< ဆာလံ 105 >
1 ၁ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
Ẹ fi ọpẹ́ fún Olúwa, ké pe orúkọ rẹ̀, jẹ́ kí a mọ ohun tí ó ṣe láàrín àwọn orílẹ̀-èdè.
2 ၂ သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
Kọrin sí i, kọrin ìyìn sí i; sọ ti iṣẹ́ ìyanu rẹ̀ gbogbo.
3 ၃ ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုသူအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
Ṣògo nínú orúkọ mímọ́ rẹ̀, jẹ́ kí ọkàn àwọn tí ń wá Olúwa kí ó yọ̀.
4 ၄ အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။ ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။
Wá Olúwa àti ipá rẹ̀; wa ojú rẹ̀ nígbà gbogbo.
5 ၅ ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
Rántí àwọn ìyanu tí ó ti ṣe, ìyanu rẹ̀, àti ìdájọ́ tí ó sọ,
ẹ̀yin ìran Abrahamu ìránṣẹ́ rẹ̀, ẹ̀yin ọmọkùnrin Jakọbu, àyànfẹ́ rẹ̀.
7 ၇ ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်၏အမိန့်တော်တို့သည် တစ်ကမ္ဘာလုံးအတွက်ဖြစ်၏။
Òun ni Olúwa Ọlọ́run wa: ìdájọ́ rẹ̀ wà ní gbogbo ayé.
8 ၈ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
Ó rántí májẹ̀mú rẹ̀ láéláé, ọ̀rọ̀ tí ó pàṣẹ, fún ẹgbẹẹgbẹ̀rún ìran,
9 ၉ အာဗြဟံနှင့်ပြုတော်မူသောပဋိညာဉ်တော်နှင့် ဣဇာက်အားပေးတော်မူသောကတိတော်ကို တည်စေတော်မူလိမ့်မည်။
májẹ̀mú tí ó dá pẹ̀lú Abrahamu, ìbúra tí ó ṣe pẹ̀lú fún Isaaki.
10 ၁၀ ``သင့်အားခါနာန်ပြည်ကိုငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟူ၍ ထာဝရဘုရားသည်ယာကုပ်နှင့် ပဋိညာဉ်ပြုတော်မူ၏။ ဤပဋိညာဉ်သည်ထာဝစဉ်တည်လိမ့်မည်။
Ó ṣe ìdánilójú u rẹ̀ fún Jakọbu gẹ́gẹ́ bí àṣẹ, sí Israẹli, gẹ́gẹ́ bi májẹ̀mú ayérayé:
“Fún ìwọ ni èmi ó fún ní ilẹ̀ Kenaani gẹ́gẹ́ bí ìpín tí ìwọ ó jogún.”
12 ၁၂ ဘုရားသခင်၏လူစုတော်သည် အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။
Nígbà tí wọn kéré níye, wọ́n kéré jọjọ, àti àwọn àjèjì níbẹ̀
13 ၁၃ သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊ တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။
wọ́n rìn kiri láti orílẹ̀-èdè sí orílẹ̀-èdè, láti ìjọba kan sí èkejì.
14 ၁၄ သို့ရာတွင်ဘုရားသခင်သည်သူတို့အား ဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။
Kò gba ẹnikẹ́ni láààyè láti pọ́n wọn lójú; ó fi ọba bú nítorí tiwọn:
15 ၁၅ ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင် မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။
“Má ṣe fọwọ́ kan ẹni àmì òróró mi; má sì ṣe wòlíì mi níbi.”
16 ၁၆ ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ
Ó pe ìyàn sórí ilẹ̀ náà ó sì pa gbogbo ìpèsè oúnjẹ wọn run;
17 ၁၇ ကျွန်အဖြစ်အရောင်းခံရသူယောသပ်အား သူတို့၏ရှေ့မှစေလွှတ်တော်မူပေသည်။
Ó sì rán ọkùnrin kan síwájú wọn Josẹfu tí a tà gẹ́gẹ́ bí ẹrú.
18 ၁၈ ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။ သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။
Wọn fi ṣẹ́kẹ́ṣẹkẹ̀ bọ ẹsẹ̀ rẹ̀ a gbé ọrùn rẹ̀ sínú irin,
títí ọ̀rọ̀ tí ó sọtẹ́lẹ̀ fi ṣẹ títí ọ̀rọ̀ Olúwa fi dá a láre.
20 ၂၀ ထိုအခါအီဂျစ်ဘုရင်သည်ယောသပ်အား အကျဉ်းထောင်မှလွှတ်စေတော်မူ၏။ လူမျိုးတကာတို့၏ဘုရင်သည်ယောသပ် အား လွတ်မြောက်စေတော်မူ၏။
Ọba ránṣẹ́ lọ tú u sílẹ̀ àwọn aláṣẹ ènìyàn tú u sílẹ̀
21 ၂၁ မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍ တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
Ó fi jẹ olúwa lórí ilẹ̀ rẹ̀, aláṣẹ lórí ohun gbogbo tí ó ní,
22 ၂၂ သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊ မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။
gẹ́gẹ́ bí ìfẹ́ rẹ̀, kí ó máa ṣe àkóso àwọn ọmọ-aládé kí ó sì kọ́ àwọn àgbàgbà rẹ̀ ní ọgbọ́n.
23 ၂၃ ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။
Israẹli wá sí Ejibiti; Jakọbu sì ṣe àtìpó ní ilé Hamu.
24 ၂၄ ထာဝရဘုရားသည်မိမိ၏လူစုတော်အား သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
Olúwa, sì mú àwọn ọmọ rẹ̀ bí sí i ó sì mú wọn lágbára jù àwọn ọ̀tá wọn lọ
25 ၂၅ ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့် သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။
Ó yí wọn lọ́kàn padà láti kórìíra àwọn ènìyàn láti ṣe àrékérekè sí àwọn ìránṣẹ́ rẹ̀.
26 ၂၆ ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
Ó rán Mose ìránṣẹ́ rẹ̀, àti Aaroni tí ó ti yàn.
27 ၂၇ သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။
Wọ́n ń ṣe iṣẹ́ ìyanu láàrín wọn ó ṣe iṣẹ́ ìyanu ní Hamu.
28 ၂၈ ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။ သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။
Ó rán òkùnkùn, o sì mú ilẹ̀ ṣú wọn kò sì sọ̀rọ̀-òdì sí ọ̀rọ̀ rẹ̀.
29 ၂၉ ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ ငါးရှိသမျှတို့ကိုသေစေတော်မူ၏။
Ó sọ omi wọn di ẹ̀jẹ̀, ó pa ẹja wọn.
30 ၃၀ ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။
Ilẹ̀ mú ọ̀pọ̀lọ́ jáde wá, èyí tí ó lọ sí ìyẹ̀wù àwọn ọba wọn.
31 ၃၁ ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
Ó sọ̀rọ̀, onírúurú eṣinṣin sì dìde, ó sì hu kantíkantí ní ilẹ̀ wọn
32 ၃၂ ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
Ó sọ òjò di yìnyín, àti ọ̀wọ́-iná ní ilẹ̀ wọn;
33 ၃၃ ထိုသူတို့၏စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကို ဖျက်ဆီးပစ်တော်မူ၍ တစ်ပြည်လုံးရှိသစ်ပင်များကိုကျိုးကျ စေတော်မူ၏။
Ó lu àjàrà wọn àti igi ọ̀pọ̀tọ́ wọn ó sì dá igi orílẹ̀-èdè wọn.
34 ၃၄ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ သန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍
Ó sọ̀rọ̀, eṣú sì dé, àti kòkòrò ní àìníye,
35 ၃၅ တိုင်းပြည်တွင်ရှိသမျှသောအပင်ငယ်တို့ကို စားကြကုန်၏။ အသီးအနှံရှိသမျှတို့ကိုကိုက်စားကြ ကုန်၏။
wọn sì jẹ gbogbo ewé ilẹ̀ wọn, wọ́n sì jẹ èso ilẹ̀ wọn run.
36 ၃၆ ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
Nígbà náà, ó kọlu gbogbo àwọn ilẹ̀ wọn, ààyò gbogbo ipá wọn.
37 ၃၇ ထိုနောက်ဣသရေလအမျိုးသားတို့အား ထုတ်ဆောင်သွားတော်မူ၏။ သူတို့သည်ရွှေငွေများကိုသယ်ယူခဲ့ကြ၏။ သူတို့အားလုံးပင်ကျန်းမာသန်စွမ်းသူများ ဖြစ်ကြ၏။
Ó mú Israẹli jáde ti òun ti fàdákà àti wúrà, nínú ẹ̀yà rẹ̀ kò sí aláìlera kan.
38 ၃၈ အီဂျစ်အမျိုးသားတို့သည်သူတို့ကိုကြောက် သဖြင့် သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ကြကုန်၏။
Inú Ejibiti dùn nígbà tí wọn ń lọ, nítorí ẹ̀rù àwọn Israẹli ń bá wọ́n.
39 ၃၉ ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
Ó ta àwọsánmọ̀ fún ìbòrí, àti iná láti fún wọn ní ìmọ́lẹ̀ lálẹ́.
40 ၄၀ သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။
Wọn béèrè, ó sì mú ẹyẹ àparò wá, ó sì fi oúnjẹ ọ̀run tẹ́ wọn lọ́rùn.
41 ၄၁ ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။
Ó sì la àpáta, ó sì mú omi jáde; gẹ́gẹ́ bí odò tí ń sàn níbi gbígbẹ.
42 ၄၂ ကိုယ်တော်သည်မိမိ၏အစေခံအာဗြဟံအား ပေးတော်မူခဲ့သောကတိတော်ကိုသတိရတော်မူ၏။
Nítorí ó rántí ìlérí mímọ́ rẹ̀ àti Abrahamu ìránṣẹ́ rẹ̀.
43 ၄၃ သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။
Ó sì fi ayọ̀ mú àwọn ènìyàn rẹ̀ jáde pẹ̀lú ayọ̀ ní ó yan àyànfẹ́ rẹ̀
44 ၄၄ ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့် သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။
Ó fún wọn ní ilẹ̀ ìní náà, wọ́n sì jogún iṣẹ́ àwọn ènìyàn náà,
45 ၄၅ ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
kí wọn kí ó lè máa pa àṣẹ rẹ̀ mọ́ kí wọn kí ó lè kíyèsi òfin rẹ̀. Ẹ fi ìyìn fún Olúwa.