ်းရာ အရပ်၌နေထိုင်ရလျက်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက်ဒုက္ခခံရကြ၏။
Tal como a que se assenta nas trevas e sombra da morte, presa em afflicção e em ferro;
11 ၁၁ အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ အမိန့်တော်ကိုဖီဆန်၍ အနန္တတန်ခိုးရှင်၏ညွှန်ကြားချက်များကို ပစ်ပယ်ကြသောကြောင့်ဖြစ်၏။
Porquanto se rebellaram contra as palavras de Deus, e desprezaram o conselho do Altissimo,
12 ၁၂ သူတို့သည်ပင်ပန်းစွာအလုပ်လုပ်ရကြသဖြင့် အားအင်ကုန်ခန်းရကြ၏။ လဲကျသော်လည်းသူတို့အားထူမမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
Portanto lhes abateu o coração com trabalho; tropeçaram, e não houve quem os ajudasse.
13 ၁၃ သူတို့သည်ဒုက္ခရောက်ကြသဖြင့်ထာဝရ ဘုရားထံ အော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
Então clamaram ao Senhor na sua angustia, e os livrou das suas necessidades.
14 ၁၄ ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။
Tirou-os das trevas e sombra da morte; e quebrou as suas prisões.
15 ၁၅ သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊မိမိတို့အား ပြုတော်မူသောအံ့သြဖွယ်ရာများအတွက် လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းရပေမည်။
Louvem ao Senhor pela sua bondade, e pelas suas maravilhas para com os filhos dos homens.
16 ၁၆ ကိုယ်တော်သည်ကြေးတံခါးများကိုချိုး၍ သံကန့်လန့်များကိုအပိုင်းပိုင်းဖြတ်တော်မူ၏။
Pois quebrou as portas de bronze; e despedaçou os ferrolhos de ferro.
17 ၁၇ အချို့သောသူတို့သည်မိမိတို့၏အပြစ်များ ကြောင့် ဖျားနာရကြ၏။ မိမိတို့၏ဒုစရိုက်များကြောင့်ဆင်းရဲဒုက္ခ ရောက်ရကြ၏။
Os loucos, por causa da sua transgressão, e por causa das suas iniquidades, são afflictos.
18 ၁၈ သူတို့သည်အစားအစာကိုပင်ကြည့်ချင်စိတ် မရှိတော့ဘဲ သေမင်း၏တံခါးဝအနီးသို့ရောက်ရကြ၏။
A sua alma aborreceu toda a comida, e chegaram até ás portas da morte.
19 ၁၉ ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
Então clamaram ao Senhor na sua angustia: e elle os livrou das suas necessidades.
20 ၂၀ ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။
Enviou a sua palavra, e os sarou; e os livrou da sua destruição.
21 ၂၁ သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ် ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
Louvem ao Senhor pela sua bondade, e pelas suas maravilhas para com os filhos dos homens.
22 ၂၂ သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ ဝမ်းမြောက်စွာသီချင်းဆိုလျက် ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။
E offereçam os sacrificios de louvor, e relatem as suas obras com regozijo.
23 ၂၃ လူအချို့တို့သည်သမုဒ္ဒရာတွင်သင်္ဘောလွှင့်၍ ကူးသန်းသွားလာလျက်အသက်မွေးဝမ်းကျောင်း ရှာကြ၏။
Os que descem ao mar em navios, mercando nas grandes aguas,
24 ၂၄ သူတို့သည်ထာဝရဘုရားပြုတော်မူသော အမှုတော်များ၊ပင်လယ်တွင်ပြတော်မူသော အံ့သြဖွယ်ရာများကိုမြင်တွေ့ရကြ၏။
Esses vêem as obras do Senhor, e as suas maravilhas no profundo.
25 ၂၅ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ လေပြင်းမုန်တိုင်းကျရောက်လာ၍ လှိုင်းတံပိုးများထလေ၏။
Pois elle manda, e se levanta o vento tempestuoso, que eleva as suas ondas.
26 ၂၆ သင်္ဘောများသည်လေထဲသို့မြောက်၍သွားကြ ပြီးနောက် ရေထဲသို့ထိုးဆင်းသွားကြ၏။ ယင်းသို့သေဘေးနှင့်တွေ့ကြုံရကြသဖြင့် လူတို့သည်ထိတ်လန့်တုန်လှုပ်ကြကုန်၏။
Sobem aos céus; descem aos abysmos, e a sua alma se derrete em angustias.
27 ၂၇ သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။ သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။
Andam e cambaleam como ebrios, e perderam todo o tino.
28 ၂၈ ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
Então clamam ao Senhor na sua angustia; e elle os livra das suas necessidades.
29 ၂၉ ကိုယ်တော်သည်လေမုန်တိုင်းကိုရပ်စဲစေတော် မူသဖြင့် လှိုင်းတံပိုးတို့သည်ငြိမ်သက်လေ၏။
Faz cessar a tormenta, e calam-se as suas ondas.
30 ၃၀ ယင်းသို့လေငြိမ်သဖြင့်သူတို့သည် ဝမ်းမြောက်ကြကုန်၏။ ကိုယ်တော်သည်သူတို့သွားလိုရာသင်္ဘောဆိပ်မြို့သို့ ဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူ၏။
Então se alegram, porque se aquietaram; assim os leva ao seu porto desejado.
31 ၃၁ သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အတွက်ပြုတော်မူသော အံ့သြဖွယ်ရာများအတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
Louvem ao Senhor pela sua bondade, e pelas suas maravilhas para com os filhos dos homens.
32 ၃၂ သူတို့သည်ကိုယ်တော်ကြီးမြတ်တော်မူပုံကို လူတို့ စုဝေးရာအရပ်၌ထုတ်ဖော်ကြေညာကြရပေမည်။ ခေါင်းဆောင်များအစည်းအဝေး၌ကိုယ်တော်ကို ထောမနာပြုကြရပေမည်။
Exaltem-n'o na congregação do povo, e glorifiquem-n'o na assembléa dos anciãos.
33 ၃၃ ထာဝရဘုရားသည်မြစ်များကိုလုံးဝ ခန်းခြောက်စေတော်မူ၏။ စမ်းချောင်းများကိုလည်းဆို့ပိတ်၍ထားတော်မူ၏။
Elle converte os rios em um deserto, e as fontes em terra sedenta:
34 ၃၄ ပြည်သူတို့၏ယုတ်မာမှုကြောင့်ကိုယ်တော်သည် မြေကောင်းမြေသန့်ကို အသုံးမဝင်သည့်ဆားမြေအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
A terra fructifera em esteril, pela maldade dos que n'ella habitam.
35 ၃၅ ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။
Converte o deserto em lagoa, e a terra secca em fontes.
36 ၃၆ ထိုဒေသတွင်အစာငတ်မွတ်သူတို့အား နေထိုင်ခွင့်ပေးတော်မူ၏။ သူတို့သည်လည်းမိမိတို့နေထိုင်ရန်မြို့ကို တည်ကြ၏။
E faz habitar ali os famintos, para que edifiquem cidade para habitação;
37 ၃၇ သူတို့သည်လယ်ယာလုပ်ကိုင်ကာစပျစ်ပင် များကို စိုက်ပျိုးကြ၏။ ယင်းတို့သည်များစွာသောအသီးအနှံ တို့ကိုဆောင်ကုန်၏။
E semeiam os campos e plantam vinhas, que produzem fructo abundante.
38 ၃၈ ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။
Tambem os abençoa, de modo que se multiplicam muito; e o seu gado não diminue.
39 ၃၉ ဘုရားသခင်၏လူစုတော်သည်ရက်စက်စွာ ဖိစီးနှိပ်စက်မှုနှင့်ဆင်းရဲဒုက္ခများကြောင့် အရေးရှုံးနိမ့်ကာအရှက်တကွဲဖြစ်ရကြ သောအခါ
Depois se diminuem e se abatem, pela oppressão, afflicção e tristeza.
40 ၄၀ ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။
Derrama o desprezo sobre os principes, e os faz andar desgarrados pelo deserto, onde não ha caminho.
41 ၄၁ သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။
Porém livra ao necessitado da oppressão em um logar alto, e multiplica as familias como rebanhos.
42 ၄၂ သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်၍ဝမ်းမြောက်ကုန်၏။ သူယုတ်မာအပေါင်းတို့သည်ကားနှုတ်ပိတ်၍ နေရကြ၏။
Os rectos o verão, e se alegrarão, e toda a iniquidade tapará a bocca.
43 ၄၃ အသိပညာရှိသူတို့သည်ဤအမှုအရာ တို့ကို နှလုံးသွင်း၍ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကိုစဉ်းစားဆင်ခြင်ကြစေ။
Quem é sabio observará estas coisas, e elles comprehenderão as benignidades do Senhor.