< ဆာလံ 104 >
1 ၁ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အလွန်ကြီးမြတ်တော်မူ ပါ၏။ ကိုယ်တော်ရှင်သည်တန်ခိုးတော်နှင့် ဘုန်းအသရေတော်တို့ဖြင့်တန်ဆာဆင်လျက် ရှိတော်မူပါ၏။
Nitamsifu Yahwe maisha yangu yote, Ewe Yahwe Mungu wangu, wewe ni mkubwa sana; umevikwa kwa utukufu na enzi.
2 ၂ ကိုယ်တော်ရှင်သည်မိမိကိုယ်ကိုအလင်းရောင်ဖြင့် လွှမ်းခြုံတော်မူပါ၏။ မိုးကောင်းကင်ကိုတဲရှင်သဖွယ်ဖြန့်တော်မူ၍
Unajifunika mwenyewe kwa nuru kama kwa mavazi; umetandaza mbingu kama pazia za hema.
3 ၃ မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
Umeweka mawinguni mihimili ya vyumba vyako; huyafanya mawingu gari lako; hutembea juu ya mbawa za upepo.
4 ၄ ကိုယ်တော်ရှင်သည်လေတို့ကိုစေတမန်များ အဖြစ်ဖြင့်လည်းကောင်း၊ လျှပ်စစ်လျှပ်နွယ်တို့ကိုအစေခံများ အဖြစ်ဖြင့်လည်းကောင်းအသုံးပြုတော် မူပါ၏။
Yeye huufanya upepo kuwa wajumbe wake, miale ya moto kuwa watumishi wake.
5 ၅ ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကို အဘယ်အခါ၌မျှမလှုပ်ရှားနိုင်စိမ့် သောငှာ အုတ်မြစ်ချ၍တည်တော်မူပါပြီ။
Aliiweka misingi ya nchi, nayo haitahamishwa kamwe.
6 ၆ ထိုနောက်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာဖြင့် ဝတ်လုံသဖွယ်ဖုံးလွှမ်းတော်မူပါ၏။ ရေသည်လည်းတောင်များကိုလွှမ်းမိုးပါ၏။
Wewe uliifunika nchi kwa maji kama kwa mavazi; maji yalifunika milima.
7 ၇ ကိုယ်တော်ရှင်ဆုံးမတော်မူလိုက်သောအခါ ရေတို့သည်ပြေးသွားကြပါ၏။ ရေတို့သည်ကိုယ်တော်ရှင်၏မိုးချုန်းသံကို ကြားသောအခါလျင်မြန်စွာစီးဆင်းသွား ကြပါ၏။
Kukemea kwako kulifanya maji kupungua; kwa sauti ya radi yako yakaondoka kasi.
8 ၈ ရေတို့သည်တောင်များပေါ်မှ ချိုင့်ဝှမ်းများသို့လည်းကောင်း၊ ကိုယ်တော်ရှင်သူတို့အတွက်ပြင်ဆင်သတ်မှတ် ထားသည့်အရပ်သို့လည်းကောင်းစီးသွား ကြပါ၏။
Milima iliinuka, na mabonde yakaenea mahali ambapo wewe ulikwisha pachagua kwa ajili yao.
9 ၉ ကမ္ဘာမြေကြီးကိုနောက်တစ်ဖန်ရေမလွှမ်းမိုးစေရန် ကိုယ်တော်ရှင်သည်ရေတို့ကူးကျော်၍မရနိုင်သည့် နယ်နိမိတ်ကိုသတ်မှတ်ပေးတော်မူပါ၏။
Umeweka mipaka kwa ajili yao ambao hayawezi kuupita; hayawezi kuifunika nchi tena.
10 ၁၀ ကိုယ်တော်ရှင်သည်ချိုင့်ဝှမ်းများတွင်စမ်းချောင်း တို့ကို ပေါ်ပေါက်စေတော်မူ၍တောများအကြားတွင် မြစ်များစီးဆင်းစေတော်မူပါ၏။
Yeye alifanya chemchemi kutiririsha maji mabondeni; mito kutiririka katikati ya milima.
11 ၁၁ ထိုမြစ်များသည်တောတိရစ္ဆာန်တို့အား သောက်ရေကိုပေးပါ၏။ မြည်းရိုင်းတို့ကိုလည်းရေငတ်ပြေစေ ပါ၏။
Inasambaza maji kwa ajili ya wanyama wote wa shambani; punda wa porini hukata kiu yao.
12 ၁၂ အနီးအနားရှိသစ်ပင်များပေါ်တွင်ငှက် တို့သည် အသိုက်လုပ်လျက်သာယာစွာအော်မြည် ကြပါ၏။
Kandokando ya mito ndege hujenga viota vyao; huimba kati ya matawi.
13 ၁၃ ကိုယ်တော်ရှင်သည်ကောင်းကင်မှတောင်များ ပေါ်သို့ မိုးရွာကျစေတော်မူသဖြင့် ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာများကိုပြည့်ဝစွာခံစားရပါ၏။
Humwagilia milima kutoka katika chumba chake cha maji mawinguni. Nchi imejazwa kwa matunda ya kazi yake.
14 ၁၄ ကိုယ်တော်သည်တောတိရစ္ဆာန်များစားဖို့ မြက်များကိုလည်းကောင်း၊ လူတို့သုံးဖို့ကောက်ပင်များကိုလည်း ကောင်း ပေါက်စေတော်မူပါ၏။ သို့ဖြစ်၍လူသည်သီးနှံပင်များကိုစိုက်ပျိုး နိုင်လျက်
Huzifanya nyasi kukua kwa ajili ya mifugo na mimea kwa ajili ya binadamu kulima ili kwamba mwanadamu aweze kuzalisha chakula toka nchini.
15 ၁၅ မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊ လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
Hutengeneza mvinyo kumfurahisha mwanadamu, mafuta yakumfanya uso wake ung'ae, na chakula kwa ajili ya kuimarisha uhai wake.
16 ၁၆ ထာဝရဘုရားစိုက်တော်မူသောကိုယ်တော်၏ သစ်ပင်များဖြစ်သည့်လေဗနုန်တောမှ အာရဇ်ပင်တို့သည်မိုးရေများစွာရရှိကြပါသည်။
Miti ya Yahwe hupata mvua nyingi; Mierezi ya Lebanoni aliyoipanda.
17 ၁၇ ထိုအရပ်တွင်ငှက်တို့သည်အသိုက်များ ပြုလုပ်ကြပါ၏။ တောငန်းတို့သည်ထင်းရှူးပင်များတွင် အသိုက်များပြုလုပ်ကြပါ၏။
Hapo ndege hutengeneza viota vyao. Na korongo, misunobari ni nyuma yake.
18 ၁၈ တောဆိတ်တို့သည်တောင်မြင့်များပေါ်တွင် နေကြပါ၏။ ခွေးတူဝက်တူတို့သည် ကျောက်တောင်စောင်းများတွင်ခိုအောင်း ကြပါ၏။
Mbuzi mwitu huishi kwenye milima mrefu; na urefu wa milima ni kimilio la wibari.
19 ၁၉ ကိုယ်တော်ရှင်သည်အချိန်ကာလကို သတ်မှတ်ရန်အတွက်လကိုဖန်ဆင်းတော်မူပါ၏။ နေသည်မိမိဝင်ရမည့်အချိန်ကိုသိပါ၏။
Aliuchagua mwezi kuweka alama ya majira; jua latambua kuchwa kwake.
20 ၂၀ ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့် မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
Wewe hufanya giza la usiku ambapo wanyama wote wa msituni hutoka nje.
21 ၂၁ ခြင်္သေ့ပျိုတို့သည်အစာရှာနေစဉ်ဟောက်ကြပါ၏။ သူတို့သည်ထာဝရဘုရားချပေးတော်မူသော အစာကိုရှာကြ၍
Wana simba huunguruma kwa ajili ya mawindo na hutafuta chakula chao kutoka kwa Mungu.
22 ၂၂ နေထွက်လာသောအခါမိမိတို့၏ သားရဲတွင်းများသို့ပြန်၍ခိုအောင်းကြပါ၏။
Jua linapochomoza, huenda zao na kujilaza mapangoni mwao.
23 ၂၃ ထိုအခါလူတို့သည်မိမိတို့အလုပ်များကို လုပ်ကိုင်ရန်ထွက်လာကာညနေချမ်းတိုင်အောင် အလုပ်လုပ်ကြပါ၏။
Wakati huo huo, watu hutoka nje kuelekea kazi zao na utumishi wake mpaka jioni.
24 ၂၄ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ ဉာဏ်ပညာတော်ဖြင့်ထိုအရာအပေါင်းတို့ကို ဖန်ဆင်းတော်မူပါ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသောသတ္တဝါများနှင့် ပြည့်လျက်ရှိပါ၏။
Yahwe, ni jinsi gani kazi zako zilivyo nyingi na za aina mbalimbali! Kwa hekima ulizifanya zote; nchi inafurika kwa kazi zako.
25 ၂၅ မရေမတွက်နိုင်သောသတ္တဝါကြီးငယ်တို့ နေထိုင်ရာ အပြောကျယ်သည့်သမုဒ္ဒရာကြီးရှိပါ၏။
Kule kuna bahari, yenye kina kirefu na pana, ikiwa na viume vingi visivyo hesabika, vyote vidogo na vikubwa.
26 ၂၆ သမုဒ္ဒရာထဲတွင်သင်္ဘောများရွက်လွှင့်ကြပါ၏။ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသည့်ရေသတ္တဝါ ကြီး လဝိသန်သည်လည်းခုန်ပေါက်မြူးတူး ပါ၏။
Meli husafili humo, na ndimo alimo Lewiathani uliye muumba acheze baharini.
27 ၂၇ ထိုတိရစ္ဆာန်များအားလုံးတို့သည်အချိန်တန်လျှင် အစာရရှိရန်ကိုယ်တော်ရှင်ကိုအားကိုးကြပါ၏။
Hawa wote hukutazama wewe uwape chakula kwa wakati.
28 ၂၈ ကိုယ်တော်ရှင်သည်သူတို့အားကျွေးမွေးတော် မူသဖြင့် သူတို့သည်စားရကြပါ၏။ ကိုယ်တော်ရှင်သည်အစာကိုချပေးတော်မူသဖြင့် သူတို့သည်ကျေနပ်ရောင့်ရဲရကြပါ၏။
Unapowapa chakula, hukusanyika; ufunguapo mkono wako, wanatosheka.
29 ၂၉ ကိုယ်တော်ရှင်သည်သူတို့ထံမှ မျက်နှာတော်ကိုလွှဲတော်မူသောအခါ သူတို့သည်ကြောက်လန့်ကြပါ၏။ ကိုယ်တော်သည်သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍မြေမှုန့်အဖြစ်သို့ပြန်လည် ရောက်ရှိသွားရကြပါ၏။
Unapouficha uso wako, wanateseka; ukiiondoa pumzi yao, wanakufa na kurudi mavumbini.
30 ၃၀ သို့ရာတွင်ကိုယ်တော်ရှင်သည်သူတို့အထဲသို့ ထွက်သက်ဝင်သက်ကိုသွင်းတော်မူသောအခါ သူတို့သည်ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည်ကမ္ဘာလောကကြီးကို အသစ်တစ်ဖန်ရှင်သန်စေပါ၏။
Unapotuma Roho yako, wanaumbwa, nawe unaifanya upya nchi.
31 ၃၁ ထာဝရဘုရား၏ဘုန်းအသရေတော်သည် ထာဝစဉ်ထွန်းတောက်တော်မူပါစေသော။ ထာဝရဘုရားသည်မိမိဖန်ဆင်းတော်မူသော အရာများအတွက် ဝမ်းမြောက်တော်မူပါစေသော။
Utukufu wa Yahwe na udumu milele; Yahwe na aufurahie uumbaji wake.
32 ၃၂ ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုကြည့် တော်မူ သောအခါကမ္ဘာမြေကြီးသည်တုန်လှုပ်ရ၏။ တောင်တို့ကိုတို့ထိတော်မူသောအခါတောင် များမှ မီးခိုးထွက်ရ၏။
Yeye hutazama nchi, nayo hutikisika; huigusa milima, nayo hutoa moshi.
33 ၃၃ ငါသည်တစ်သက်လုံးသီချင်းဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းပါမည်။ အသက်ရှင်သမျှကာလပတ်လုံးငါ၏ဘုရားအား ထောမနာသီချင်းဆိုပါမည်။
Nitamwimbia Yahwe maisha yangu yote; nitamwimbia sifa Mungu wangu nigali ninaishi.
34 ၃၄ ကိုယ်တော်သည်ငါ့ကိုဝမ်းမြောက်စေတော်မူသည် ဖြစ်၍ ငါဆိုသောသီချင်းကိုကိုယ်တော်နှစ်သက် တော်မူပါစေသော။
Mawazo yangu na yawe matamu kwake; nitafurahia katika Yahwe.
35 ၃၅ အပြစ်ကူးသူတို့သည်ကမ္ဘာမြေပေါ်မှ သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြပါစေသော။ သူယုတ်မာတို့သည်ကွယ်ပျောက်ကြပါစေသော။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားအားထောမနာပြုလော့။ ထာဝရဘုရားအားထောမနာပြုလော့။
Wenye dhambi na waondoshwe katika nchi, na waovu wasiwepo tena. Ninamsifu Yahwe maisha yangu yote. Msifuni Yahwe.