< ဆာလံ 104 >
1 ၁ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အလွန်ကြီးမြတ်တော်မူ ပါ၏။ ကိုယ်တော်ရှင်သည်တန်ခိုးတော်နှင့် ဘုန်းအသရေတော်တို့ဖြင့်တန်ဆာဆင်လျက် ရှိတော်မူပါ၏။
Louva, minha alma, ao SENHOR; ó SENHOR meu Deus, tu és grandioso; de majestade e de glória estás vestido.
2 ၂ ကိုယ်တော်ရှင်သည်မိမိကိုယ်ကိုအလင်းရောင်ဖြင့် လွှမ်းခြုံတော်မူပါ၏။ မိုးကောင်းကင်ကိုတဲရှင်သဖွယ်ဖြန့်တော်မူ၍
Tu estás coberto de luz, como que uma roupa; estendes os céus como cortinas.
3 ၃ မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
Ele, que fixou seus cômodos sobre as águas; que faz das nuvens sua carruagem; que se move sobre as asas do vento.
4 ၄ ကိုယ်တော်ရှင်သည်လေတို့ကိုစေတမန်များ အဖြစ်ဖြင့်လည်းကောင်း၊ လျှပ်စစ်လျှပ်နွယ်တို့ကိုအစေခံများ အဖြစ်ဖြင့်လည်းကောင်းအသုံးပြုတော် မူပါ၏။
Que faz de seus anjos ventos, e de seus servos fogo flamejante.
5 ၅ ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကို အဘယ်အခါ၌မျှမလှုပ်ရှားနိုင်စိမ့် သောငှာ အုတ်မြစ်ချ၍တည်တော်မူပါပြီ။
Ele fundou a terra sobre suas bases; ela jamais se abalará.
6 ၆ ထိုနောက်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာဖြင့် ဝတ်လုံသဖွယ်ဖုံးလွှမ်းတော်မူပါ၏။ ရေသည်လည်းတောင်များကိုလွှမ်းမိုးပါ၏။
Com o abismo, como um vestido, tu a cobriste; sobre os montes estavam as águas.
7 ၇ ကိုယ်တော်ရှင်ဆုံးမတော်မူလိုက်သောအခါ ရေတို့သည်ပြေးသွားကြပါ၏။ ရေတို့သည်ကိုယ်တော်ရှင်၏မိုးချုန်းသံကို ကြားသောအခါလျင်မြန်စွာစီးဆင်းသွား ကြပါ၏။
Elas fugiram de tua repreensão; pela voz de teu trovão elas se recolheram apressadamente.
8 ၈ ရေတို့သည်တောင်များပေါ်မှ ချိုင့်ဝှမ်းများသို့လည်းကောင်း၊ ကိုယ်တော်ရှင်သူတို့အတွက်ပြင်ဆင်သတ်မှတ် ထားသည့်အရပ်သို့လည်းကောင်းစီးသွား ကြပါ၏။
Os montes subiram [e] os vales desceram ao lugar que tu lhes tinha fundado.
9 ၉ ကမ္ဘာမြေကြီးကိုနောက်တစ်ဖန်ရေမလွှမ်းမိုးစေရန် ကိုယ်တော်ရှင်သည်ရေတို့ကူးကျော်၍မရနိုင်သည့် နယ်နိမိတ်ကိုသတ်မှတ်ပေးတော်မူပါ၏။
Tu [lhes] puseste um limite, que não ultrapassarão; não voltarão mais a cobrir a terra.
10 ၁၀ ကိုယ်တော်ရှင်သည်ချိုင့်ဝှမ်းများတွင်စမ်းချောင်း တို့ကို ပေါ်ပေါက်စေတော်မူ၍တောများအကြားတွင် မြစ်များစီးဆင်းစေတော်မူပါ၏။
Ele envia fontes aos vales, para que corram por entre os montes.
11 ၁၁ ထိုမြစ်များသည်တောတိရစ္ဆာန်တို့အား သောက်ရေကိုပေးပါ၏။ မြည်းရိုင်းတို့ကိုလည်းရေငတ်ပြေစေ ပါ၏။
Elas dão de beber a todos os animais do campo; os asnos selvagens matam a sede [com elas].
12 ၁၂ အနီးအနားရှိသစ်ပင်များပေါ်တွင်ငှက် တို့သည် အသိုက်လုပ်လျက်သာယာစွာအော်မြည် ကြပါ၏။
Junto a elas habitam as aves dos céus, que dão [sua] voz dentre os ramos.
13 ၁၃ ကိုယ်တော်ရှင်သည်ကောင်းကင်မှတောင်များ ပေါ်သို့ မိုးရွာကျစေတော်မူသဖြင့် ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာများကိုပြည့်ဝစွာခံစားရပါ၏။
Ele rega os montes desde seus cômodos; a terra se farta do fruto de tuas obras.
14 ၁၄ ကိုယ်တော်သည်တောတိရစ္ဆာန်များစားဖို့ မြက်များကိုလည်းကောင်း၊ လူတို့သုံးဖို့ကောက်ပင်များကိုလည်း ကောင်း ပေါက်စေတော်မူပါ၏။ သို့ဖြစ်၍လူသည်သီးနှံပင်များကိုစိုက်ပျိုး နိုင်လျက်
Ele faz brotar a erva para os animais, e as plantas para o trabalho do homem, fazendo da terra produzir o pão,
15 ၁၅ မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊ လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
E o vinho, que alegra o coração do homem, [e] faz o rosto brilhar o rosto com o azeite; com o pão, que fortalece o coração do homem.
16 ၁၆ ထာဝရဘုရားစိုက်တော်မူသောကိုယ်တော်၏ သစ်ပင်များဖြစ်သည့်လေဗနုန်တောမှ အာရဇ်ပင်တို့သည်မိုးရေများစွာရရှိကြပါသည်။
As árvores do SENHOR são fartamente [nutridas], os cedros do Líbano, que ele plantou.
17 ၁၇ ထိုအရပ်တွင်ငှက်တို့သည်အသိုက်များ ပြုလုပ်ကြပါ၏။ တောငန်းတို့သည်ထင်းရှူးပင်များတွင် အသိုက်များပြုလုပ်ကြပါ၏။
Onde as aves fazem ninhos, e os pinheiros são as casas para as cegonhas.
18 ၁၈ တောဆိတ်တို့သည်တောင်မြင့်များပေါ်တွင် နေကြပါ၏။ ခွေးတူဝက်တူတို့သည် ကျောက်တောင်စောင်းများတွင်ခိုအောင်း ကြပါ၏။
Os altos montes são para as cabras selvagens; as rochas, refúgio para os coelhos.
19 ၁၉ ကိုယ်တော်ရှင်သည်အချိန်ကာလကို သတ်မှတ်ရန်အတွက်လကိုဖန်ဆင်းတော်မူပါ၏။ နေသည်မိမိဝင်ရမည့်အချိန်ကိုသိပါ၏။
Ele fez a lua para [marcar] os tempos, e o sol sobre seu poente.
20 ၂၀ ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့် မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
Ele dá ordens à escuridão, e faz haver noite, quando saem todos os animais do mato.
21 ၂၁ ခြင်္သေ့ပျိုတို့သည်အစာရှာနေစဉ်ဟောက်ကြပါ၏။ သူတို့သည်ထာဝရဘုရားချပေးတော်မူသော အစာကိုရှာကြ၍
Os filhos dos leões, rugindo pela presa, e para buscar de Deus sua comida.
22 ၂၂ နေထွက်လာသောအခါမိမိတို့၏ သားရဲတွင်းများသို့ပြန်၍ခိုအောင်းကြပါ၏။
Quando o sol volta a brilhar, [logo] se recolhem, e vão se deitar em suas tocas.
23 ၂၃ ထိုအခါလူတို့သည်မိမိတို့အလုပ်များကို လုပ်ကိုင်ရန်ထွက်လာကာညနေချမ်းတိုင်အောင် အလုပ်လုပ်ကြပါ၏။
Então o homem sai para seu trabalho e sua obra até o entardecer.
24 ၂၄ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ ဉာဏ်ပညာတော်ဖြင့်ထိုအရာအပေါင်းတို့ကို ဖန်ဆင်းတော်မူပါ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသောသတ္တဝါများနှင့် ပြည့်လျက်ရှိပါ၏။
Como são muitas as suas obras, SENHOR! Tu fizeste todas com sabedoria; a terra está cheia de teus bens.
25 ၂၅ မရေမတွက်နိုင်သောသတ္တဝါကြီးငယ်တို့ နေထိုင်ရာ အပြောကျယ်သည့်သမုဒ္ဒရာကြီးရှိပါ၏။
Este grande e vasto mar, nele há inúmeros seres, animais pequenos e grandes.
26 ၂၆ သမုဒ္ဒရာထဲတွင်သင်္ဘောများရွက်လွှင့်ကြပါ၏။ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသည့်ရေသတ္တဝါ ကြီး လဝိသန်သည်လည်းခုန်ပေါက်မြူးတူး ပါ၏။
Por ali andam os navios e o Leviatã que formastes, para que te alegrasses nele.
27 ၂၇ ထိုတိရစ္ဆာန်များအားလုံးတို့သည်အချိန်တန်လျှင် အစာရရှိရန်ကိုယ်တော်ရှင်ကိုအားကိုးကြပါ၏။
Todos eles aguardam por ti, que [lhes] dês seu alimento a seu tempo [devido].
28 ၂၈ ကိုယ်တော်ရှင်သည်သူတို့အားကျွေးမွေးတော် မူသဖြင့် သူတို့သည်စားရကြပါ၏။ ကိုယ်တော်ရှင်သည်အစာကိုချပေးတော်မူသဖြင့် သူတို့သည်ကျေနပ်ရောင့်ရဲရကြပါ၏။
O que tu dás, eles recolhem; tu abres tua mão, [e] eles se fartam de coisas boas.
29 ၂၉ ကိုယ်တော်ရှင်သည်သူတို့ထံမှ မျက်နှာတော်ကိုလွှဲတော်မူသောအခါ သူတို့သည်ကြောက်လန့်ကြပါ၏။ ကိုယ်တော်သည်သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍မြေမှုန့်အဖြစ်သို့ပြန်လည် ရောက်ရှိသွားရကြပါ၏။
[Quando] tu escondes teu rosto, eles ficam perturbados; [quando] tu tiras o fôlego deles, [logo] eles morrem, e voltam ao seu pó.
30 ၃၀ သို့ရာတွင်ကိုယ်တော်ရှင်သည်သူတို့အထဲသို့ ထွက်သက်ဝင်သက်ကိုသွင်းတော်မူသောအခါ သူတို့သည်ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည်ကမ္ဘာလောကကြီးကို အသစ်တစ်ဖန်ရှင်သန်စေပါ၏။
Tu envias o teu fôlego, e logo são criados; e [assim] tu renovas a face da terra.
31 ၃၁ ထာဝရဘုရား၏ဘုန်းအသရေတော်သည် ထာဝစဉ်ထွန်းတောက်တော်မူပါစေသော။ ထာဝရဘုရားသည်မိမိဖန်ဆင်းတော်မူသော အရာများအတွက် ဝမ်းမြောက်တော်မူပါစေသော။
A glória do SENHOR será para sempre; alegre-se o SENHOR em suas obras.
32 ၃၂ ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုကြည့် တော်မူ သောအခါကမ္ဘာမြေကြီးသည်တုန်လှုပ်ရ၏။ တောင်တို့ကိုတို့ထိတော်မူသောအခါတောင် များမှ မီးခိုးထွက်ရ၏။
[Quando] ele olha para a terra, [logo] ela treme; [quando] ele toca nos montes, eles soltam fumaça.
33 ၃၃ ငါသည်တစ်သက်လုံးသီချင်းဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းပါမည်။ အသက်ရှင်သမျှကာလပတ်လုံးငါ၏ဘုရားအား ထောမနာသီချင်းဆိုပါမည်။
Cantarei ao SENHOR em [toda] a minha vida; tocarei música ao meu Deus enquanto eu existir.
34 ၃၄ ကိုယ်တော်သည်ငါ့ကိုဝမ်းမြောက်စေတော်မူသည် ဖြစ်၍ ငါဆိုသောသီချင်းကိုကိုယ်တော်နှစ်သက် တော်မူပါစေသော။
Meus pensamentos lhe serão agradáveis; eu me alegrarei no SENHOR.
35 ၃၅ အပြစ်ကူးသူတို့သည်ကမ္ဘာမြေပေါ်မှ သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြပါစေသော။ သူယုတ်မာတို့သည်ကွယ်ပျောက်ကြပါစေသော။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားအားထောမနာပြုလော့။ ထာဝရဘုရားအားထောမနာပြုလော့။
Os pecadores serão consumidos da terra, e os maus não existirão mais. Bendizei, ó minha alma, ao SENHOR! Aleluia!