< ဆာလံ 106 >
1 ၁ ထာဝရဘုရားအားထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်းမြတ်တော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝရတည် ၏။
Alleluja! Pateiciet Tam Kungam, jo Viņš ir labs, un Viņa žēlastība paliek mūžīgi.
2 ၂ အဘယ်သူသည်ကိုယ်တော်၏အံ့သြဖွယ်ကောင်း သော အမှုတော်အပေါင်းတို့ကိုဖော်ပြနိုင်ပါသနည်း။ အဘယ်သူသည်ကိုယ်တော်၏ဂုဏ်တော်ရှိ သမျှကို ဖော်ကူးနိုင်ပါသနည်း။
Kas var izteikt Tā Kunga varenos darbus un izstāstīt visu Viņa teicamo slavu?
3 ၃ တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။
Svētīgi tie, kas tiesu tur un dara taisnību vienmēr.
4 ၄ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အား ကူမတော်မူသောအခါ ကျွန်တော်မျိုးကိုလည်းသတိရတော်မူပါ။ သူတို့အားကယ်တော်မူသောအခါ ကျွန်တော်မျိုးကိုလည်းကယ်တော်မူပါ။
Piemini mani, ak Kungs, pēc Sava labā prāta uz Saviem ļaudīm, piemeklē mani ar Savu pestīšanu;
5 ၅ ကိုယ်တော်ရှင်၏လူစုတော်ကောင်းစားသည်ကို ကျွန်တော်မျိုးမြင်ပါရစေ။ ကိုယ်တော်ရှင်၏ပြည်တော်သားများ ဝမ်းမြောက်ရာ၌လည်းကောင်း၊ ကိုယ်တော်ပိုင်တော်မူသောသူတို့ရွှင်လန်းအား ရစွာ ဂုဏ်ယူဝါကြွားရာ၌လည်းကောင်းကျွန်တော်မျိုး ပါဝင်ပါရစေ။
Ka redzam labumu pie Taviem izredzētiem un priecājamies par Tavu ļaužu prieku un lielāmies ar Tavu īpašumu.
6 ၆ ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူ အပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။
Mēs esam grēkojuši līdz ar saviem tēviem, esam noziegušies un bijuši bezdievīgi.
7 ၇ ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။ သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
Mūsu tēvi Ēģiptē nelika vērā Tavus brīnumus, tie nepieminēja Tavu lielo žēlastību, bet bija pārgalvīgi jūrmalā pie niedru jūras.
8 ၈ သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန် ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
Viņš tiem palīdzēja Sava vārda dēļ, ka tiem parādītu Savu varu.
9 ၉ ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
Un Viņš rāja niedru jūru, ka tā sasīka, un Viņš vadīja caur dziļumiem kā pa tuksnesi.
10 ၁၀ ကိုယ်တော်သည်သူတို့ကိုမုန်းသောသူတို့၏လက်မှ ကယ်တော်မူ၏။ သူတို့၏ရန်သူများလက်မှကယ်ဆယ်တော်မူ၏။
Un Viņš tos atpestīja no ienaidnieku rokas un tos atsvabināja no nīdētāju rokas.
11 ၁၁ သူတို့၏ရန်သူများသည်ရေနစ်၍သေကြကုန်၏။ တစ်စုံတစ်ယောက်မျှအသက်ရှင်၍မကျန်ခဲ့။
Ūdeņi apsedza viņu pretiniekus, ka neviens no tiem neatlika.
12 ၁၂ ထိုအခါကိုယ်တော်၏လူစုတော်သည်ကတိတော်ကို ယုံကြည်ကြလျက် ကိုယ်တော်အားထောမနာသီချင်းဆို ကြ၏။
Tad tie ticēja Viņa vārdiem, tie dziedāja Viņa slavu.
13 ၁၃ သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင် ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
Bet steigšus tie aizmirsa Viņa darbus, tie nenogaidīja Viņa nodomu;
14 ၁၄ သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက် ဘုရားသခင်အားသွေးစမ်းကြ၏။
Bet kārot iekārojās tuksnesī un kārdināja Dievu tai posta vietā.
15 ၁၅ သို့ဖြစ်၍ကိုယ်တော်သည်သူတို့တောင်းခံသည့် အရာကိုချပေးတော်မူသော်လည်း သူတို့အားရောဂါဆိုးစွဲကပ်စေတော် မူ၏။
Tad Viņš tiem deva pēc viņu kārības, bet darīja viņu dvēseles nīkstam.
16 ၁၆ သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။
Un tie apskauda Mozu lēģerī un Āronu, Tā Kunga svēto.
17 ၁၇ ထိုအခါမြေကြီးသည်အက်ကွဲ၍ ဒါသန်ကိုလည်းကောင်း၊ အဘိရံနှင့်အိမ်ထောင်စုသားတို့ကိုလည်းကောင်း မျိုလေ၏။
Zeme atvērās un aprija Datanu un apklāja Abirama biedrus.
18 ၁၈ မီးလျှံသည်သူတို့၏နောက်လိုက်သူယုတ်မာတို့ အပေါ်သို့ကျ၍ကျွမ်းလောင်စေ၏။
Un uguns iedegās viņu pulkā, liesma sadedzināja tos bezdievīgos.
19 ၁၉ သူတို့သည်သိနာတောင်အနီးတွင် ရွှေဖြင့်နွားသငယ်ရုပ်ကိုသွန်းလုပ်ကြပြီး နောက် ရှိခိုးကြ၏။
Tie taisīja teļu Horebā un klanījās tās bildes priekšā,
20 ၂၀ သူတို့သည်ဘုရားသခင်၏ဘုန်းအသရေ တော်ကို မြက်စားတိရစ္ဆာန်ရုပ်နှင့်အစားထိုးကြကုန်၏။
Un pārvērsa savu godu par vērša ģīmi, kas ēd zāli.
21 ၂၁ အီဂျစ်ပြည်တွင်အံ့သြဖွယ်ကောင်းသော အမှုတော်များဖြင့် မိမိတို့အားကယ်တော်မူခဲ့သောဘုရားသခင်ကို မေ့လျော့ကြ၏။
Viņi aizmirsa Dievu, savu Pestītāju, kas lielas lietas bija darījis Ēģiptes zemē,
22 ၂၂ ထိုပြည်တွင်ကိုယ်တော်ပြုတော်မူသော အမှုတော်တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ ပင်လယ်အနီးတွင်ပြုတော်မူသောအမှု တော်တို့သည် အံ့ဖွယ်သူရဲဖြစ်လှပါသည်တကား။
Brīnumus Hama zemē, briesmīgus darbus pie niedru jūras.
23 ၂၃ ဘုရားသခင်သည်မိမိ၏လူစုတော်အား သုတ်သင်ဖျက်ဆီးတော်မူမည်ဟုမိန့်တော်မူ သောအခါ ကိုယ်တော်ရွေးချယ်တော်မူသည့်အစေခံ မောရှေသည် ဆီးတားသဖြင့် အမျက်တော်ထွက်၍ထိုသူတို့အားသုတ်သင် ဖျက်ဆီးတော်မမူ။
Tā ka Viņš nodomāja tos izdeldēt, ja Mozus, Viņa izredzētais, nebūtu stājies tai plaisumā Viņa priekšā, novērst Viņa bardzību, lai nesamaitātu.
24 ၂၄ ထိုနောက်သူတို့သည်သာယာသောပြည်သို့ ဝင်ရန် ငြင်းဆန်ကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ ကတိတော်ကိုမယုံကြသောကြောင့်ဖြစ်၏။
Tie necienīja to jauko zemi, tie neticēja Viņa Vārdam,
25 ၂၅ သူတို့သည်မိမိတို့၏တဲများတွင်နေ၍ ညည်းညူကြ၏။ ထာဝရဘုရား၏စကားတော်ကိုနားမ ထောင်ကြ။
Bet kurnēja savās teltīs un nepaklausīja Tā Kunga balsij.
26 ၂၆ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားတော ကန္တာရတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ သူတို့၏သားမြေးများအားဘုရားမဲ့သူတို့ ထံတွင် ကွဲလွင့်စေလျက်တိုင်းတစ်ပါးတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း ကြပ်တည်းစွာ သတိပေးတော်မူ၏။
Tāpēc Viņš pacēla pret tiem Savu roku, tos nosist tuksnesī
Un nogāzt viņu dzimumu starp pagāniem un tos izkaisīt pa tām zemēm.
28 ၂၈ ထိုနောက်ဘုရားသခင်၏လူစုတော်သည် ဗာလဘုရားကိုပေဂုရအရပ်တွင်ရှိခိုး ဝတ်ပြု၍ သက်မဲ့ဘုရားများကိုပူဇော်သည့်ယဇ်ကောင်သားကို စားကြ၏။
Tie pieķērās arī BaālPeoram un ēda mirušu upurus,
29 ၂၉ သူတို့သည်ယင်းသို့ပြုမူခြင်းအားဖြင့် ထာဝရဘုရား၏အမျက်တော်ကို လှုံ့ဆော်ပေးကြရာသူတို့တွင်ရောဂါဆိုး ကပ်ရောက်လေ၏။
Un apkaitināja To Kungu ar saviem darbiem, ka mocība starp viņiem ielauzās.
30 ၃၀ သို့ရာတွင်ဖိနဟတ်သည်ထ၍ အပြစ်ရှိသူတို့ကိုဒဏ်စီရင်လိုက်သဖြင့် ကပ်ရောဂါသည်ငြိမ်းလေ၏။
Tad Pinehas cēlās un sodīja, un tā mocība mitējās.
31 ၃၁ ဖိနဟတ်ပြုခဲ့သည့်ကျေးဇူးကိုယနေ့တိုင်အောင် လူတို့သတိရကြကုန်၏။ နောင်ကာလအစဉ်မပြတ်လည်း သတိရကြပေလိမ့်မည်။
Un tas viņam tapa pielīdzināts par taisnību uz bērnu bērniem mūžīgi.
32 ၃၂ သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။ သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။
Un tie Viņu apkaitināja pie bāršanās ūdens, ka Mozum viņu dēļ ļaunums uzgāja.
33 ၃၃ သူတို့သည်မောရှေအားလွန်စွာ စိတ်နာကြည်းစေသဖြင့်သူမစဉ်းစား မဆင်ခြင်ဘဲစကားပြောမိ၏။
Jo tie padarīja viņa sirdi rūgtu, ka viņš neapdomīgi runāja ar savām lūpām.
34 ၃၄ သူတို့သည်ခါနာန်အမျိုးသားတို့အား သုတ်သင်ပစ်ရန်ထာဝရဘုရားစေခိုင်း တော်မူသည့်အတိုင်းမပြုမလုပ်ကြဘဲ
Tie arī neizdeldēja tās tautas, kā Tas Kungs tiem bija pavēlējis;
35 ၃၅ ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။
Bet tie sajaucās ar pagāniem un mācījās viņu darbus;
36 ၃၆ ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
Un kalpoja viņu elkiem, un tie viņiem palika par valgu.
37 ၃၇ သူတို့သည်မိမိတို့၏သားသမီးများကို ယဇ်ကောင်များအဖြစ်ဖြင့်ခါနာန်ရုပ်တုတို့အား ပူဇော်ကြ၏။
Pat savus dēlus un savas meitas tie upurēja nešķīstiem gariem,
38 ၃၈ သူတို့သည်မိမိတို့၏အပြစ်မဲ့သူ သားသမီးအရင်းအချာများကိုသတ် ဖြတ်ကာ ခါနာန်ရုပ်တုများအားပူဇော်ကြရာတိုင်းပြည်ကို ညစ်ညမ်းစေကြ၏။
Un izlēja nenoziedzīgas asinis, savu dēlu un savu meitu asinis, ko tie upurēja Kanaāna elkiem, tā ka zeme tapa apgānīta caur asins vainām.
39 ၃၉ ယင်းသို့သတ်ဖြတ်မှုများဖြင့်မိမိတို့ကိုယ်ကို ညစ်ညမ်းစေကြ၏။ ယင်းသို့ပြုမူကြခြင်းအားဖြင့်ဘုရားသခင် ကိုလည်း သစ္စာဖောက်ကြ၏။
Un tie sagānījās ar saviem darbiem un maukoja ar savām darīšanām.
40 ၄၀ သို့ဖြစ်၍ထာဝရဘုရားသည်မိမိ၏လူစု တော်အား အမျက်ထွက်တော်မူ၏။ သူတို့အားစက်ဆုပ်ရွံရှာတော်မူ၏။
Par to Tas Kungs ļoti iedusmojās pret Saviem ļaudīm un turēja par negantību Savu īpašumu;
41 ၄၁ ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ လက်တွင်စွန့်ပစ်၍ထားတော်မူသဖြင့် ရန်သူများသည်သူတို့ကိုအစိုးရကြကုန်၏။
Un Viņš tos nodeva pagānu rokā, un viņu nīdētāji par tiem valdīja.
42 ၄၂ သူတို့သည်ရန်သူများ၏ဖိစီးနှိပ်စက်မှုကို ခံရကြကာလက်အောက်ခံများဖြစ်လာရ ကြ၏။
Un viņu ienaidnieki tos apbēdināja un tos pazemoja apakš savas rokas.
43 ၄၃ ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကြိမ်ဖန်များစွာကယ်ဆယ်တော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်အားပုန်ကန်မြဲ ပုန်ကန်ကြသဖြင့် အပြစ်နွံတွင်ပို၍သာနစ်ကြကုန်၏။
Viņš tos izglāba daudzkārt, taču tie Viņu apkaitināja ar savu padomu un iznīka savu noziegumu dēļ.
44 ၄၄ သို့ရာတွင်သူတို့ဟစ်အော်ကြသောအခါ ထာဝရဘုရားကြားတော်မူ၍သူတို့၏ ဆင်းရဲဒုက္ခကြောင့်သူတို့ကိုသနားတော်မူ၏။
Bet Viņš uzlūkoja viņu bēdas un dzirdēja viņu kliegšanu,
45 ၄၅ ကိုယ်တော်သည်သူတို့၏အကျိုးကိုထောက်၍ ပဋိညာဉ်တော်ကိုသတိရတော်မူ၏။ မေတ္တာတော်သည်ကြီးမားတော်မူသည် ဖြစ်၍ အမျက်ပြေတော်မူ၏။
Un pieminēja viņu labad Savu derību, un Viņam bija žēl pēc Savas lielās žēlastības,
46 ၄၆ သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏ စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
Un lika tiem atrast sirds žēlastību pie visiem, kas tos turēja cietumā.
47 ၄၇ ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့အားကယ်မူပါ၏။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်နာမ တော်ကို ထောမနာပြုနိုင်ကြစေရန်လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းနိုင် ကြစေရန်လည်းကောင်း ကျွန်တော်မျိုးတို့အားလူမျိုးတကာတို့ အထဲမှ ပြန်လည်ခေါ်ဆောင်တော်မူပါ။
Atpestī mūs, Kungs, mūsu Dievs, un sapulcini mūs no tiem pagāniem, ka mēs pateicamies Tavam svētam vārdam un lielāmies ar Tavu slavu.
48 ၄၈ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ လူအပေါင်းတို့သည်အာမင်ဟုဆိုကြစေ။ ထာဝရဘုရားအားထောမနာပြုကြ လော့။
Slavēts lai ir Tas Kungs, Israēla Dievs, mūžīgi mūžam, un visi ļaudis lai saka: Āmen! Alleluja.