< ဆာလံ 106 >

1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သည်​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​ရ​တည် ၏။
הַֽלְלוּיָ֨הּ ׀ הוֹד֣וּ לַיהוָ֣ה כִּי־ט֑וֹב כִּ֖י לְעוֹלָ֣ם חַסְדּֽוֹ׃
2 အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​ကောင်း သော အ​မှု​တော်​အ​ပေါင်း​တို့​ကို​ဖော်​ပြ​နိုင်​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​ဂုဏ်​တော်​ရှိ သ​မျှ​ကို ဖော်​ကူး​နိုင်​ပါ​သ​နည်း။
מִ֗י יְ֭מַלֵּל גְּבוּר֣וֹת יְהוָ֑ה יַ֝שְׁמִ֗יעַ כָּל־תְּהִלָּתֽוֹ ׃
3 တ​ရား​မျှ​တ​စွာ​ပြု​မူ​၍​အ​မှန်​တ​ရား​ကို အ​စဉ် ကျင့်​သုံး​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။
אַ֭שְׁרֵי שֹׁמְרֵ֣י מִשְׁפָּ֑ט עֹשֵׂ֖ה צְדָקָ֣ה בְכָל־עֵֽת׃
4 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ကူ​မ​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။ သူ​တို့​အား​ကယ်​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​ကို​လည်း​ကယ်​တော်​မူ​ပါ။
זָכְרֵ֣נִי יְ֭הוָה בִּרְצ֣וֹן עַמֶּ֑ךָ פָּ֝קְדֵ֗נִי בִּישׁוּעָתֶֽךָ׃
5 ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကောင်း​စား​သည်​ကို ကျွန်​တော်​မျိုး​မြင်​ပါ​ရ​စေ။ ကိုယ်​တော်​ရှင်​၏​ပြည်​တော်​သား​များ ဝမ်း​မြောက်​ရာ​၌​လည်း​ကောင်း၊ ကိုယ်​တော်​ပိုင်​တော်​မူ​သော​သူ​တို့​ရွှင်​လန်း​အား ရ​စွာ ဂုဏ်​ယူ​ဝါ​ကြွား​ရာ​၌​လည်း​ကောင်း​ကျွန်​တော်​မျိုး ပါ​ဝင်​ပါ​ရ​စေ။
לִרְא֤וֹת ׀ בְּט֘וֹבַ֤ת בְּחִירֶ֗יךָ לִ֭שְׂמֹחַ בְּשִׂמְחַ֣ת גּוֹיֶ֑ךָ לְ֝הִתְהַלֵּ֗ל עִם־נַחֲלָתֶֽךָ ׃
6 ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​နည်း​တူ အ​ပြစ်​ကူး​ကြ​ပါ​ပြီ။ ယုတ်​မာ​ဆိုး​ညစ်​ကြ ပါ​ပြီ။
חָטָ֥אנוּ עִם־אֲבוֹתֵ֗ינוּ הֶעֱוִ֥ינוּ הִרְשָֽׁעְנוּ׃
7 ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​မှု​တော်​ကို​နား​မ​လည်​ကြ​ပါ။ သူ​တို့​အား​ကြိမ်​ဖန်​များ​စွာ​ပြ​တော်​မူ​သော မေတ္တာ​တော်​ကို​မေ့​လျော့​ကြ​ပါ​၏။ ထို​နောက်​ပင်​လယ်​နီ​အ​နီး​တွင်​အ​နန္တ တန်​ခိုး​ရှင်​ကို ပုန်​ကန်​ကြ​ပါ​၏။
אֲב֘וֹתֵ֤ינוּ בְמִצְרַ֨יִם ׀ לֹא־הִשְׂכִּ֬ילוּ נִפְלְאוֹתֶ֗יךָ לֹ֣א זָ֭כְרוּ אֶת־רֹ֣ב חֲסָדֶ֑יךָ וַיַּמְר֖וּ עַל־יָ֣ם בְּיַם־סֽוּף׃
8 သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏ မ​ဟာ​တန်​ခိုး​တော်​ကို​ပြ​ရန် က​တိ​တော်​ရှိ​သည်​အ​တိုင်း​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။
וַֽ֭יּוֹשִׁיעֵם לְמַ֣עַן שְׁמ֑וֹ לְ֝הוֹדִ֗יעַ אֶת־גְּבוּרָתֽוֹ׃
9 ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​အ​မိန့်​ပေး​တော် မူ​လျှင် ယင်း​သည်​ခန်း​ခြောက်​၍​သွား​၏။ ထို​နောက်​မိ​မိ​၏​လူ​စု​တော်​အား​ခန်း​ခြောက်​သော ပင်​လယ်​ကို​ဖြတ်​စေ​ရန်​ပို့​ဆောင်​တော်​မူ​၏။
וַיִּגְעַ֣ר בְּיַם־ס֭וּף וַֽיֶּחֱרָ֑ב וַיּוֹלִיכֵ֥ם בַּ֝תְּהֹמ֗וֹת כַּמִּדְבָּֽר׃
10 ၁၀ ကိုယ်​တော်​သည်​သူ​တို့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ ကယ်​တော်​မူ​၏။ သူ​တို့​၏​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​တော်​မူ​၏။
וַֽ֭יּוֹשִׁיעֵם מִיַּ֣ד שׂוֹנֵ֑א וַ֝יִּגְאָלֵ֗ם מִיַּ֥ד אוֹיֵֽב׃
11 ၁၁ သူ​တို့​၏​ရန်​သူ​များ​သည်​ရေ​နစ်​၍​သေ​ကြ​ကုန်​၏။ တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​ရှင်​၍​မ​ကျန်​ခဲ့။
וַיְכַסּוּ־מַ֥יִם צָרֵיהֶ֑ם אֶחָ֥ד מֵ֝הֶ֗ם לֹ֣א נוֹתָֽר׃
12 ၁၂ ထို​အ​ခါ​ကိုယ်​တော်​၏​လူ​စု​တော်​သည်​က​တိ​တော်​ကို ယုံ​ကြည်​ကြ​လျက် ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​၏။
וַיַּאֲמִ֥ינוּ בִדְבָרָ֑יו יָ֝שִׁ֗ירוּ תְּהִלָּתֽוֹ׃
13 ၁၃ သို့​ရာ​တွင်​သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သည့် အ​မှု​တော်​ကို​လျင်​မြန်​စွာ​မေ့​ပျောက်​လိုက်​ပြီး​လျှင် ကိုယ်​တော်​၏​လမ်း​ညွှန်​တော်​မူ​ချက်​ကို​မ​ခံ​ယူ​ဘဲ ပြု​မူ​ကျင့်​ကြံ​ကြ​၏။
מִֽ֭הֲרוּ שָׁכְח֣וּ מַעֲשָׂ֑יו לֹֽא־חִ֝כּ֗וּ לַעֲצָתֽוֹ׃
14 ၁၄ သူ​တို့​သည်​တော​ကန္တာ​ရ​၌​အာ​သာ​ရမ္မက် ဖြစ်​ပေါ်​လာ​သည့်​အ​လျောက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။
וַיִּתְאַוּ֣וּ תַ֭אֲוָה בַּמִּדְבָּ֑ר וַיְנַסּוּ־אֵ֝֗ל בִּֽישִׁימֽוֹן׃
15 ၁၅ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​တောင်း​ခံ​သည့် အ​ရာ​ကို​ချ​ပေး​တော်​မူ​သော်​လည်း သူ​တို့​အား​ရော​ဂါ​ဆိုး​စွဲ​ကပ်​စေ​တော် မူ​၏။
וַיִּתֵּ֣ן לָ֭הֶם שֶׁאֱלָתָ֑ם וַיְשַׁלַּ֖ח רָז֣וֹן בְּנַפְשָֽׁם׃
16 ၁၆ သဲ​ကန္တာ​ရ​တွင်​သူ​တို့​သည်​မော​ရှေ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​စေ​ခံ အာ​ရုန်​အား​လည်း​ကောင်း​ငြူ​စူ​ကြ​၏။
וַיְקַנְא֣וּ לְ֭מֹשֶׁה בַּֽמַּחֲנֶ֑ה לְ֝אַהֲרֹ֗ן קְד֣וֹשׁ יְהוָֽה׃
17 ၁၇ ထို​အ​ခါ​မြေ​ကြီး​သည်​အက်​ကွဲ​၍ ဒါ​သန်​ကို​လည်း​ကောင်း၊ အ​ဘိ​ရံ​နှင့်​အိမ်​ထောင်​စု​သား​တို့​ကို​လည်း​ကောင်း မျို​လေ​၏။
תִּפְתַּח־אֶ֭רֶץ וַתִּבְלַ֣ע דָּתָ֑ן וַ֝תְּכַ֗ס עַל־עֲדַ֥ת אֲבִירָֽם׃
18 ၁၈ မီး​လျှံ​သည်​သူ​တို့​၏​နောက်​လိုက်​သူ​ယုတ်​မာ​တို့ အ​ပေါ်​သို့​ကျ​၍​ကျွမ်း​လောင်​စေ​၏။
וַתִּבְעַר־אֵ֥שׁ בַּעֲדָתָ֑ם לֶ֝הָבָ֗ה תְּלַהֵ֥ט רְשָׁעִֽים׃
19 ၁၉ သူ​တို့​သည်​သိ​နာ​တောင်​အ​နီး​တွင် ရွှေ​ဖြင့်​နွား​သ​ငယ်​ရုပ်​ကို​သွန်း​လုပ်​ကြ​ပြီး နောက် ရှိ​ခိုး​ကြ​၏။
יַעֲשׂוּ־עֵ֥גֶל בְּחֹרֵ֑ב וַ֝יִּשְׁתַּחֲו֗וּ לְמַסֵּכָֽה׃
20 ၂၀ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို မြက်​စား​တိ​ရစ္ဆာန်​ရုပ်​နှင့်​အ​စား​ထိုး​ကြ​ကုန်​၏။
וַיָּמִ֥ירוּ אֶת־כְּבוֹדָ֑ם בְּתַבְנִ֥ית שׁ֝֗וֹר אֹכֵ֥ל עֵֽשֶׂב׃
21 ၂၁ အီ​ဂျစ်​ပြည်​တွင်​အံ့​သြ​ဖွယ်​ကောင်း​သော အ​မှု​တော်​များ​ဖြင့် မိ​မိ​တို့​အား​ကယ်​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။
שָׁ֭כְחוּ אֵ֣ל מוֹשִׁיעָ֑ם עֹשֶׂ֖ה גְדֹל֣וֹת בְּמִצְרָֽיִם׃
22 ၂၂ ထို​ပြည်​တွင်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​တော်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ပင်​လယ်​အ​နီး​တွင်​ပြု​တော်​မူ​သော​အ​မှု တော်​တို့​သည် အံ့​ဖွယ်​သူ​ရဲ​ဖြစ်​လှ​ပါ​သည်​တ​ကား။
נִ֭פְלָאוֹת בְּאֶ֣רֶץ חָ֑ם נ֝וֹרָא֗וֹת עַל־יַם־סֽוּף׃
23 ၂၃ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဟု​မိန့်​တော်​မူ သော​အ​ခါ ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​အ​စေ​ခံ မော​ရှေ​သည် ဆီး​တား​သ​ဖြင့် အ​မျက်​တော်​ထွက်​၍​ထို​သူ​တို့​အား​သုတ်​သင် ဖျက်​ဆီး​တော်​မ​မူ။
וַיֹּ֗אמֶר לְֽהַשְׁמִ֫ידָ֥ם לוּלֵ֡י מֹ֘שֶׁ֤ה בְחִיר֗וֹ עָמַ֣ד בַּפֶּ֣רֶץ לְפָנָ֑יו לְהָשִׁ֥יב חֲ֝מָת֗וֹ מֵֽהַשְׁחִֽית׃
24 ၂၄ ထို​နောက်​သူ​တို့​သည်​သာ​ယာ​သော​ပြည်​သို့ ဝင်​ရန် ငြင်း​ဆန်​ကြ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို​မ​ယုံ​ကြ​သော​ကြောင့်​ဖြစ်​၏။
וַֽ֭יִּמְאֲסוּ בְּאֶ֣רֶץ חֶמְדָּ֑ה לֹֽא־הֶ֝אֱמִ֗ינוּ לִדְבָרֽוֹ׃
25 ၂၅ သူ​တို့​သည်​မိ​မိ​တို့​၏​တဲ​များ​တွင်​နေ​၍ ညည်း​ညူ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ ထောင်​ကြ။
וַיֵּרָגְנ֥וּ בְאָהֳלֵיהֶ֑ם לֹ֥א שָׁ֝מְע֗וּ בְּק֣וֹל יְהוָֽה׃
26 ၂၆ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​တော ကန္တာ​ရ​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​၏​သား​မြေး​များ​အား​ဘု​ရား​မဲ့​သူ​တို့ ထံ​တွင် ကွဲ​လွင့်​စေ​လျက်​တိုင်း​တစ်​ပါး​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြပ်​တည်း​စွာ သ​တိ​ပေး​တော်​မူ​၏။
וַיִּשָּׂ֣א יָד֣וֹ לָהֶ֑ם לְהַפִּ֥יל א֝וֹתָ֗ם בַּמִּדְבָּֽר׃
27 ၂၇
וּלְהַפִּ֣יל זַ֭רְעָם בַּגּוֹיִ֑ם וּ֝לְזָרוֹתָ֗ם בָּאֲרָצֽוֹת׃
28 ၂၈ ထို​နောက်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် ဗာ​လ​ဘု​ရား​ကို​ပေ​ဂု​ရ​အ​ရပ်​တွင်​ရှိ​ခိုး ဝတ်​ပြု​၍ သက်​မဲ့​ဘု​ရား​များ​ကို​ပူ​ဇော်​သည့်​ယဇ်​ကောင်​သား​ကို စား​ကြ​၏။
וַ֭יִּצָּ֣מְדוּ לְבַ֣עַל פְּע֑וֹר וַ֝יֹּאכְל֗וּ זִבְחֵ֥י מֵתִֽים׃
29 ၂၉ သူ​တို့​သည်​ယင်း​သို့​ပြု​မူ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​ပေး​ကြ​ရာ​သူ​တို့​တွင်​ရော​ဂါ​ဆိုး ကပ်​ရောက်​လေ​၏။
וַ֭יַּכְעִיסוּ בְּמַֽעַלְלֵיהֶ֑ם וַתִּפְרָץ־בָּ֝֗ם מַגֵּפָֽה׃
30 ၃၀ သို့​ရာ​တွင်​ဖိ​န​ဟတ်​သည်​ထ​၍ အ​ပြစ်​ရှိ​သူ​တို့​ကို​ဒဏ်​စီ​ရင်​လိုက်​သ​ဖြင့် ကပ်​ရော​ဂါ​သည်​ငြိမ်း​လေ​၏။
וַיַּעֲמֹ֣ד פִּֽ֭ינְחָס וַיְפַלֵּ֑ל וַ֝תֵּעָצַ֗ר הַמַּגֵּפָֽה׃
31 ၃၁ ဖိ​န​ဟတ်​ပြု​ခဲ့​သည့်​ကျေး​ဇူး​ကို​ယ​နေ့​တိုင်​အောင် လူ​တို့​သ​တိ​ရ​ကြ​ကုန်​၏။ နောင်​ကာ​လ​အ​စဉ်​မ​ပြတ်​လည်း သ​တိ​ရ​ကြ​ပေ​လိမ့်​မည်။
וַתֵּחָ֣שֶׁב ל֭וֹ לִצְדָקָ֑ה לְדֹ֥ר וָ֝דֹ֗ר עַד־עוֹלָֽם׃
32 ၃၂ သူ​တို့​သည်​မေ​ရိ​ဘ​စမ်း​ချောင်း​အ​နီး​တွင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​ထွက်​စေ​ကြ​၏။ သူ​တို့​အ​တွက်​ကြောင့်​မော​ရှေ​သည်​ဒုက္ခ​ရောက် ရ​၏။
וַ֭יַּקְצִיפוּ עַל־מֵ֥י מְרִיבָ֑ה וַיֵּ֥רַע לְ֝מֹשֶׁ֗ה בַּעֲבוּרָֽם׃
33 ၃၃ သူ​တို့​သည်​မော​ရှေ​အား​လွန်​စွာ စိတ်​နာ​ကြည်း​စေ​သ​ဖြင့်​သူ​မ​စဉ်း​စား မ​ဆင်​ခြင်​ဘဲ​စ​ကား​ပြော​မိ​၏။
כִּֽי־הִמְר֥וּ אֶת־רוּח֑וֹ וַ֝יְבַטֵּ֗א בִּשְׂפָתָֽיו׃
34 ၃၄ သူ​တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​အား သုတ်​သင်​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း တော်​မူ​သည့်​အ​တိုင်း​မ​ပြု​မ​လုပ်​ကြ​ဘဲ
לֹֽא־הִ֭שְׁמִידוּ אֶת־הָֽעַמִּ֑ים אֲשֶׁ֤ר אָמַ֖ר יְהוָ֣ה לָהֶֽם׃
35 ၃၅ ထို​သူ​တို့​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​လျက်​သူ​တို့​၏ ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။
וַיִּתְעָרְב֥וּ בַגּוֹיִ֑ם וַֽ֝יִּלְמְד֗וּ מַֽעֲשֵׂיהֶֽם׃
36 ၃၆ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရုပ်​တု​များ​ကို ရှိ​ခိုး​ကြ​သ​ဖြင့်​ပျက်​စီး​ဆုံး​ရှုံး​ရ ကြ​၏။
וַיַּעַבְד֥וּ אֶת־עֲצַבֵּיהֶ֑ם וַיִּהְי֖וּ לָהֶ֣ם לְמוֹקֵֽשׁ׃
37 ၃၇ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​ခါ​နာန်​ရုပ်​တု​တို့​အား ပူ​ဇော်​ကြ​၏။
וַיִּזְבְּח֣וּ אֶת־בְּ֭נֵיהֶם וְאֶת־בְּנֽוֹתֵיהֶ֗ם לַשֵּֽׁדִים׃
38 ၃၈ သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​မဲ့​သူ သား​သ​မီး​အ​ရင်း​အ​ချာ​များ​ကို​သတ် ဖြတ်​ကာ ခါ​နာန်​ရုပ်​တု​များ​အား​ပူ​ဇော်​ကြ​ရာ​တိုင်း​ပြည်​ကို ညစ်​ညမ်း​စေ​ကြ​၏။
וַיִּֽשְׁפְּכ֨וּ דָ֪ם נָקִ֡י דַּם־בְּנֵ֘יהֶ֤ם וּֽבְנוֹתֵיהֶ֗ם אֲשֶׁ֣ר זִ֭בְּחוּ לַעֲצַבֵּ֣י כְנָ֑עַן וַתֶּחֱנַ֥ף הָ֝אָ֗רֶץ בַּדָּמִֽים׃
39 ၃၉ ယင်း​သို့​သတ်​ဖြတ်​မှု​များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို ညစ်​ညမ်း​စေ​ကြ​၏။ ယင်း​သို့​ပြု​မူ​ကြ​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​လည်း သစ္စာ​ဖောက်​ကြ​၏။
וַיִּטְמְא֥וּ בְמַעֲשֵׂיהֶ֑ם וַ֝יִּזְנוּ֗ בְּמַֽעַלְלֵיהֶֽם׃
40 ၄၀ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု တော်​အား အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
וַיִּֽחַר־אַ֣ף יְהוָ֣ה בְּעַמּ֑וֹ וַ֝יְתָעֵ֗ב אֶת־נַחֲלָתֽוֹ׃
41 ၄၁ ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ လက်​တွင်​စွန့်​ပစ်​၍​ထား​တော်​မူ​သ​ဖြင့် ရန်​သူ​များ​သည်​သူ​တို့​ကို​အ​စိုး​ရ​ကြ​ကုန်​၏။
וַיִּתְּנֵ֥ם בְּיַד־גּוֹיִ֑ם וַֽיִּמְשְׁל֥וּ בָ֝הֶ֗ם שֹׂנְאֵיהֶֽם׃
42 ၄၂ သူ​တို့​သည်​ရန်​သူ​များ​၏​ဖိ​စီး​နှိပ်​စက်​မှု​ကို ခံ​ရ​ကြ​ကာ​လက်​အောက်​ခံ​များ​ဖြစ်​လာ​ရ ကြ​၏။
וַיִּלְחָצ֥וּם אוֹיְבֵיהֶ֑ם וַ֝יִּכָּנְע֗וּ תַּ֣חַת יָדָֽם׃
43 ၄၃ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကြိမ်​ဖန်​များ​စွာ​ကယ်​ဆယ်​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​မြဲ ပုန်​ကန်​ကြ​သ​ဖြင့် အ​ပြစ်​နွံ​တွင်​ပို​၍​သာ​နစ်​ကြ​ကုန်​၏။
פְּעָמִ֥ים רַבּ֗וֹת יַצִּ֫ילֵ֥ם וְ֭הֵמָּה יַמְר֣וּ בַעֲצָתָ֑ם וַ֝יָּמֹ֗כּוּ בַּעֲוֺנָֽם׃
44 ၄၄ သို့​ရာ​တွင်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​၍​သူ​တို့​၏ ဆင်း​ရဲ​ဒုက္ခ​ကြောင့်​သူ​တို့​ကို​သနား​တော်​မူ​၏။
וַ֭יַּרְא בַּצַּ֣ר לָהֶ֑ם בְּ֝שָׁמְע֗וֹ אֶת־רִנָּתָֽם׃
45 ၄၅ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​၏။ မေတ္တာ​တော်​သည်​ကြီး​မား​တော်​မူ​သည် ဖြစ်​၍ အ​မျက်​ပြေ​တော်​မူ​၏။
וַיִּזְכֹּ֣ר לָהֶ֣ם בְּרִית֑וֹ וַ֝יִּנָּחֵ֗ם כְּרֹ֣ב חסדו׃
46 ၄၆ သူ​တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ထား​ကြ​သူ​တို့​၏ စိတ်​နှ​လုံး​တွင်​သ​နား​တတ်​သော​သ​ဘော​ကို သွင်း​ပေး​တော်​မူ​၏။
וַיִּתֵּ֣ן אוֹתָ֣ם לְרַחֲמִ֑ים לִ֝פְנֵ֗י כָּל־שׁוֹבֵיהֶֽם׃
47 ၄၇ ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​နာ​မ တော်​ကို ထော​မ​နာ​ပြု​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​နိုင် ကြ​စေ​ရန်​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​အား​လူ​မျိုး​တ​ကာ​တို့ အ​ထဲ​မှ ပြန်​လည်​ခေါ်​ဆောင်​တော်​မူ​ပါ။
הוֹשִׁיעֵ֨נוּ ׀ יְה֘וָ֤ה אֱלֹהֵ֗ינוּ וְקַבְּצֵנוּ֮ מִֽן־הַגּ֫וֹיִ֥ם לְ֭הֹדוֹת לְשֵׁ֣ם קָדְשֶׁ֑ךָ לְ֝הִשְׁתַּבֵּ֗חַ בִּתְהִלָּתֶֽךָ׃
48 ၄၈ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကမ္ဘာ​အ​ဆက်​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ လူ​အ​ပေါင်း​တို့​သည်​အာ​မင်​ဟု​ဆို​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။
בָּר֤וּךְ־יְהוָ֨ה אֱלֹהֵ֪י יִשְׂרָאֵ֡ל מִן־הָ֤עוֹלָ֨ם ׀ וְעַ֬ד הָעוֹלָ֗ם וְאָמַ֖ר כָּל־הָעָ֥ם אָמֵ֗ן הַֽלְלוּ־יָֽהּ׃

< ဆာလံ 106 >