< ဆာလံ 105 >

1 ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ကြလော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။
Ẹ fi ọpẹ́ fún Olúwa, ké pe orúkọ rẹ̀, jẹ́ kí a mọ ohun tí ó ṣe láàrín àwọn orílẹ̀-èdè.
2 သီ​ချင်း​ဆို​၍​ထာ​ဝ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​ပေါင်း​တို့​ကို​ဖော်​ပြ​ကြ​လော့။
Kọrin sí i, kọrin ìyìn sí i; sọ ti iṣẹ́ ìyanu rẹ̀ gbogbo.
3 ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား ကိုး​ကွယ်​ဝတ်​ပြု​သူ​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။
Ṣògo nínú orúkọ mímọ́ rẹ̀, jẹ́ kí ọkàn àwọn tí ń wá Olúwa kí ó yọ̀.
4 အ​ကူ​အ​ညီ​တောင်း​ခံ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ ရှေ့​တော်​မှောက်​တွင်​အ​စဉ်​အ​မြဲ​နေ​ကြ​လော့။
Wá Olúwa àti ipá rẹ̀; wa ojú rẹ̀ nígbà gbogbo.
5 ကိုယ်​တော်​၏​အ​စေ​ခံ​အာ​ဗြ​ဟံ​၏​အ​မျိုး အ​နွယ်​တို့၊ ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​သော​ယာ​ကုပ်​၏ သား​မြေး​တို့၊ သင်​တို့​သည်​ကိုယ်​တော်​ပြ​တော်​မူ​သည့် အံ့​သြ​ဖွယ်​ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​လည်း​ကောင်း၊ ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား​စီ​ရင်​ချက် တို့​ကို​လည်း​ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။
Rántí àwọn ìyanu tí ó ti ṣe, ìyanu rẹ̀, àti ìdájọ́ tí ó sọ,
6
ẹ̀yin ìran Abrahamu ìránṣẹ́ rẹ̀, ẹ̀yin ọmọkùnrin Jakọbu, àyànfẹ́ rẹ̀.
7 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​သည် တစ်​ကမ္ဘာ​လုံး​အ​တွက်​ဖြစ်​၏။
Òun ni Olúwa Ọlọ́run wa: ìdájọ́ rẹ̀ wà ní gbogbo ayé.
8 ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။ က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။
Ó rántí májẹ̀mú rẹ̀ láéláé, ọ̀rọ̀ tí ó pàṣẹ, fún ẹgbẹẹgbẹ̀rún ìran,
9 အာ​ဗြ​ဟံ​နှင့်​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​နှင့် ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော်​ကို တည်​စေ​တော်​မူ​လိမ့်​မည်။
májẹ̀mú tí ó dá pẹ̀lú Abrahamu, ìbúra tí ó ṣe pẹ̀lú fún Isaaki.
10 ၁၀ ``သင့်​အား​ခါ​နာန်​ပြည်​ကို​ငါ​ပေး​မည်။ သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ဤ​ပ​ဋိ​ညာဉ်​သည်​ထာ​ဝ​စဉ်​တည်​လိမ့်​မည်။
Ó ṣe ìdánilójú u rẹ̀ fún Jakọbu gẹ́gẹ́ bí àṣẹ, sí Israẹli, gẹ́gẹ́ bi májẹ̀mú ayérayé:
11 ၁၁
“Fún ìwọ ni èmi ó fún ní ilẹ̀ Kenaani gẹ́gẹ́ bí ìpín tí ìwọ ó jogún.”
12 ၁၂ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍​ခါ​နာန်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​များ​ဖြစ်​ကြ​၏။
Nígbà tí wọn kéré níye, wọ́n kéré jọjọ, àti àwọn àjèjì níbẹ̀
13 ၁၃ သူ​တို့​သည်​တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊ တစ်​ရပ်​မှ​တစ်​ရပ်​သို့​လည်း​ကောင်း​လှည့်​လည် သွား​လာ​ရ​ကြ​၏။
wọ́n rìn kiri láti orílẹ̀-èdè sí orílẹ̀-èdè, láti ìjọba kan sí èkejì.
14 ၁၄ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား ဖိ​စီး​နှိပ်​စက်​ရန်​အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
Kò gba ẹnikẹ́ni láààyè láti pọ́n wọn lójú; ó fi ọba bú nítorí tiwọn:
15 ၁၅ ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ​တို့​ကို မ​ထိ​မ​ခိုက်​ကြ​နှင့်။ ငါ​၏​ပ​ရော​ဖက်​တို့​အား​လက်​ဖျား​နှင့်​ပင် မ​တို့​ကြ​နှင့်'' ဟု​ရှင်​ဘု​ရင်​တို့​အား သ​တိ​ပေး​တော်​မူ​၏။
“Má ṣe fọwọ́ kan ẹni àmì òróró mi; má sì ṣe wòlíì mi níbi.”
16 ၁၆ ကိုယ်​တော်​သည်​သူ​တို့​ပြည်​၌​ငတ်​မွတ်​ခေါင်း​ပါး ခြင်း ဘေး​ဆိုက်​ရောက်​စေ​တော်​မူ​သ​ဖြင့် စား​နပ်​ရိက္ခာ​ပြတ်​လပ်​သွား​သော​အ​ခါ
Ó pe ìyàn sórí ilẹ̀ náà ó sì pa gbogbo ìpèsè oúnjẹ wọn run;
17 ၁၇ ကျွန်​အ​ဖြစ်​အ​ရောင်း​ခံ​ရ​သူ​ယော​သပ်​အား သူ​တို့​၏​ရှေ့​မှ​စေ​လွှတ်​တော်​မူ​ပေ​သည်။
Ó sì rán ọkùnrin kan síwájú wọn Josẹfu tí a tà gẹ́gẹ́ bí ẹrú.
18 ၁၈ ယော​သပ်​ကြို​တင်​ဟော​ကြား​သည့်​အ​တိုင်း ဖြစ်​ပျက်​၍​မ​လာ​မီ ယော​သပ်​သည်​ခြေ​ကျင်း​အ​ခတ်​ခံ​ရ​၏။ သူ​၏​လည်​တွင်​လည်း​သံ​လည်​ပတ်​အ​တပ်​ခံ​ရ​၏။ သူ့​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ဖြစ်​ပျက်​လာ​၏။
Wọn fi ṣẹ́kẹ́ṣẹkẹ̀ bọ ẹsẹ̀ rẹ̀ a gbé ọrùn rẹ̀ sínú irin,
19 ၁၉
títí ọ̀rọ̀ tí ó sọtẹ́lẹ̀ fi ṣẹ títí ọ̀rọ̀ Olúwa fi dá a láre.
20 ၂၀ ထို​အ​ခါ​အီ​ဂျစ်​ဘု​ရင်​သည်​ယော​သပ်​အား အ​ကျဉ်း​ထောင်​မှ​လွှတ်​စေ​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​သည်​ယော​သပ် အား လွတ်​မြောက်​စေ​တော်​မူ​၏။
Ọba ránṣẹ́ lọ tú u sílẹ̀ àwọn aláṣẹ ènìyàn tú u sílẹ̀
21 ၂၁ မင်း​ကြီး​သည်​သူ့​အား​တိုင်း​ပြည်​အုပ်​ချုပ်​ရေး တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​၍ တစ်​နိုင်​ငံ​လုံး​၏​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။
Ó fi jẹ olúwa lórí ilẹ̀ rẹ̀, aláṣẹ lórí ohun gbogbo tí ó ní,
22 ၂၂ သူ​သည်​မင်း​ကြီး​ခန့်​ထား​သည့်​အ​ရာ​ရှိ များ​အား အ​မိန့်​ပေး​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊ မှူး​မတ်​တို့​အား​ဆင့်​ဆို​ညွှန်​ကြား​ပိုင်​ခွင့် ကို​လည်း​ကောင်း​ရ​လေ​၏။
gẹ́gẹ́ bí ìfẹ́ rẹ̀, kí ó máa ṣe àkóso àwọn ọmọ-aládé kí ó sì kọ́ àwọn àgbàgbà rẹ̀ ní ọgbọ́n.
23 ၂၃ ထို​အ​ခါ​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက် ရှိ​လာ​၍ ထို​ပြည်​၌​အ​ခြေ​စိုက်​နေ​ထိုင်​လေ​၏။
Israẹli wá sí Ejibiti; Jakọbu sì ṣe àtìpó ní ilé Hamu.
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား သား​သ​မီး​များ​စွာ​ထွန်း​ကား​လာ​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ထက်​ပို​၍​အင်​အား​ကြီး​မား​စေ​တော်​မူ​၏။
Olúwa, sì mú àwọn ọmọ rẹ̀ bí sí i ó sì mú wọn lágbára jù àwọn ọ̀tá wọn lọ
25 ၂၅ ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​စိတ်​ကို ပြောင်း​လဲ​စေ​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​အား​မုန်း​၍ လိမ်​လည်​လှည့်​ဖျား​ကြ​၏။
Ó yí wọn lọ́kàn padà láti kórìíra àwọn ènìyàn láti ṣe àrékérekè sí àwọn ìránṣẹ́ rẹ̀.
26 ၂၆ ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မောရှေ​နှင့် ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သူ​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ​၏။
Ó rán Mose ìránṣẹ́ rẹ̀, àti Aaroni tí ó ti yàn.
27 ၂၇ သူ​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​အံ့​ဖွယ်​သော​တန်​ခိုး နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ကြ​၏။
Wọ́n ń ṣe iṣẹ́ ìyanu láàrín wọn ó ṣe iṣẹ́ ìyanu ní Hamu.
28 ၂၈ ကိုယ်​တော်​သည်​တစ်​ပြည်​လုံး​တွင်​အ​မှောင် ကျ​စေ​တော်​မူ​၏။ သို့​သော်​လည်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။
Ó rán òkùnkùn, o sì mú ilẹ̀ ṣú wọn kò sì sọ̀rọ̀-òdì sí ọ̀rọ̀ rẹ̀.
29 ၂၉ ကိုယ်​တော်​သည်​သူ​တို့​၏​မြစ်​များ​ကို​သွေး အ​တိ ဖြစ်​စေ​တော်​မူ​၍ ငါး​ရှိ​သ​မျှ​တို့​ကို​သေ​စေ​တော်​မူ​၏။
Ó sọ omi wọn di ẹ̀jẹ̀, ó pa ẹja wọn.
30 ၃၀ ဘု​ရင့်​နန်း​တော်​အ​ပါ​အ​ဝင်​သူ​တို့​၏​ပြည်​သည် ဖား​များ​နှင့်​ပြည့်​လေ​၏။
Ilẹ̀ mú ọ̀pọ̀lọ́ jáde wá, èyí tí ó lọ sí ìyẹ̀wù àwọn ọba wọn.
31 ၃၁ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ ငှက်​နှင့်​ယင်​ရဲ​တို့​သည်​တစ်​ပြည်​လုံး​သို့ အုပ်​လိုက်​ရောက်​ရှိ​လာ​ကြ​ကုန်​၏။
Ó sọ̀rọ̀, onírúurú eṣinṣin sì dìde, ó sì hu kantíkantí ní ilẹ̀ wọn
32 ၃၂ ကိုယ်​တော်​သည်​ထို​ပြည်​တွင်​မိုး​အ​စား မိုး​သီး​ကို​ရွာ​စေ​တော်​မူ​၍ လျှပ်​ပန်း​လျှပ်​နွယ်​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။
Ó sọ òjò di yìnyín, àti ọ̀wọ́-iná ní ilẹ̀ wọn;
33 ၃၃ ထို​သူ​တို့​၏​စ​ပျစ်​ပင်​နှင့်​သင်္ဘော​သ​ဖန်း​ပင်​တို့​ကို ဖျက်​ဆီး​ပစ်​တော်​မူ​၍ တစ်​ပြည်​လုံး​ရှိ​သစ်​ပင်​များ​ကို​ကျိုး​ကျ စေ​တော်​မူ​၏။
Ó lu àjàrà wọn àti igi ọ̀pọ̀tọ́ wọn ó sì dá igi orílẹ̀-èdè wọn.
34 ၃၄ ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ သန်း​ပေါင်း​များ​စွာ​မ​ရေ​မ​တွက်​နိုင်​သော နှံ​ကောင်​တို့​သည်​ရောက်​ရှိ​လာ​ကြ​၍
Ó sọ̀rọ̀, eṣú sì dé, àti kòkòrò ní àìníye,
35 ၃၅ တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​ပင်​ငယ်​တို့​ကို စား​ကြ​ကုန်​၏။ အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​ကို​ကိုက်​စား​ကြ ကုန်​၏။
wọn sì jẹ gbogbo ewé ilẹ̀ wọn, wọ́n sì jẹ èso ilẹ̀ wọn run.
36 ၃၆ ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ရှိ​အိမ်​ထောင်​စု အ​ပေါင်း​မှ သား​ဦး​တို့​ကို​သေ​ဒဏ်​ခတ်​တော်​မူ​၏။
Nígbà náà, ó kọlu gbogbo àwọn ilẹ̀ wọn, ààyò gbogbo ipá wọn.
37 ၃၇ ထို​နောက်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ထုတ်​ဆောင်​သွား​တော်​မူ​၏။ သူ​တို့​သည်​ရွှေ​ငွေ​များ​ကို​သယ်​ယူ​ခဲ့​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ကျန်း​မာ​သန်​စွမ်း​သူ​များ ဖြစ်​ကြ​၏။
Ó mú Israẹli jáde ti òun ti fàdákà àti wúrà, nínú ẹ̀yà rẹ̀ kò sí aláìlera kan.
38 ၃၈ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို​ကြောက် သ​ဖြင့် သူ​တို့​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ဝမ်း​မြောက်​ကြ​ကုန်​၏။
Inú Ejibiti dùn nígbà tí wọn ń lọ, nítorí ẹ̀rù àwọn Israẹli ń bá wọ́n.
39 ၃၉ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အ​ပေါ်​သို့ မိုး​တိမ်​ရိပ်​ကျ​စေ​တော်​မူ​၍ ညဥ့်​အ​ခါ​အ​လင်း​ရ​စေ​ရန်​မီး​ကို​ပေး​တော် မူ​၏။
Ó ta àwọsánmọ̀ fún ìbòrí, àti iná láti fún wọn ní ìmọ́lẹ̀ lálẹ́.
40 ၄၀ သူ​တို့​တောင်း​ခံ​သ​ဖြင့်​ကိုယ်​တော်​သည်​ငုံး​များ​ကို စေ​လွှတ်​ပေး​တော်​မူ​၏။ သူ​တို့​ရောင့်​ရဲ​စွာ​စား​နိုင်​ကြ​စေ​ရန်​ကောင်း​ကင်​မှ အ​စား​အ​စာ​ကို​ချ​ပေး​တော်​မူ၏။
Wọn béèrè, ó sì mú ẹyẹ àparò wá, ó sì fi oúnjẹ ọ̀run tẹ́ wọn lọ́rùn.
41 ၄၁ ကိုယ်​တော်​သည်​ကျောက်​ဆောင်​ကို​ခွဲ​တော်​မူ​သော​အ​ခါ ရေ​သည်​ပန်း​၍​ထွက်​လာ​ကာ​သဲ​ကန္တာ​ရ​တွင် မြစ်​သ​ဖွယ်​စီး​၍​သွား​၏။
Ó sì la àpáta, ó sì mú omi jáde; gẹ́gẹ́ bí odò tí ń sàn níbi gbígbẹ.
42 ၄၂ ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​အာ​ဗြ​ဟံ​အား ပေး​တော်​မူ​ခဲ့​သော​က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​၏။
Nítorí ó rántí ìlérí mímọ́ rẹ̀ àti Abrahamu ìránṣẹ́ rẹ̀.
43 ၄၃ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက်​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။
Ó sì fi ayọ̀ mú àwọn ènìyàn rẹ̀ jáde pẹ̀lú ayọ̀ ní ó yan àyànfẹ́ rẹ̀
44 ၄၄ ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ ပြည်​များ​ကို​ပေး​အပ်​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ထို​သူ​တို့​၏​လယ်​ယာ​များ​ကို သိမ်း​ပိုက်​ကြ​ရ​၏။
Ó fún wọn ní ilẹ̀ ìní náà, wọ́n sì jogún iṣẹ́ àwọn ènìyàn náà,
45 ၄၅ ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​၏​လူ​စု​တော် သည် ကိုယ်​တော်​ပေး​အပ်​ထား​တော်​မူ​သည့် ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍​အ​မိန့်​တော်​များ​ကို လိုက်​နာ​ကြ​စေ​ရန်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
kí wọn kí ó lè máa pa àṣẹ rẹ̀ mọ́ kí wọn kí ó lè kíyèsi òfin rẹ̀. Ẹ fi ìyìn fún Olúwa.

< ဆာလံ 105 >