< ဆာလံ 105 >
1 ၁ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
ALABAD á Jehová, invocad su nombre: haced notorias sus obras en los pueblos.
2 ၂ သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
Cantadle, cantadle salmos: hablad de todas sus maravillas.
3 ၃ ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုသူအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
Gloriaos en su santo nombre: alégrese el corazón de los que buscan á Jehová.
4 ၄ အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။ ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။
Buscad á Jehová, y su fortaleza: buscad siempre su rostro.
5 ၅ ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
Acordaos de sus maravillas que hizo, de sus prodigios y de los juicios de su boca,
Oh vosotros, simiente de Abraham su siervo, hijos de Jacob, sus escogidos.
7 ၇ ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်၏အမိန့်တော်တို့သည် တစ်ကမ္ဘာလုံးအတွက်ဖြစ်၏။
El es Jehová nuestro Dios; en toda la tierra son sus juicios.
8 ၈ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
Acordóse para siempre de su alianza; de la palabra que mandó para mil generaciones,
9 ၉ အာဗြဟံနှင့်ပြုတော်မူသောပဋိညာဉ်တော်နှင့် ဣဇာက်အားပေးတော်မူသောကတိတော်ကို တည်စေတော်မူလိမ့်မည်။
La cual concertó con Abraham; y de su juramento á Isaac.
10 ၁၀ ``သင့်အားခါနာန်ပြည်ကိုငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟူ၍ ထာဝရဘုရားသည်ယာကုပ်နှင့် ပဋိညာဉ်ပြုတော်မူ၏။ ဤပဋိညာဉ်သည်ထာဝစဉ်တည်လိမ့်မည်။
Y establecióla á Jacob por decreto, á Israel por pacto sempiterno,
Diciendo: A ti daré la tierra de Canaán [por] cordel de vuestra heredad.
12 ၁၂ ဘုရားသခင်၏လူစုတော်သည် အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။
[Esto] siendo ellos pocos hombres en número, y extranjeros en ella.
13 ၁၃ သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊ တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။
Y anduvieron de gente en gente, de un reino á otro pueblo.
14 ၁၄ သို့ရာတွင်ဘုရားသခင်သည်သူတို့အား ဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။
No consintió que hombre los agraviase; y por causa de ellos castigó los reyes.
15 ၁၅ ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင် မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။
No toquéis, [dijo], á mis ungidos, ni hagáis mal á mis profetas.
16 ၁၆ ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ
Y llamó al hambre sobre la tierra, y quebrantó todo mantenimiento de pan.
17 ၁၇ ကျွန်အဖြစ်အရောင်းခံရသူယောသပ်အား သူတို့၏ရှေ့မှစေလွှတ်တော်မူပေသည်။
Envió un varón delante de ellos, á José, [que] fué vendido por siervo.
18 ၁၈ ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။ သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။
Afligieron sus pies con grillos; en hierro fué puesta su persona.
Hasta la hora que llegó su palabra, el dicho de Jehová le probó.
20 ၂၀ ထိုအခါအီဂျစ်ဘုရင်သည်ယောသပ်အား အကျဉ်းထောင်မှလွှတ်စေတော်မူ၏။ လူမျိုးတကာတို့၏ဘုရင်သည်ယောသပ် အား လွတ်မြောက်စေတော်မူ၏။
Envió el rey, y soltóle; el señor de los pueblos, y desatóle.
21 ၂၁ မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍ တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
Púsolo por señor de su casa, y por enseñoreador en toda su posesión;
22 ၂၂ သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊ မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။
Para que reprimiera á sus grandes como él quisiese, y á sus ancianos enseñara sabiduría.
23 ၂၃ ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။
Después entró Israel en Egipto, y Jacob fué extranjero en la tierra de Châm.
24 ၂၄ ထာဝရဘုရားသည်မိမိ၏လူစုတော်အား သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
Y multiplicó su pueblo en gran manera, é hízolo fuerte más que sus enemigos.
25 ၂၅ ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့် သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။
Volvió el corazón de ellos para que aborreciesen á su pueblo, para que contra sus siervos pensasen mal.
26 ၂၆ ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
Envió á su siervo Moisés, [y] á Aarón al cual escogió.
27 ၂၇ သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။
Pusieron en ellos las palabras de sus señales, y sus prodigios en la tierra de Châm.
28 ၂၈ ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။ သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။
Echó tinieblas, é hizo oscuridad; y no fueron rebeldes á su palabra.
29 ၂၉ ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ ငါးရှိသမျှတို့ကိုသေစေတော်မူ၏။
Volvió sus aguas en sangre, y mató sus pescados.
30 ၃၀ ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။
Produjo su tierra ranas, [aun] en las cámaras de sus reyes.
31 ၃၁ ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
Dijo, y vinieron enjambres de moscas, y piojos en todo su término.
32 ၃၂ ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
Volvió en su tierra sus lluvias en granizo, [y] en fuego de llamaradas.
33 ၃၃ ထိုသူတို့၏စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကို ဖျက်ဆီးပစ်တော်မူ၍ တစ်ပြည်လုံးရှိသစ်ပင်များကိုကျိုးကျ စေတော်မူ၏။
E hirió sus viñas y sus higueras, y quebró los árboles de su término.
34 ၃၄ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ သန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍
Dijo, y vinieron langostas, y pulgón sin número;
35 ၃၅ တိုင်းပြည်တွင်ရှိသမျှသောအပင်ငယ်တို့ကို စားကြကုန်၏။ အသီးအနှံရှိသမျှတို့ကိုကိုက်စားကြ ကုန်၏။
Y comieron toda la hierba de su país, y devoraron el fruto de su tierra.
36 ၃၆ ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
Hirió además á todos los primogénitos en su tierra, el principio de toda su fuerza.
37 ၃၇ ထိုနောက်ဣသရေလအမျိုးသားတို့အား ထုတ်ဆောင်သွားတော်မူ၏။ သူတို့သည်ရွှေငွေများကိုသယ်ယူခဲ့ကြ၏။ သူတို့အားလုံးပင်ကျန်းမာသန်စွမ်းသူများ ဖြစ်ကြ၏။
Y sacólos con plata y oro; y no hubo en sus tribus enfermo.
38 ၃၈ အီဂျစ်အမျိုးသားတို့သည်သူတို့ကိုကြောက် သဖြင့် သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ကြကုန်၏။
Egipto se alegró de que salieran; porque su terror había caído sobre ellos.
39 ၃၉ ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
Extendió una nube por cubierta, y fuego para alumbrar la noche.
40 ၄၀ သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။
Pidieron, é hizo venir codornices; y saciólos de pan del cielo.
41 ၄၁ ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။
Abrió la peña, y fluyeron aguas; corrieron por los secadales [como] un río.
42 ၄၂ ကိုယ်တော်သည်မိမိ၏အစေခံအာဗြဟံအား ပေးတော်မူခဲ့သောကတိတော်ကိုသတိရတော်မူ၏။
Porque se acordó de su santa palabra, [dada] á Abraham su siervo.
43 ၄၃ သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။
Y sacó á su pueblo con gozo; con júbilo á sus escogidos.
44 ၄၄ ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့် သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။
Y dióles las tierras de las gentes; y las labores de las naciones heredaron:
45 ၄၅ ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
Para que guardasen sus estatutos, y observasen sus leyes. Aleluya.